အိုဝင်ခန့်မှန်းတဲ့ ချန်ပီယံလိဂ် ဝင်ခွင့်လက်ကျန် ၂နေရာစာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မိုက်ကယ်အိုဝင်က ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လက်ကျန် ၂ နေရာကို ဘယ်အသင်းတွေ ဝင်ခွင့်ရသွားမလဲ ဆိုတာ ခန့်မှန်းပေးလိုက်ပါတယ်။

ချဲလ်ဆီးဟာ မကြာခင်မှာ လက်စတာနဲ့ ကစားရမှာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရမှာပါ။

လက်စတာ ကတော့ နောက်ဆုံး ပွဲစဉ်မှာ တော့တင်ဟမ်နဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း အိုဝင်က လက်စတာတို့ ထိပ်ဆုံး 4 နေရာထဲမပါနိုင်ဘဲ မန်စီးတီး ယူနိုက်တက် တို့နဲ့အတူ ချဲလ်ဆီး နဲ့ လီဗာပူးတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

အိုဝင်က “လီဗာပူးအတွက် တကယ့်ကို ထူးဆန်းတဲ့ ရာသီတစ်ခုပါ။

ပြီးခဲ့တဲ့ ဝက်စ်ဘရွမ်းနဲ့ ပွဲစဉ်မှာ သူတို့ အခွင့်အရေးကောင်း တချို့ ရခဲ့ပေမယ့် တစ်ပွဲလုံး ခြေစွမ်းကတော့ စိတ်ပျက်စရာပါပဲ။”

“ဒီရာသီရဲ့ အဆင့်အနေအထား က သိပ်ပြီး ပြဿနာ မရှိပါဘူး။

လာမယ့် ပွဲစဉ်မှာ ဘန်လေကို ကျော်ဖြတ်ပြီးရင် ပဲလေ့စ်နဲ့ ပွဲဟာ မဖြစ်မနေ အနိုင်ယူရမယ့် ပွဲစဉ် ဖြစ်လာမှာပါ။”

“လီဗာပူးရဲ့ လက်ကျန် ပွဲစဉ်တွေဟာ လက်စတာ ချဲလ်ဆီး တို့ထက် ပိုပြီး လွယ်ကူနေတယ်လို့ ပြောနိုင်ပါတယ်။

သေချာတာကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ၂ နေရာစာကို အသင်း ၃ သင်းပဲ ယှဉ်ပြိုင်သွားရမှာပါ။

တော့တင်ဟမ် နဲ့ ဝက်စ်ဟမ်း တို့ကတော့ အဆင့်လုရမယ့် ကြိုးဝိုင်းထဲ ဝင်မတိုးနိုင်လောက်ပါဘူး”

“ကျွန်တော် ကတော့ လီဗာပူး လက်စတာ နဲ့ ချဲလ်ဆီး တို့ပဲ ပြိုင်ဆိုင် သွားရမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရတာ သိပ်တော့ မလွယ်ပါဘူး။ ထိပ်ဆုံး ၄ နေရာကို လီဗာပူး နဲ့ ချဲလ်ဆီးတို့ပဲ ဝင်မယ် လို့ထင်မိပါတယ်။

ချဲလ်ဆီး တို့ လက်စတာကို နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ထားလို့ပါ။” လို့ ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အို၀င္ခန္႔မွန္းတဲ့ ခ်န္ပီယံလိဂ္ ၀င္ခြင့္လက္က်န္ ၂​ေနရာစာ

မိုက္ကယ္အိုဝင္က ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ လက္က်န္ ၂ ေနရာကို ဘယ္အသင္းေတြ ဝင္ခြင့္ရသြားမလဲ ဆိုတာ ခန႔္မွန္းေပးလိုက္ပါတယ္။ ခ်ဲလ္ဆီးဟာ မၾကာခင္မွာ လက္စတာနဲ႔ ကစားရမွာ ျဖစ္ၿပီး တနဂၤေႏြေန႔မွာေတာ့ အက္စတြန္ဗီလာနဲ႔ ရင္ဆိုင္ရမွာပါ။ လက္စတာ ကေတာ့ ေနာက္ဆုံး ပြဲစဥ္မွာ ေတာ့တင္ဟမ္နဲ႔ ယွဥ္ၿပိဳင္ ရမွာ ျဖစ္ပါတယ္။

ယူႏိုက္တက္ ကစားသမား​ေဟာင္း အိုဝင္က လက္စတာတို႔ ထိပ္ဆုံး 4 ​ေနရာထဲမပါႏိုင္ဘဲ မန္စီးတီး ယူႏိုက္တက္ တို႔နဲ႔အတူ ခ်ဲလ္ဆီး နဲ႔ လီဗာပူးတို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။

အိုဝင္က “လီဗာပူးအတြက္ တကယ့္ကို ထူးဆန္းတဲ့ ရာသီတစ္ခုပါ။ ၿပီးခဲ့တဲ့ ဝက္စ္ဘ႐ြမ္းနဲ႔ ပြဲစဥ္မွာ သူတို႔ အခြင့္အေရးေကာင္း တခ်ိဳ႕ ရခဲ့ေပမယ့္ တစ္ပြဲလုံး ေျခစြမ္းကေတာ့ စိတ္ပ်က္စရာပါပဲ။”

“ဒီရာသီရဲ႕ အဆင့္အ​ေနအထား က သိပ္ၿပီး ျပႆနာ မရွိပါဘူး။ လာမယ့္ ပြဲစဥ္မွာ ဘန္ေလကို ေက်ာ္ျဖတ္ၿပီးရင္ ပဲေလ့စ္နဲ႔ ပြဲဟာ မျဖစ္မေန အႏိုင္ယူရမယ့္ ပြဲစဥ္ ျဖစ္လာမွာပါ။”

“လီဗာပူးရဲ႕ လက္က်န္ ပြဲစဥ္ေတြဟာ လက္စတာ ခ်ဲလ္ဆီး တို႔ထက္ ပိုၿပီး လြယ္ကူေနတယ္လို႔ ေျပာႏိုင္ပါတယ္။ ေသခ်ာတာကေတာ့ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ၂ ေနရာစာကို အသင္း ၃ သင္းပဲ ယွဥ္ၿပိဳင္သြားရမွာပါ။ ေတာ့တင္ဟမ္ နဲ႔ ဝက္စ္ဟမ္း တို႔က​ေတာ့ အဆင့္လုရမယ့္ ႀကိဳး၀ိုင္းထဲ ၀င္မတိုးႏိုင္​ေလာက္ပါဘူး”

“ကြၽန္ေတာ္ ကေတာ့ လီဗာပူး လက္စတာ နဲ႔ ခ်ဲလ္ဆီး တို႔ပဲ ၿပိဳင္ဆိုင္ သြားရမယ္လို႔ ထင္ပါတယ္။ ခန႔္မွန္းရတာ သိပ္​ေတာ့ မလြယ္ပါဘူး။ ထိပ္ဆုံး ​၄ ​ေနရာကို လီဗာပူး နဲ႔ ခ်ဲလ္ဆီးတို႔ပဲ ၀င္မယ္ လို႔ထင္မိပါတယ္။ ခ်ဲလ္ဆီး တို႔ လက္စတာကို ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ထားလို႔ပါ။” လို႔ ေျပာပါတယ္။