





အီကွေဒေါရဲ့ဝါရင့်အသင်းခေါင်းဆောင်အန်နာဗလင်စီယာဟာ
ရှုံးထွက်အဆင့်မတက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး သူ့တိုင်းပြည်ကို





တောင်းပန်ရာမှာ မျက်ရည်မဆည်နိုင်ခဲ့ပါဘူး။ အီကွေဒေါဟာ
၂၀၀၆ တုန်းကလိုပဲ ၁၆ သင်းအဆင့်တက်နိုင်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့တာပါ။
”အီကွေဒေါပြည်သူအားလုံးကို ကျွန်တော်တို့ တောင်းပန်ပါတယ်။





ဒီလိုဖြစ်မယ်လို့ မထင်ထားခဲ့ပါဘူး။ ကျွန်တော်တို့စွမ်းဆောင်
နိုင်ခဲ့တာနဲ့ပတ်သက်ပြီး အရမ်းကိုကျေနပ်ခဲ့ရတာပါ။ ကံဆိုးစွာနဲ့





အီကွေဒေါရဲ့ရည်မှန်းချက်ကို ကျွန်တော်တို့ မပြည့်မီခဲ့တာပါ”လို့
ဆီနီဂေါနဲ့ပွဲအပြီးမှာ အန်နာဗလင်စီယာက မျက်ရည်စက်လက်နဲ့ပြောခဲ့ပါတယ်။
ဒါပေမဲ့လည်း ၃၃ နှစ်အရွယ် ကစားသမားဟာ သူ့တိုင်းပြည်မှာတော့





သူရဲကောင်းတစ်ယောက်ဖြစ်နေဆဲပါပဲ။ အဲဒီအီကွေဒေါသမိုင်းတစ်လျှောက်
ဂိုးအများဆုံးသွင်းသူဟာ အိမ်ရှင်အသင်းကိုနိုင်ခဲ့တဲ့ပွဲမှာ ၂ ဂိုးစလုံးသွင်းခဲ့သလို





နယ်သာလန်နဲ့ ၁-၁ သရေပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဆီနီဂေါနဲ့အုပ်စုနောက်ဆုံးပွဲမှာ သရေဆိုတာနဲ့ လုံလောက်မှာဖြစ်ပေမယ့်
အာရုံစိုက်မှုလျော့သွားတဲ့အတွက် မမျှော်လင့်ဘဲ ၂-၁ နဲ့ရှုံးခဲ့ကာ





ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။ အီကွေဒေါပြည်သူတွေကတော့ နောက်တစ်ဆင့်
မတက်လို့ ဝမ်းနည်းခဲ့ကြပေမယ့် ဒီပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၄၄ အသင်းရဲ့





စွမ်းဆောင်နိုင်မှုအတွက်တော့ ဂုဏ်ယူခဲ့ကြပါတယ်။ ”သူတို့အစွမ်းကုန်
ကြိုးစားခဲ့ကြပြီး အဆုံးသတ်မှာသာ မလုပ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အသင်းကြီးတွေနဲ့
ယှဉ်နိုင်တယ်ဆိုတာကို သူတို့ပြခဲ့ပါတယ်” ၃၆ နှစ်အရွယ် အီကွေဒေါ





ပြည်သူတစ်ယောက်က ပြောခဲ့တာပါ။ အီကွေဒေါမီဒီယာတွေကလည်း
အသင်းကို ပြောင်းလဲမှုကောင်းတွေလုပ်ပေးခဲ့တဲ့ နည်းပြအယ်ဖာရိုကို ချီးကျူးခဲ့ကြပါတယ်။





zawgyi
အီေကြေဒါျပည္သူေတြကို မ်က္ရည္စက္လက္နဲ႔ ေတာင္းပန္လိုက္တဲ့ ကပၸတိန္အန္နာဗလင္စီယာ





အီေကြေဒါရဲ႕ဝါရင့္အသင္းေခါင္းေဆာင္အန္နာဗလင္စီယာဟာ
ရႈံးထြက္အဆင့္မတက္ႏိုင္ခဲ့တာနဲ႔ပတ္သက္ၿပီး သူ႔တိုင္းျပည္ကို





ေတာင္းပန္ရာမွာ မ်က္ရည္မဆည္ႏိုင္ခဲ့ပါဘူး။ အီေကြေဒါဟာ
၂၀၀၆ တုန္းကလိုပဲ ၁၆ သင္းအဆင့္တက္ႏိုင္ဖို႔ အနီးစပ္ဆုံးျဖစ္ခဲ့တာပါ။
”အီေကြေဒါျပည္သူအားလုံးကို ကြၽန္ေတာ္တို႔ ေတာင္းပန္ပါတယ္။





ဒီလိုျဖစ္မယ္လို႔ မထင္ထားခဲ့ပါဘူး။ ကြၽန္ေတာ္တို႔စြမ္းေဆာင္
ႏိုင္ခဲ့တာနဲ႔ပတ္သက္ၿပီး အရမ္းကိုေက်နပ္ခဲ့ရတာပါ။ ကံဆိုးစြာနဲ႔





အီေကြေဒါရဲ႕ရည္မွန္းခ်က္ကို ကြၽန္ေတာ္တို႔ မျပည့္မီခဲ့တာပါ”လို႔
ဆီနီေဂါနဲ႔ပြဲအၿပီးမွာ အန္နာဗလင္စီယာက မ်က္ရည္စက္လက္နဲ႔ေျပာခဲ့ပါတယ္။
ဒါေပမဲ့လည္း ၃၃ ႏွစ္အ႐ြယ္ ကစားသမားဟာ သူ႔တိုင္းျပည္မွာေတာ့





သူရဲေကာင္းတစ္ေယာက္ျဖစ္ေနဆဲပါပဲ။ အဲဒီအီေကြေဒါသမိုင္းတစ္ေလွ်ာက္
ဂိုးအမ်ားဆုံးသြင္းသူဟာ အိမ္ရွင္အသင္းကိုႏိုင္ခဲ့တဲ့ပြဲမွာ ၂ ဂိုးစလုံးသြင္းခဲ့သလို





နယ္သာလန္နဲ႔ ၁-၁ သေရပြဲမွာလည္း ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
ဆီနီေဂါနဲ႔အုပ္စုေနာက္ဆုံးပြဲမွာ သေရဆိုတာနဲ႔ လုံေလာက္မွာျဖစ္ေပမယ့္
အာ႐ုံစိုက္မႈေလ်ာ့သြားတဲ့အတြက္ မေမွ်ာ္လင့္ဘဲ ၂-၁ နဲ႔ရႈံးခဲ့ကာ





ၿပိဳင္ပြဲက ထြက္ခဲ့ရတာပါ။ အီေကြေဒါျပည္သူေတြကေတာ့ ေနာက္တစ္ဆင့္
မတက္လို႔ ဝမ္းနည္းခဲ့ၾကေပမယ့္ ဒီၿပိဳင္ပြဲမွာ ကမာၻ႔အဆင့္ ၄၄ အသင္းရဲ႕





စြမ္းေဆာင္ႏိုင္မႈအတြက္ေတာ့ ဂုဏ္ယူခဲ့ၾကပါတယ္။ ”သူတို႔အစြမ္းကုန္
ႀကိဳးစားခဲ့ၾကၿပီး အဆုံးသတ္မွာသာ မလုပ္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့ အသင္းႀကီးေတြနဲ႔
ယွဥ္ႏိုင္တယ္ဆိုတာကို သူတို႔ျပခဲ့ပါတယ္” ၃၆ ႏွစ္အ႐ြယ္ အီေကြေဒါ





ျပည္သူတစ္ေယာက္က ေျပာခဲ့တာပါ။ အီေကြေဒါမီဒီယာေတြကလည္း
အသင္းကို ေျပာင္းလဲမႈေကာင္းေတြလုပ္ေပးခဲ့တဲ့ နည္းျပအယ္ဖာ႐ိုကို ခ်ီးက်ဴးခဲ့ၾကပါတယ္။