အိုးလ်ထရက်ဖို့ဒ်ရဲ့ အရသာကို ခံစားပြီး အသင်းမှာ ဆက်ရှိဖို့ ကာဗာနီကို ဆိုးလ်ရှား စည်းရုံးရေးဆင်းနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရိုးမားနဲပ့ွဲမှာ ၂ဂိုးသွင်းပြီး မအိုသေးကြောင်းပြသခဲ့တဲ့ နှစ်ချို့ဝိုင် ကာဗာနီကို အသင်းမှာ ဆက်ရှိနေစေဖို့အတွက် နည်းပြဆိုးလ်ရှားက အစွမ်းကုန်ဆွဲဆောင် စည်းရုံးသွားဖို့ရှိနေပါတယ်။

ကာဗာနီဟာ မန်ယူအသင်းနဲ့ လာမယ့် ဖွန်လမှာ ၁နှစ်စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့မယ့်သတင်းတွေ ထွက်ပေါ်နေသလို မန်ယူနဲ့ စာချုပ်သက်တမ်းကိစ္စလည်း
မဆွေးနွေးနိုင်သေးပါဘူး။

ဆိုးလ်ရှားက ” အိုးလ်ထရက်ဖို့ဒ်ဟာ ပရီသတ်တွေနဲ့အတူ ထူးခြားတဲ့နေရာဖြစ်တယ်ဆိုတာ ကာဗာနီကို ကျွန်တော်ပြောပြထားပါတယ်။ ကွင်းထဲမှာ ပရီသတ်တွေ ပြန်ရောက်လာတဲ့အချိန်ဆိုရင်
သူ့ရဲ့ သွင်းဂိုးတွေကို ပိုပြီး ခံစားကြည့်လို့ကောင်းမှာပါ။

မန်ချက်စတာဟာ နေလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်သလို သူ့အနေနဲ့ နောက်၁နှစ် မန်ယူအသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ထားပါတယ်။

ကျွန်တော့် စိတ်ကို သူသိသလို ဒီမှာဆက်ရှိနေစေချင်တယ်ဆိုတာလည်း သူသိပါတယ်။ မန်ယူကို မရောက်ခင် သူက ၇လလောက် ပွဲမကစားခဲ့ရဘဲ ကြံ့ခိုင်မှုရဖို့ ကြိုးစားခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ကာဗာနီဟာ ဒီရာသီမှာ မန်ယူအတွက် ၁၂ဂိုး သွင်းယူပေးထားပြီး ပရိသတ်တေကလည်း သူ့ကို အသင်းမှာ ဆက်ရှိနေစေလိုနေကြပါတယ်။

ဒါ့အပြင် မန်ယူကစားသမားဟောင်း ပေါလ်စခိုးပြောသလို အသင်းက ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့လို လူငယ်တိုက်စစ်မှုးတွေဟာ ကာဗာနီဆီကနေ

အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံနဲ့ ဂိုးသွင်းတာတွေ နေရာယူတာတွေကို သင်ယူဖို့လိုပြီး အသုံချရမှာပါ။

အခုဆိုရင် ကာဗာနီဟာ ပြီးခဲ့တဲ့ ဂန်နာဒါနဲ့ပွဲနဲ့ အခုရိုးမားအသင်းပွဲတွေမှာပါ ယူရိုပါလိဂ်မှာ ဂိုးတွေ ဆက်တိုက် သွင်းယူနေပြီး

သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ဥရောပပြိုင်ပွဲသွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ကာဗာနီရဲ႕ ဖခင်ဖြစ်သူကတော့ သူ့ရဲ့သားဟာ အင်္ဂလန်မှာ မိသားစုနဲ့ ဝေးနေရတဲ့အတွက် အသားမကျဖြစ်နေပြီး အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာကို ပြောင်းရွှေ့ကစားလိုနေတယ်လို့

ပြောကြားထားခဲ့ဖူးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အိုးလ္ထရက္ဖို႔ဒ္ရဲ႕ အရသာကို ခံစားၿပီး အသင္းမွာ ဆက္ရွိဖို႔ ကာဗာနီကို ဆိုးလ္ရွား စည္း႐ုံးေရးဆင္းေန

႐ိုးမားနဲပ့ြဲမွာ ၂ဂိုးသြင္းၿပီး မအိုေသးေၾကာင္းျပသခဲ့တဲ့ ႏွစ္ခ်ိဳ႕ဝိုင္ ကာဗာနီကို အသင္းမွာ ဆက္ရွိေနေစဖို႔အတြက္ နည္းျပဆိုးလ္ရွားက အစြမ္းကုန္ဆြဲေဆာင္ စည္း႐ုံးသြားဖို႔ရွိေနပါတယ္။

ကာဗာနီဟာ မန္ယူအသင္းနဲ႔ လာမယ့္ ဖြန္လမွာ ၁ႏွစ္စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္ၿပီး ဘိုကာဂ်ဴနီယာအသင္းကို ေျပာင္းေ႐ႊ႕မယ့္သတင္းေတြ ထြက္ေပၚေနသလို မန္ယူနဲ႔ စာခ်ဳပ္သက္တမ္းကိစၥလည္း
မေဆြးေႏြးႏိုင္ေသးပါဘူး။

ဆိုးလ္ရွားက ” အိုးလ္ထရက္ဖို႔ဒ္ဟာ ပရီသတ္ေတြနဲ႔အတူ ထူးျခားတဲ့ေနရာျဖစ္တယ္ဆိုတာ ကာဗာနီကို ကြၽန္ေတာ္ေျပာျပထားပါတယ္။ ကြင္းထဲမွာ ပရီသတ္ေတြ ျပန္ေရာက္လာတဲ့အခ်ိန္ဆိုရင္ သူ႔ရဲ႕ သြင္းဂိုးေတြကို ပိုၿပီး ခံစားၾကည့္လို႔ေကာင္းမွာပါ။ မန္ခ်က္စတာဟာ ေနလို႔ေကာင္းတဲ့ ေနရာတစ္ခုျဖစ္သလို သူ႔အေနနဲ႔ ေနာက္၁ႏွစ္ မန္ယူအသင္းမွာ ဆက္ရွိေနဖို႔ ေမွ်ာ္လင့္ထားပါတယ္။

ကြၽန္ေတာ့္ စိတ္ကို သူသိသလို ဒီမွာဆက္ရွိေနေစခ်င္တယ္ဆိုတာလည္း သူသိပါတယ္။ မန္ယူကို မေရာက္ခင္ သူက ၇လေလာက္ ပြဲမကစားခဲ့ရဘဲ ႀကံ့ခိုင္မႈရဖို႔ ႀကိဳးစားခဲ့တာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ကာဗာနီဟာ ဒီရာသီမွာ မန္ယူအတြက္ ၁၂ဂိုး သြင္းယူေပးထားၿပီး ပရိသတ္ေတကလည္း သူ႔ကို အသင္းမွာ ဆက္ရွိေနေစလိုေနၾကပါတယ္။ ဒါ့အျပင္ မန္ယူကစားသမားေဟာင္း ေပါလ္စခိုးေျပာသလို အသင္းက ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔လို လူငယ္တိုက္စစ္မႈးေတြဟာ ကာဗာနီဆီကေန အဖိုးမျဖတ္ႏိုင္တဲ့ အေတြ႕အႀကဳံနဲ႔ ဂိုးသြင္းတာေတြ ေနရာယူတာေတြကို သင္ယူဖို႔လိုၿပီး အသုံခ်ရမွာပါ။

အခုဆိုရင္ ကာဗာနီဟာ ၿပီးခဲ့တဲ့ ဂန္နာဒါနဲ႔ပြဲနဲ႔ အခု႐ိုးမားအသင္းပြဲေတြမွာပါ ယူ႐ိုပါလိဂ္မွာ ဂိုးေတြ ဆက္တိုက္ သြင္းယူေနၿပီး သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္မွာ ဥေရာပၿပိဳင္ပြဲသြင္းဂိုး ၅၀ ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။

ကာဗာနီရဲ႕ ဖခင္ျဖစ္သူကေတာ့ သူ႔ရဲ႕သားဟာ အဂၤလန္မွာ မိသားစုနဲ႔ ေဝးေနရတဲ့အတြက္ အသားမက်ျဖစ္ေနၿပီး အာဂ်င္တီးနားကလပ္ ဘိုကာဂ်ဴနီယာကို ေျပာင္းေ႐ႊ႕ကစားလိုေနတယ္လို႔ေျပာၾကားထားခဲ့ဖူးပါတယ္။