အိုဝင်က မန်ချက်စတာ ဒါဘီမှာ မန်စီးတီး ( ၃-၁ ) နဲ့နိုင်မယ်တဲ့… ပရိသတ်တွေကော ဘယ်လိုထင်ပါလဲ…?
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပရီးမီးယားလိဂ် ပွဲစဉ် အပတ်စဉ် (၁၁) ဟာ မန်ချက်စတာ ဒါဘီပွဲစဉ်ကြောင့်
ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေမှာသေချာပါတယ်။
ပွဲမတိုင်မီကတည်းက ယူနိုက်တက်ရဲ့ ဂန္တဝင်တွေရဲ့ ပြောစကားတွေနဲ့
မီဒီယာတွေဆီက အချက်အလက်တွေကြောင့်လည်း ပိုပြီးစိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။
ဘောလုံးပွဲ သုံးသပ်ရာမှာ လွဲလွဲလေးနဲ့ နာမည်ကျော် တဲ့ မိုက်ကယ်အိုဝင်က မန်ချက်စတာ ဒါဘီပွဲကို အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
“စပါးနဲ့ ပွဲစဉ်မှာ ကစားကွက် အပြောင်းအလဲလုပ်ကာ အရေးပါတဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့တဲ့ ဆိုးလ်ရှားကို ချီးကျူးပါတယ်။
ဖိအားကတော့ သူ့ဆီမှာ ရှိနေဆဲပါ။ ဒါပေမယ့် ဒီနိုင်ပွဲဟာ ဒါကို အနည်းငယ် လျော့ပါးစေခဲ့ပါတယ်။
ကာဗာနီ ပွဲထွက်ခွင့်ရခဲ့တာကို ကျွန်တော် ဝမ်းသာမိပါတယ်။
သူ့ရဲ့ ကမ္ဘာ့အဆင့် ရွေ့လျားမှုတွေဟာ ကြီးမားတဲ့ ခြားနားချက်ကို ပေးစွမ်းနိုင်ဆဲလို့ ကျွန်တော်ထင်ပါတယ်။
ပဲလေ့စ်ကို မန်စီးတီးတို့ ရှုံးခဲ့တဲ့တာဟာ ဖြစ်လေ့ရှိတဲ့ ပွဲစဉ်တွေထဲက တစ်ပွဲဆိုတာ သေချာပါတယ်။
စီးတီးဟာ ပြီးခဲ့တဲ့အပတ်တွေမှာ အရမ်းကောင်းနေခဲ့တာကြောင့် ဒီရှုံးပွဲဟာ အံ့အားသင့်စရာပါ။”
“စီးတီး အနေနဲ့ ဒီရှုံးပွဲကနေ အကောင်းဆုံး ရုန်းထွက်ဖို့အတွက် ပစ်မှတ်ထားနေမှာပါ။ စီးတီးအနေနဲ့ ၂ ပွဲဆက် ရှုံးလိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။
စီးတီးအနေနဲ့ ဘောလုံးကိုင်ကစားကာ လီဗာပူးတို့ လုပ်ခဲ့သမျိုး ယူနိုက်တက်ခံစစ်ကို ကျော်ဖြတ်သွားမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။” ဆိုပြီး အိုဝင်က ပြောပါတယ်။
အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်စီးတီးတို့ ၃-၁ နဲ့ ယူနိုက်တက်ကို နိုင်မယ်လို့ ပြောထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi