အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်အနိုင်ရထားတောင် မလိုအပ်ဘဲ ကြေးပြင်းလာတဲ့စီးတီး(စီးတီး – ယူနိုက်တက် ကာရာဘောင်ဖလားပွဲကြိုခန့်မှန်းချက်)

Photo Credit

Photo Credit

ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် (ဒု-အကျော့)
ပ-အကျော့ (ယူနိုက်တက် ၁-၃ စီးတီး)
ကစားမယ့်နေ့ – ၃၀.၁.၂၀၂၀(ကြာသပတေး)
ကစားမယ့်အချိန် – နံနက် ၂း၁၅
ကစားမယ့်ကွင်း – အီတီဟတ်ကွင်း

Photo Credit

ထူးခြားချက်များ
—————–
– စီးတီးကွင်းမှာ ကစားခဲ့တဲ့ပြိုင်ပွဲစုံနောက်ဆုံး ၁၁ပွဲဆက် နှစ်သင်းစလုံး ဂိုးသွင်းထား။
– မန်ချက်စတာဒါဘီနောက်ဆုံး ၅ပွဲအနက် ၂သင်းစလုံးဂိုးသွင်းယူနိုင်တဲ့ပွဲ ၄ပွဲရှိထား။
– စီးတီးဟာ အိမ်ကွင်းနောက်ဆုံး ၁၀ပွဲအနက် တစ်ပွဲပျမ်းမျှသွင်းဂိုး ၂.၃ ဂိုးရှိသလို ပေးဂိုးကလည်း တစ်ပွဲပျမ်းမျှ ၁ဂိုးနှုန်းရှိထား။
– ယူနိုက်တက်ဟာ ပြိုင်ပွဲစုံအဝေးကွင်း နောက်ဆုံး ၁၀ပွဲအနက် ၅ပွဲအထိအရေးနိမ့်ထား။

Photo Credit

ပ-အကျော့ရလဒ်က စီးတီးကို အသက်ရှူချောင်စေ
————————————————
အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပ-အကျော့ပွဲမှာ စီးတီးနည်းပြဂွါဒီယိုလာ အသုံးပြုခဲ့တဲ့ နည်းဗျူဟာက အားလုံးကို အံ့အားသင့်စေခဲ့ပြီး အထောင်တိုက်စစ်မှူးစစ်စစ် တစ်ဦးမှမပါဘဲ ဘာနာဒိုဆေးလ်ဗားနဲ့ ဒီဘရိုင်းတို့ကို False 9 ပုံစံ ထားကစားသွားခဲ့တာဖြစ်ပါတယ်။

Photo Credit

အဲဒီပွဲမှာ စီးတီးက အသာစီးရယူကာ ၁-၃ ဂိုးနဲ့အနိုင်ရခဲ့ပြီး လက်ရှိအချိန်မှာလည်း ဒဏ်ရာရကစားသမားများပြားနေတဲ့ ဒါဘီပြိုင်ဘက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ စီးတီးအတွက် ပရီးမီးယားလိဂ်ချန်ပီယံကာကွယ်ရေးမျှော်လင့်ချက် အတော်လေးနည်းနေပေမယ့် ဖိအားသိပ်မရှိဘဲ ပြိုင်ပွဲစုံနောက်ဆုံး ၉ပွဲအနက် ၈ပွဲအထိအနိုင်ရထားသလို လက်ကျန်ဖလားပြိုင်ပွဲ ၃ ခုမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။

Photo Credit

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အသင်းငယ်လေး ထရန်မဲကို ၆ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ယူနိုက်တက်ပရိသတ်တွေကတော့ သူတို့ရဲ့အသင်းအပေါ် အများကြီးမျှော်လင့်မထားဘဲ ဘန်လေကို အိမ်ကွင်းမှာ ဝ-၂ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာက အခုထိပြောစရာဖြစ်နေဆဲပါပဲ။ ယူနိုက်တက်ဟာ အဝေးကွင်းနောက်ဆုံး ၁၀ပွဲမှာ ၃ပွဲပဲအနိုင်ရထားပြီး ၅ပွဲရှုံးနိမ့်ထားကာ ပေးဂိုးမရှိပွဲကလည်း ၃ပွဲပဲရှိခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်က ပ-အကျော့အိမ်ကွင်းမှာ ၂ဂိုးပြတ်အရေးနိမ့်ထားလို့ ဗိုလ်လုပွဲတက်ရောက်နိုင်ရေးအတွက် ဒီပွဲမှာ ဂိုးပြတ်အနိုင်ရဖို့ လိုအပ်နေပြီး ဒီအတွက်ကြောင့်ပဲ အီတီဟတ်မှာ ခံစစ်ပိတ်ကစားလာဖို့မရှိပါဘူး။ ကြေးအနေအထားအရလည်း စီးတီးက ဒီပွဲမှာ ၁ဂိုးပြတ်ရှုံးလို့ရသေးတဲ့အနေအထားမှာတောင် အကျောပေးမှုက အတော်လေးပြင်းနေပါတယ်။

Photo Credit

အခုလောလောဆယ် စီးတီးက မူလဖွင့်လှစ်မှု ၁-၆၅ ကနေ ၁-၁၀၀ ဖြစ်လာပြီး ယူနိုက်တက်က တိုက်စစ်ဖွင့်ကစားရမှာဖြစ်လို့ ဂိုးပေါင်းကလည်း ၃-၁၅ ကနေ ၃-၃၅ ဖြစ်လာပါတယ်။ ပြောရရင် ဘော်ဒီရော ဂိုးပေါင်းပါ ဝင်ရိုးတစ်ဆင့်စီ မြင့်တက်လာပါတယ်။ ဒိုင်တွေက ယူနိုက်တက်ဘက် ထိုးသားတွေ တစ်ခြမ်းစောင်းလာအောင် စီးတီးရဲ့အကျောပေးမှုကို မလိုအပ်ဘဲ မြှင့်လိုက်တာဖြစ်ပြီး ဘော်ဒီအပေါ်ပဲ ကစားတာ ပိုကောင်းပါတယ်။

Photo Credit

Zawgyi

အိုးထရက္ဖုိ႔ဒ္မွာ ဂိုးျပတ္အႏုိင္ရထားေတာင္ မလိုအပ္ဘဲ ေၾကးျပင္းလာတဲ့စီးတီး(စီးတီး – ယူႏုိက္တက္ ကာရာေဘာင္ဖလားပြဲႀကိဳခန္႔မွန္းခ်က္)

ကာရာေဘာင္ဖလား ဆီမီးဖုိင္နယ္ (ဒု-အေက်ာ့)
ပ-အေက်ာ့ (ယူႏုိက္တက္ ၁-၃ စီးတီး)
ကစားမယ့္ေန႔ – ၃၀.၁.၂၀၂၀(ၾကာသပေတး)
ကစားမယ့္အခ်ိန္ – နံနက္ ၂း၁၅
ကစားမယ့္ကြင္း – အီတီဟတ္ကြင္း

ထူးျခားခ်က္မ်ား
—————–
– စီးတီးကြင္းမွာ ကစားခဲ့တဲ့ၿပိဳင္ပြဲစုံေနာက္ဆုံး ၁၁ပဲြဆက္ ႏွစ္သင္းစလုံး ဂိုးသြင္းထား။
– မန္ခ်က္စတာဒါဘီေနာက္ဆုံး ၅ပဲြအနက္ ၂သင္းစလုံးဂုိးသြင္းယူႏုိင္တဲ့ပြဲ ၄ပဲြရွိထား။
– စီးတီးဟာ အိမ္ကြင္းေနာက္ဆုံး ၁၀ပဲြအနက္ တစ္ပြဲပ်မ္းမွ်သြင္းဂိုး ၂.၃ ဂုိးရွိသလုိ ေပးဂုိးကလည္း တစ္ပဲြပ်မ္းမွ် ၁ဂိုးႏႈန္းရွိထား။
– ယူႏုိက္တက္ဟာ ၿပိဳင္ပဲြစုံအေ၀းကြင္း ေနာက္ဆုံး ၁၀ပဲြအနက္ ၅ပြဲအထိအေရးနိမ့္ထား။

ပ-အေက်ာ့ရလဒ္က စီးတီးကို အသက္႐ွဴေခ်ာင္ေစ
————————————————
အိုးထရက္ဖုိ႔ဒ္မွာ ကစားခဲ့တဲ့ပ-အေက်ာ့ပြဲမွာ စီးတီးနည္းျပဂြါဒီယိုလာ အသုံးျပဳခဲ့တဲ့ နည္းဗ်ဴဟာက အားလုံးကို အံ့အားသင့္ေစခဲ့ၿပီး အေထာင္တုိက္စစ္မွဴးစစ္စစ္ တစ္ဦးမွမပါဘဲ ဘာနာဒိုေဆးလ္ဗားနဲ႔ ဒီဘ႐ိုင္းတုိ႔ကို False 9 ပုံစံ ထားကစားသြားခဲ့တာျဖစ္ပါတယ္။
အဲဒီပဲြမွာ စီးတီးက အသာစီးရယူကာ ၁-၃ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး လက္ရွိအခ်ိန္မွာလည္း ဒဏ္ရာရကစားသမားမ်ားျပားေနတဲ့ ဒါဘီၿပိဳင္ဘက္ကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ပါတယ္။ စီးတီးအတြက္ ပရီးမီးယားလိဂ္ခ်န္ပီယံကာကြယ္ေရးေမွ်ာ္လင့္ခ်က္ အေတာ္ေလးနည္းေနေပမယ့္ ဖိအားသိပ္မရွိဘဲ ၿပိဳင္ပဲြစုံေနာက္ဆုံး ၉ပြဲအနက္ ၈ပြဲအထိအႏုိင္ရထားသလုိ လက္က်န္ဖလားၿပိဳင္ပဲြ ၃ ခုမွာလည္း ဗိုလ္စဲြဖို႔ ေရပန္းစားေနပါတယ္။
ၿပီးခဲ့တဲ့တနဂၤေႏြေန႔မွာ အသင္းငယ္ေလး ထရန္မဲကို ၆ဂိုးျပတ္အႏုိင္ရခဲ့ေပမယ့္ ယူႏုိက္တက္ပရိသတ္ေတြကေတာ့ သူတုိ႔ရဲ႕အသင္းအေပၚ အမ်ားႀကီးေမွ်ာ္လင့္မထားဘဲ ဘန္ေလကို အိမ္ကြင္းမွာ ၀-၂ဂိုးနဲ႔ အေရးနိမ့္ခဲ့ရတာက အခုထိေျပာစရာျဖစ္ေနဆဲပါပဲ။ ယူႏုိက္တက္ဟာ အေ၀းကြင္းေနာက္ဆုံး ၁၀ပဲြမွာ ၃ပဲြပဲအႏိုင္ရထားၿပီး ၅ပြဲ႐ံႈးနိမ့္ထားကာ ေပးဂိုးမရွိပဲြကလည္း ၃ပြဲပဲရွိခဲ့ပါတယ္။
ယူႏိုက္တက္က ပ-အေက်ာ့အိမ္ကြင္းမွာ ၂ဂိုးျပတ္အေရးနိမ့္ထားလုိ႔ ဗိုလ္လုပဲြတက္ေရာက္ႏိုင္ေရးအတြက္ ဒီပဲြမွာ ဂိုးျပတ္အႏိုင္ရဖို႔ လိုအပ္ေနၿပီး ဒီအတြက္ေၾကာင့္ပဲ အီတီဟတ္မွာ ခံစစ္ပိတ္ကစားလာဖို႔မရွိပါဘူး။ ေၾကးအေနအထားအရလည္း စီးတီးက ဒီပြဲမွာ ၁ဂိုးျပတ္႐ံႈးလို႔ရေသးတဲ့အေနအထားမွာေတာင္ အေက်ာေပးမႈက အေတာ္ေလးျပင္းေနပါတယ္။
အခုေလာေလာဆယ္ စီးတီးက မူလဖြင့္လွစ္မႈ ၁-၆၅ ကေန ၁-၁၀၀ ျဖစ္လာၿပီး ယူႏုိက္တက္က တုိက္စစ္ဖြင့္ကစားရမွာျဖစ္လုိ႔ ဂိုးေပါင္းကလည္း ၃-၁၅ ကေန ၃-၃၅ ျဖစ္လာပါတယ္။ ေျပာရရင္ ေဘာ္ဒီေရာ ဂိုးေပါင္းပါ ၀င္႐ိုးတစ္ဆင့္စီ ျမင့္တက္လာပါတယ္။ ဒုိင္ေတြက ယူႏုိက္တက္ဘက္ ထိုးသားေတြ တစ္ျခမ္းေစာင္းလာေအာင္ စီးတီးရဲ႕အေက်ာေပးမႈကို မလုိအပ္ဘဲ ျမႇင့္လုိက္တာျဖစ္ၿပီး ေဘာ္ဒီအေပၚပဲ ကစားတာ ပိုေကာင္းပါတယ္။