အိုဝင် ဟားဂရေ့ဗ်ပြောလာတဲ့ ယူနိုက်တက်တို့ ရောက်ရှိမယ့်အဆင့်အနေအထား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပြီးခဲ့တဲ့နှစ်ကတည်းက မျှော်လင့်ပြောဆိုလာခဲ့ကြတဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ဟာမကြာမီကာလ မှာပြီးဆုံးတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ သူတို့အားပေးတဲ့အသင်းကို ဘယ်သူတွေကိုတော့ ရောင်းချသင့်တယ်၊ ဘယ်ကစားသမားတွေကိုတော့ခေါ်ယူသင့်တယ် ဆိုပြီး အကြံဉာဏ်တွေဝိုင်းပေးကြပေမယ့် ယူနိုက်တက်အသင်းက တာဝန်ရှိသူတွေရဲ့လုပ်ဆောင်ချက်တွေ ကတော့ အားရစရာမကောင်းဘဲဖြစ်နေပါတယ်။

photo internet

အသင်းအတွက်လုံလောက်တဲ့ငွေကြေး စိုက်ထုတ်မသုံးစွဲတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ဂလေဇာမိသားစု ကိုဆန္ဒပြတာတွေရှိလာပါပြီ။ အခုလည်း မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ အိုဝင် ဟား ဂရေ့ဗ် က နည်းပြ ဆိုးလ်ရှားအနေနဲ့အပြောင်း အရွှေ့ဈေးကွက်ရဲ့အကူအညီကို ယူရမယ်လို့အကြံပြုပြောဆိုလာပါတယ်။ ဟားဂရေ့ဗ်က ဆိုးလ်ရှားသာ ဒီဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူခွင့် မရရှိခဲ့ရင် ယူနိုက်တက်အနေနဲ့ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ အမြင့်ဆုံး မျှော်မှန်း နိုင်မယ့် အရာ က အဆင့် 5 နေရာသာ ဖြစ်လိမ့်မယ် လို့ လည်းပြောဆိုလာခဲ့ပါတယ်။

photo internet

“ဆိုးလ်ရှားအနေနဲ့ ကစားသမားခေါ်ယူတာကနေ အထောက်အပံ့ အရေးတကြီးလိုအပ်နေပါတယ်။ ဟာရဲရားနဲ့ဖယ်လီနီထွက်ခွာသွားသလို ၊ လူကာကူနဲ့ ဆန်းချက်ဇ်လည်း မရှိတော့တဲ့အချိန်မှာ သူတို့နေရာ တွေအတွက် ပြန်အစားထိုးတာ မလုပ်နိုင်ခဲ့ပါဘူး။ အခုဆိုရင် ဒဏ်ရာရကစားသမား အရေအတွက် ကလည်းမနည်းပါဘူး။ အသင်းကအားထားရတဲ့ ရက်ရှ်ဖို့၊ပေါ့ဘာ၊တော်မီနေးတို့ဒဏ်ရာတွေရထားကြပါတယ်။ အဓိက ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ကစားသမား ပြန်လည်စုဆောင်းမှု မလုပ်နိုင်ရင် ဒီလူစာရင်းနဲ့ ယူနိုက်တက်ဟာအဆင့် ၅ ရတာတောင် အတောင်ကြီးကောင်းနေပြီလို့ ကျွန်တော်ထင်ပါတယ်။ အမှတ်ပေးဇယားရဲ့အနေအထားအရ အဆင့် ၅ နဲ့ အဆင့် ၁၄ က အမှတ်ခြားနားကွာဟမှုက ၄ မှတ် သာရှိပါတယ်။ယူနိုက်တက်တို့ ဒီထက် ပိုပြီး အမြင့်တက် နိုင်ဖို့ လမ်းစ မမြင်ရပါဘူး ။ ဒီ ပုံစံ အတိုင်းသာ ဆိုရင် ဇယား အောက်ကို ဆင်းနိုင်ခြေ ပဲ ပိုများ နေပါတယ် ။ ဒါဟာ အတော်ကို စိုးရိမ်စရာကောင်းတဲ့ အနေအထားပါ ” ဆိုပြီးအိုဝင် ဟားဂရေ့ဗ်ကပြောပါတယ်။

photo internet

အိုဝင် ဟားဂရေ့ဗ်ပြောသလို ဘောလုံးသုံးသပ်သူအတော်များများကလည်း ယူနိုက်တက်ကိုအဲလိုအကြံတွေ ပေးကြပါတယ်။ ယူနိုက်တက် အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေ၊အသင်း ပိုင်ရှင်တွေနဲ့ နည်းပြ ဖြစ်သူတို့အနေနဲ့ အပြောင်းအရွှေ့ ကာလအတွင်း လိုအပ်ချက်တွေကိုလျင်လျင်မြန်မြန်လုပ်ဆောင်ဖို့လိုနေပေမယ့် နည်းပြဆိုးလ်ရှား ကတော့ အနာဂတ်အတွက်မျှော်ကြည့်ပြီးတော့သာ ရေရှည်မှာအကောင်းဆုံးဖြစ်ဖို့အတွက် မူဝါဒအတိုင်းအပြောင်းအရွှေ့အနေအထားကိုလုပ်ဆောင်နေကြောင်း ပြောဆိုထားပါတယ်။ ယူနိုက်တက် အသင်း အနေနဲ့ အပြောင်းအရွှေ့ ရာသီ မကုန်ဆုံးခင် လိုအပ် နေတဲ့ ကစားသမားတွေကို အရ ခေါ်ယူ နိုင်မယ်ဆိုရင် ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ရေး အတွက် မျှော်လင့်ချက် ဖြစ်စေ နိုင် လိမ့်မယ်လို့လည်း အိုဝင် ဟားဂရေ့ဗ်ကမှတ်ချက်ပြုထားပါတယ်။

photo internet

လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲ ရဲ့ ပွဲစဉ် 24 အထိ ပြီးဆုံး သွားတဲ့ အချိန် မှာတော့ ယူနိုက်တက် အသင်း ဟာ ပွဲကျန် တစ်ပွဲ ကစား ရဖို့ ရှိနေ သေးတဲ့ အမှတ်ပေး ဇယား ထိပ်မှ လီဗာပူး အသင်း ရဲ့အောက် 33 မှတ် အကွာ ၊ အဆင့် 4 နေရာ မှ ချဲလ်ဆီး အသင်း အောက် 6 မှတ် အကွာ ကို ရောက်ရှိ နေခဲ့ ရပါတယ် ။ ယူနိုက်တက် အသင်းဟာ ရှေ့ပွဲစဉ်တွေမှာ ရလဒ်ဆိုးခဲ့ပေမယ့် ထရန်မီယာအသင်းကိုတော့ ၆ ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး FA ဖလား နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။ ယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ လိဂ်ဖလား ဒုတိယအကျော့ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး၊တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲအဖြစ် ဝုဗ်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

အို၀င္ ဟားဂေရ႕ဗ္ေျပာလာတဲ့ ယူႏိုက္တက္တို႔ ေရာက္ရိွမယ့္အဆင့္အေနအထား

ၿပီးခဲ့တဲ့ႏွစ္ကတည္းက ေမွ်ာ္လင့္ေျပာဆိုလာခဲ့ၾကတဲ့ ဇန္န၀ါရီအေျပာင္းအေရႊ႕ေစ်းကြက္ဟာမၾကာမီကာလ မွာၿပီးဆုံးေတာ့မွာျဖစ္ပါတယ္။ ယူႏို္က္တက္ပရိသတ္ေတြကေတာ့ သူတို႔အားေပးတဲ့အသင္းကို ဘယ္သူေတြကိုေတာ့ ေရာင္းခ်သင့္တယ္၊ ဘယ္ကစားသမားေတြကိုေတာ့ေခၚယူသင့္တယ္ ဆိုၿပီး အႀကံဥာဏ္ေတြ၀ိုင္းေပးၾကေပမယ့္ ယူႏိုက္တက္အသင္းက တာ၀န္ရိွသူေတြရဲ႕လုပ္ေဆာင္ခ်က္ေတြ ကေတာ့ အားရစရာမေကာင္းဘဲျဖစ္ေနပါတယ္။ အသင္းအတြက္လုံေလာက္တဲ့ေငြေၾကး စိုက္ထုတ္မသုံးစြဲတာနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြက ဂေလဇာမိသားစုကိုဆႏၵျပတာေတြရိွလာပါၿပီ။ အခုလည္း မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ရဲ႕ ကြင္းလယ္ ကစားသမားေဟာင္း တစ္ဦး ျဖစ္တဲ့ အိုဝင္ ဟား ဂေရ႕ဗ္ က နည္းျပ ဆိုးလ္ရွားအေနနဲ႔အေျပာင္းအေရႊ႕ေစ်းကြက္ရဲ႕အကူအညီကို ယူရမယ္လို႔အႀကံျပဳေျပာဆိုလာပါတယ္။ ဟားဂေရ႕ဗ္က ဆိုးလ္ရွားသာ ဒီဇန္နဝါရီအေျပာင္းအေရႊ႕မွာ ကစားသမား ေခၚယူခြင့္ မရရွိခဲ့ရင္ ယူႏိုက္တက္အေနနဲ႔ ပရီးမီးယား လိဂ္ ၿပိဳင္ပြဲ မွာ အျမင့္ဆုံး ေမွ်ာ္မွန္း ႏိုင္မယ့္ အရာ က အဆင့္ 5 ေနရာသာ ျဖစ္လိမ့္မယ္ လို႔ လည္းေျပာဆိုလာခဲ့ပါတယ္။

“ဆိုးလ္ရွားအေနနဲ႔ ကစားသမားေခၚယူတာကေန အေထာက္အပံ့ အေရးတႀကီးလိုအပ္ေနပါတယ္။ ဟာရဲရားနဲ႔ဖယ္လီနီထြက္ခြာသြားသလို ၊ လူကာကူနဲ႔ ဆန္းခ်က္ဇ္လည္း မရွိေတာ့တဲ့အခ်ိန္မွာ သူတို႔ေနရာ ေတြအတြက္ ျပန္အစားထိုးတာ မလုပ္ႏိုင္ခဲ့ပါဘူး။ အခုဆိုရင္ ဒဏ္ရာရကစားသမား အေရအတြက္ ကလည္းမနည္းပါဘူး။ အသင္းကအားထားရတဲ့ ရက္ရွ္ဖုိ႔၊ေပါ့ဘာ၊ေတာ္မီေနးတို႔ဒဏ္ရာေတြရထားၾကပါတယ္။ အဓိက ကစားသမားေတြ ဒဏ္ရာရေနတာေၾကာင့္ ကစားသမား ျပန္လည္စုေဆာင္းမႈ မလုပ္ႏိုင္ရင္ ဒီလူစာရင္းနဲ႔ ယူႏိုက္တက္ဟာအဆင့္ ၅ ရတာေတာင္ အေတာင္ႀကီးေကာင္းေနၿပီလို႔ ကၽြန္ေတာ္ထင္ပါတယ္။ အမွတ္ေပးဇယားရဲ႕အေနအထားအရ အဆင့္ ၅ နဲ႔ အဆင့္ ၁၄ က အမွတ္ျခားနားကြာဟမႈက ၄ မွတ္ သာရွိပါတယ္။ယူႏိုက္တက္တို႔ ဒီထက္ ပိုၿပီး အျမင့္တက္ ႏိုင္ဖို႔ လမ္းစ မျမင္ရပါဘူး ။ ဒီ ပုံစံ အတိုင္းသာ ဆိုရင္ ဇယား ေအာက္ကို ဆင္းႏိုင္ေျခ ပဲ ပိုမ်ား ေနပါတယ္ ။ ဒါဟာ အေတာ္ကို စိုုးရိမ္စရာေကာင္းတဲ့ အေနအထားပါ ” ဆုိၿပီးအို၀င္ ဟားဂေရ႕ဗ္ကေျပာပါတယ္။
အို၀င္ ဟားဂေရ႕ဗ္ေျပာသလုိ ေဘာလုံးသုံးသပ္သူအေတာ္မ်ားမ်ားကလည္း ယူႏိုက္တက္ကိုအဲလိုအႀကံေတြ ေပးၾကပါတယ္။ ယူႏိုက္တက္ အသင္းရဲ႕ ဘုတ္အဖြဲ႕ဝင္ေတြ၊အသင္း ပိုင္ရွင္ေတြနဲ႔ နည္းျပ ျဖစ္သူတို႔အေနနဲ႔ အေျပာင္းအေ႐ႊ႕ ကာလအတြင္း လိုအပ္ခ်က္ေတြကိုလ်င္လ်င္ျမန္ျမန္လုပ္ေဆာင္ဖို႔လိုေနေပမယ့္ နည္းျပဆိုးလ္ရွားကေတာ့ အနာဂတ္အတြက္ေမွ်ာ္ၾကည့္ၿပီးေတာ့သာ ေရရွည္မွာအေကာင္းဆုံးျဖစ္ဖုိ႔အတြက္ မူ၀ါဒအတုိင္းအေျပာင္းအေရႊ႕အေနအထားကိုလုပ္ေဆာင္ေနေၾကာင္း ေျပာဆိုထားပါတယ္။ ယူႏိုက္တက္ အသင္း အေနနဲ႔ အေျပာင္းအေ႐ႊ႕ ရာသီ မကုန္ဆုံးခင္ လိုအပ္ ေနတဲ့ ကစားသမားေတြကို အရ ေခၚယူ ႏိုင္မယ္ဆိုရင္ ထိပ္သီး ေလးသင္း စာရင္း ဝင္ေရာက္ ႏိုင္ေရး အတြက္ ေမွ်ာ္လင့္ခ်က္ ျဖစ္ေစ ႏိုင္ လိမ့္မယ္လို႔လည္း အို၀င္ ဟားဂေရ႕ဗ္ကမွတ္ခ်က္ျပဳထားပါတယ္။
လက္ရွိ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲ ရဲ႕ ပြဲစဥ္ 24 အထိ ၿပီးဆုံး သြားတဲ့ အခ်ိန္ မွာေတာ့ ယူႏိုက္တက္ အသင္း ဟာ ပြဲက်န္ တစ္ပြဲ ကစား ရဖို႔ ရွိေန ေသးတဲ့ အမွတ္ေပး ဇယား ထိပ္မွ လီဗာပူး အသင္း ရဲ႕ေအာက္ 33 မွတ္ အကြာ ၊ အဆင့္ 4 ေနရာ မွ ခ်ဲလ္ဆီး အသင္း ေအာက္ 6 မွတ္ အကြာ ကို ေရာက္ရွိ ေနခဲ့ ရပါတယ္ ။ ယူႏိုက္တက္အသင္းဟာ ေရွ႕ပြဲစဥ္ေတြမွာ ရလဒ္ဆိုးခဲ့ေပမယ့္ ထရန္မီယာအသင္းကိုေတာ့ ၆ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ၿပီး FA ဖလား ေနာက္တစ္ဆင့္ကို တက္ေရာက္သြားခဲ့ပါၿပီ။ ယူႏိုက္တက္အသင္းဟာ ဗုဒၶဟူးေန႔ညမွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းနဲ႔ လိဂ္ဖလား ဒုတိယအေက်ာ့ကို အေ၀းကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ၿပီး၊တနဂၤေႏြေန႔မွာေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအျဖစ္ ဝုဗ္အသင္းနဲ႔ အိမ္ကြင္းမွာ ကစားရမွာ ျဖစ္ပါတယ္။