အိုးလ်ထရက်ဖို့ဒ်မှာ မိုယက်စ်အထုတ်ခံခဲ့ရတုန်းက ငိုကြွေးခဲ့တဲ့ မန်ယူကစားသမားဟောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူကွင်းလယ်လူဟောင်းဖယ်လိုင်နီက ဒေးဗစ်မိုယက်စ်ထုတ်ပယ်ခံရချိန်တုန်းက သူငိုကြွေးခဲ့ကြောင်း ဝန်ခံလိုက်ပြီး အဲဒီစကော့နည်းပြဟာ အိုးလ်ထရက်ဖို့ဒ်မှာ သူ့အပေါ်အလွန်ကောင်းခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။

မိုယက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ မေလက ဖာဂူဆန်ရဲ့ကိုင်တိုင်ရွေးချယ်မှုနဲ့ သူ့နေရာအစားဝင်ခဲ့တာဖြစ်ပြီး မန်ယူနဲ့ ၆ နှစ်စာချုပ်ဆိုခဲ့တာပါ။

ဒါပေမဲ့ ရလဒ်ဆိုးတွေကြောင့် အဲဒီဝက်စ်ဟမ်းနည်းပြဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၁၀ လသာခံခဲ့ပြီး အထုတ်ခံခဲ့ရပါတယ်။

ဖယ်လိုင်နီဟာ မိုယက်စ်လက်ထက် မန်ယူရဲ့ပထမဆုံးခေါ်ယူမှုဖြစ်ခဲ့ပြီး ၂၀၁၃ သြဂုတ်လရဲ့အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပြောင်းရွှေ့ကြေး ပေါင် ၂၇.၅ သန်းနဲ့ ရောက်လာခဲ့တာပါ။

”သူ အထုတ်ခံခဲ့ရချိန်တုန်းက ကျွန်တော်ဝမ်းနည်းခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ သူဘယ်လောက် အောင်မြင်ချင်တယ်ဆိုတာ ကျွန်တော်သိလို့ပါ။

သူဟာ ကျွန်တော့်ကို အင်္ဂလန်ခေါ်လာခဲ့ပြီး အဲဒီနောက် ကမ္ဘာပေါ်က အကြီးဆုံးကလပ်အသင်းတွေထဲက တစ်ခုဖြစ်တဲ့ မန်ယူဆီ ခေါ်ခဲ့တာပါ။

အချိန်ပေးမယ်ဆိုရင် မိုယက်စ်ဟာ အသင်းကောင်းတစ်သင်းအဖြစ် လုပ်ပေးနိုင်မှာလို့ ကျွန်တော်အရင်ကတည်းက ပြောခဲ့ပါတယ်။

ဒီရာသီ ဝက်စ်ဟမ်းပွဲတွေကို ကျွန်တော်နည်းနည်းကြည့်ဖူးပြီး သူတို့ဟာ အနိုင်ယူဖို့ခက်တဲ့အသင်းတစ်သင်းဖြစ်လာတာပါ။

ရိုးရိုးသားသားပြောရရင် မန်ယူမှာ မိုယက်စ်အထုတ်ခံရတုန်းက ကျွန်တော်ငိုကြွေးခဲ့ပါတယ်။

သူအကြာကြီးရှိနေမှာလို့ ကျွန်တော်ထင်ခဲ့တာပါ။

အဲဒါဟာ ဝမ်းနည်းစရာနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။

သူက အားလုံးကို နှုတ်မဆက်ခင်မှာ သူ့ရုံးခန်းကိုသွားပြီး ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်၊ မိုယက်စ်ဟာ စိတ်သဘောထားအရမ်းကောင်းတဲ့သူပါ။

အဲဒါကြောင့်လည်း မန်ယူမှာ မအောင်မြင်တာဖြစ်မှာပါ။

ဘာကြောင့်လဲဆို သူက အရမ်းကောင်းလို့လေ”လို့ အင်တာဗျူးတစ်ခုမှာ ဖယ်လိုင်နီက ဖွင့်ဟခဲ့တာပါ။

မိုယက်စ်ဟာ မန်ယူက အထုတ်ခံခဲ့ရပြီးတဲ့နောက် ဆိုစီဒက်၊ ဆန်းဒါးလန်းနဲ့ ပထမအကြိမ်ဝက်စ်ဟမ်းတို့မှာလည်း မအောင်မြင်ခဲ့ပါဘူး။

တစ်ကျော့ပြန်ဝက်စ်ဟမ်းနည်းပြဘဝမှာမှ မိုယက်စ်ဟာ ရလဒ်ကောင်းတွေနဲ့ တည်ငြိမ်တဲ့နည်းပြဘဝကို ပြန်ရခဲ့တာပါ။

ဖယ်လိုင်နီကတော့ တရုတ်စူပါလိဂ်အသင်းရှန်ဒေါင်းလူနန်ကိုမပြောင်းခင် ၂၀၁၉ ဖေဖော်ဝါရီလအထိ မန်ယူမှာ ဆက်ရှိခဲ့ပါတယ်။

အဲဒီဘယ်လ်ဂျီယံသားဟာ မန်ယူအတွက် ၁၇၇ ပွဲမှာ ၂၂ ဂိုးသွင်း၊ ၁၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အိုးလ္ထရက္ဖို႔ဒ္မွာ မိုယက္စ္အထုတ္ခံခဲ့ရတုန္းက ငိုေႂကြးခဲ့တဲ့ မန္ယူကစားသမားေဟာင္း

မန္ယူကြင္းလယ္လူေဟာင္းဖယ္လိုင္နီက ေဒးဗစ္မိုယက္စ္ထုတ္ပယ္ခံရခ်ိန္တုန္းက သူငိုေႂကြးခဲ့ေၾကာင္း ဝန္ခံလိုက္ၿပီး အဲဒီစေကာ့နည္းျပဟာ အိုးလ္ထရက္ဖို႔ဒ္မွာ သူ႔အေပၚအလြန္ေကာင္းခဲ့ေၾကာင္း ဖြင့္ဟလိုက္ပါတယ္။
မိုယက္စ္ဟာ ၿပီးခဲ့တဲ့ ၂၀၁၃ ေမလက ဖာဂူဆန္ရဲ႕ကိုင္တိုင္ေ႐ြးခ်ယ္မႈနဲ႔ သူ႔ေနရာအစားဝင္ခဲ့တာျဖစ္ၿပီး မန္ယူနဲ႔ ၆ ႏွစ္စာခ်ဳပ္ဆိုခဲ့တာပါ။

ဒါေပမဲ့ ရလဒ္ဆိုးေတြေၾကာင့္ အဲဒီဝက္စ္ဟမ္းနည္းျပဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ၁၀ လသာခံခဲ့ၿပီး အထုတ္ခံခဲ့ရပါတယ္။ ဖယ္လိုင္နီဟာ မိုယက္စ္လက္ထက္ မန္ယူရဲ႕ပထမဆုံးေခၚယူမႈျဖစ္ခဲ့ၿပီး ၂၀၁၃ ၾသဂုတ္လရဲ႕အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၇.၅ သန္းနဲ႔ ေရာက္လာခဲ့တာပါ။

”သူ အထုတ္ခံခဲ့ရခ်ိန္တုန္းက ကြၽန္ေတာ္ဝမ္းနည္းခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူဘယ္ေလာက္ ေအာင္ျမင္ခ်င္တယ္ဆိုတာ ကြၽန္ေတာ္သိလို႔ပါ။ သူဟာ ကြၽန္ေတာ့္ကို အဂၤလန္ေခၚလာခဲ့ၿပီး အဲဒီေနာက္ ကမာၻေပၚက အႀကီးဆုံးကလပ္အသင္းေတြထဲက တစ္ခုျဖစ္တဲ့ မန္ယူဆီ ေခၚခဲ့တာပါ။

အခ်ိန္ေပးမယ္ဆိုရင္ မိုယက္စ္ဟာ အသင္းေကာင္းတစ္သင္းအျဖစ္ လုပ္ေပးႏိုင္မွာလို႔ ကြၽန္ေတာ္အရင္ကတည္းက ေျပာခဲ့ပါတယ္။ ဒီရာသီ ဝက္စ္ဟမ္းပြဲေတြကို ကြၽန္ေတာ္နည္းနည္းၾကည့္ဖူးၿပီး သူတို႔ဟာ အႏိုင္ယူဖို႔ခက္တဲ့အသင္းတစ္သင္းျဖစ္လာတာပါ။

႐ိုး႐ိုးသားသားေျပာရရင္ မန္ယူမွာ မိုယက္စ္အထုတ္ခံရတုန္းက ကြၽန္ေတာ္ငိုေႂကြးခဲ့ပါတယ္။ သူအၾကာႀကီးရွိေနမွာလို႔ ကြၽန္ေတာ္ထင္ခဲ့တာပါ။ အဲဒါဟာ ဝမ္းနည္းစရာေန႔တစ္ေန႔ျဖစ္ခဲ့ပါတယ္။

သူက အားလုံးကို ႏႈတ္မဆက္ခင္မွာ သူ႔႐ုံးခန္းကိုသြားၿပီး ကြၽန္ေတာ္ႏႈတ္ဆက္ခဲ့ပါတယ္၊ မိုယက္စ္ဟာ စိတ္သေဘာထားအရမ္းေကာင္းတဲ့သူပါ။ အဲဒါေၾကာင့္လည္း မန္ယူမွာ မေအာင္ျမင္တာျဖစ္မွာပါ။ ဘာေၾကာင့္လဲဆို သူက အရမ္းေကာင္းလို႔ေလ”လို႔ အင္တာဗ်ဴးတစ္ခုမွာ ဖယ္လိုင္နီက ဖြင့္ဟခဲ့တာပါ။

မိုယက္စ္ဟာ မန္ယူက အထုတ္ခံခဲ့ရၿပီးတဲ့ေနာက္ ဆိုစီဒက္၊ ဆန္းဒါးလန္းနဲ႔ ပထမအႀကိမ္ဝက္စ္ဟမ္းတို႔မွာလည္း မေအာင္ျမင္ခဲ့ပါဘူး။

တစ္ေက်ာ့ျပန္ဝက္စ္ဟမ္းနည္းျပဘဝမွာမွ မိုယက္စ္ဟာ ရလဒ္ေကာင္းေတြနဲ႔ တည္ၿငိမ္တဲ့နည္းျပဘဝကို ျပန္ရခဲ့တာပါ။ ဖယ္လိုင္နီကေတာ့ တ႐ုတ္စူပါလိဂ္အသင္းရွန္ေဒါင္းလူနန္ကိုမေျပာင္းခင္ ၂၀၁၉ ေဖေဖာ္ဝါရီလအထိ မန္ယူမွာ ဆက္ရွိခဲ့ပါတယ္။

အဲဒီဘယ္လ္ဂ်ီယံသားဟာ မန္ယူအတြက္ ၁၇၇ ပြဲမွာ ၂၂ ဂိုးသြင္း၊ ၁၂ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။