အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် ပတ်ဒရီသတ်မှတ်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပိန်အသင်းရဲ့လူငယ်ကြယ်ပွင့်ကွင်းလယ်လူပတ်ဒရီဟာ လက်ရှိကျင်းပနေတဲ့ ၂၀၂၀ တိုကျိုအိုလံပစ်အမျိုုးသားဘောလုံးပြိုင်ပွဲရဲ့ နိုင်ငံအလိုက်ကစားသမားတွေထဲမှာ တန်ဖိုးအမြင့်ဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ပတ်ဒရီဟာ မကြာသေးခင်က စပိန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲဆင်နွှဲခဲ့သလို ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်ခဲ့ပြီး အခု စပိန်ယူ-၂၃အသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲနေတာဖြစ်ပါတယ်။

ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်မှာ စပိန်အသင်းဟာ အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့ပေမယ့် ပတ်ဒရီက ပထမပိုင်းမှာ ပြိုင်ဘက်ဧရိယာအတွင်း ဘောလုံးပေးပို့မှု(၂၂)ကြိမ်အပါအဝင်

အောင်မြင်တဲ့ဘောလုံးပေးပို့မှု(၃၁)ကြိမ်အထိပြုလုပ်ခဲ့ပြီး တိကျသေချာမှု(၁၀၀%)အထိရှိခဲ့တာကြောင့် ဘောလုံးပေးပို့မှုအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းမှာလည်း အဓိကကွင်းလယ်လူတစ်ဦးအဖြစ်ပါဝင်ခွင့်ရရှိနေပြီး ပြီးခဲ့တဲ့ရာသီက (၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်ခဲ့သလို လာလီဂါပြိုင်ပွဲတစ်လျှောက် တစ်ပွဲသာလွဲချော်ခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းနည်းပြအင်းနရစ်ကတော့ ပတ်ဒရီကို ‘အင်နီယစေတာလက်သစ်’လို့ တင်စားချီးကျူးထားပြီး ပတ်ဒရီကလည်း အသက်နဲ့မလိုက်အောင်ခြေစွမ်းပြကစားနေတာပါ။

အဲဒါကြောင့် အခု အိုလံပစ်ပြိုင်ပွဲဝင်ကစားသမားတွေထဲမှာ ပတ်ဒရီဟာ ယူရိုသန်း(၈၀)အထိတန်ဖိုးသတ်မှတ်ခံခဲ့ရပြီး တခြားကစားသမားတွေထက် တန်ဖိုးပိုများနေတာပဲဖြစ်ပါတယ်။

ပတ်ဒရီပြီးရင် ဒုတိယမြောက်တန်ဖိုးအမြင့်ဆုံးကစားသမားက စပိန်အသင်းဖော်အိုယာဇာဘယ်လ်ဖြစ်ပြီး သူ့တန်ဖိုးက ယူရိုသန်း(၇၀)အထိရှိသလို အိုယာဇာဘယ်လ်ဟာ ပြီးခဲ့တဲ့သြစတြေးလျနဲ့အုပ်စုပွဲမှာ အနိုင်ဂိုးသွင်းယူပြီးတော့ (၂၁)နှစ်အကြာမှ စပိန်အသင်း အိုလံပစ်ပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲရရှိအောင်စွမ်းဆောင်ခဲ့ပါတယ်။

အဲဗာတန်အသင်းမှာကစားနေတဲ့ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးရီချာလီဆင်ကလည်း အခုစာရင်းမှာ ယူရို(၅၅)သန်းနဲ့ တတိယချိတ်ခဲ့ပြီး ရီချာလီဆင်ဟာ ဂျာမနီကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့လို့ အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဟက်ထရစ်သွင်းခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အိုလံပစ်ပြိုင်ပွဲရဲ့ တန်ဖိုးအမြင့်မားဆုံးကစားသမားစာရင်းမှာ အေစီမီလန်အသင်းက အိုင်ဗရီကို့စ်ကွင်းလယ်လူကတ်ဆီး၊ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာ စပိန်အသင်းအတွက်ခြေစွမ်းပြကစားခဲ့တဲ့ လိုက်ပ်ဇစ်ကစားသမားဒါနီအော်လ်မိုနဲ့ စပိန်နောက်ခံလူပေါတောရက်စ်တို့ဟာ ယူရိုသန်း(၅၀)နဲ့ အဆင့်(၄)နေရာမှာပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အိုလံပစ္အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲရဲ႕ တန္ဖိုးအႀကီးဆုံးကစားသမားအျဖစ္ ပတ္ဒရီသတ္မွတ္ခံရ

စပိန္အသင္းရဲ႕လူငယ္ၾကယ္ပြင့္ကြင္းလယ္လူပတ္ဒရီဟာ လက္ရွိက်င္းပေနတဲ့ ၂၀၂၀ တိုက်ိဳအိုလံပစ္အမ်ိဳုးသားေဘာလုံးၿပိဳင္ပြဲရဲ႕ ႏိုင္ငံအလိုက္ကစားသမားေတြထဲမွာ တန္ဖိုးအျမင့္ဆုံးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ပတ္ဒရီဟာ မၾကာေသးခင္က စပိန္အသင္းနဲ႔အတူ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲဆင္ႏႊဲခဲ့သလို ဆီမီးဖိုင္နယ္အဆင့္အထိတက္ေရာက္ခဲ့ၿပီး အခု စပိန္ယူ-၂၃အသင္းနဲ႔အတူ အိုလံပစ္ၿပိဳင္ပြဲမွာ ပါဝင္ဆင္ႏႊဲေနတာျဖစ္ပါတယ္။

ယူ႐ို-၂၀၂၀ ဆီမီးဖိုင္နယ္မွာ စပိန္အသင္းဟာ အီတလီအသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔အေရးနိမ့္ခဲ့ေပမယ့္ ပတ္ဒရီက ပထမပိုင္းမွာ ၿပိဳင္ဘက္ဧရိယာအတြင္း ေဘာလုံးေပးပို႔မႈ(၂၂)ႀကိမ္အပါအဝင္ ေအာင္ျမင္တဲ့ေဘာလုံးေပးပို႔မႈ(၃၁)ႀကိမ္အထိျပဳလုပ္ခဲ့ၿပီး တိက်ေသခ်ာမႈ(၁၀၀%)အထိရွိခဲ့တာေၾကာင့္ ေဘာလုံးေပးပို႔မႈအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ ဒါ့အျပင္ ဘာစီလိုနာအသင္းမွာလည္း အဓိကကြင္းလယ္လူတစ္ဦးအျဖစ္ပါဝင္ခြင့္ရရွိေနၿပီး ၿပီးခဲ့တဲ့ရာသီက (၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၆)ႀကိမ္ျပဳလုပ္ခဲ့သလို လာလီဂါၿပိဳင္ပြဲတစ္ေလွ်ာက္ တစ္ပြဲသာလြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ စပိန္အသင္းနည္းျပအင္းနရစ္ကေတာ့ ပတ္ဒရီကို ‘အင္နီယေစတာလက္သစ္’လို႔ တင္စားခ်ီးက်ဴးထားၿပီး ပတ္ဒရီကလည္း အသက္နဲ႔မလိုက္ေအာင္ေျခစြမ္းျပကစားေနတာပါ။

အဲဒါေၾကာင့္ အခု အိုလံပစ္ၿပိဳင္ပြဲဝင္ကစားသမားေတြထဲမွာ ပတ္ဒရီဟာ ယူ႐ိုသန္း(၈၀)အထိတန္ဖိုးသတ္မွတ္ခံခဲ့ရၿပီး တျခားကစားသမားေတြထက္ တန္ဖိုးပိုမ်ားေနတာပဲျဖစ္ပါတယ္။ ပတ္ဒရီၿပီးရင္ ဒုတိယေျမာက္တန္ဖိုးအျမင့္ဆုံးကစားသမားက စပိန္အသင္းေဖာ္အိုယာဇာဘယ္လ္ျဖစ္ၿပီး သူ႔တန္ဖိုးက ယူ႐ိုသန္း(၇၀)အထိရွိသလို အိုယာဇာဘယ္လ္ဟာ ၿပီးခဲ့တဲ့ၾသစေၾတးလ်နဲ႔အုပ္စုပြဲမွာ အႏိုင္ဂိုးသြင္းယူၿပီးေတာ့ (၂၁)ႏွစ္အၾကာမွ စပိန္အသင္း အိုလံပစ္ၿပိဳင္ပြဲမွာ ပထမဆုံးႏိုင္ပြဲရရွိေအာင္စြမ္းေဆာင္ခဲ့ပါတယ္။

အဲဗာတန္အသင္းမွာကစားေနတဲ့ ဘရာဇီးလ္လက္ေ႐ြးစင္တိုက္စစ္မႉးရီခ်ာလီဆင္ကလည္း အခုစာရင္းမွာ ယူ႐ို(၅၅)သန္းနဲ႔ တတိယခ်ိတ္ခဲ့ၿပီး ရီခ်ာလီဆင္ဟာ ဂ်ာမနီကို (၄-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့လို႔ အိုလံပစ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဟက္ထရစ္သြင္းခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ္ကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။ အိုလံပစ္ၿပိဳင္ပြဲရဲ႕ တန္ဖိုးအျမင့္မားဆုံးကစားသမားစာရင္းမွာ ေအစီမီလန္အသင္းက အိုင္ဗရီကို႔စ္ကြင္းလယ္လူကတ္ဆီး၊ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ စပိန္အသင္းအတြက္ေျခစြမ္းျပကစားခဲ့တဲ့ လိုက္ပ္ဇစ္ကစားသမားဒါနီေအာ္လ္မိုနဲ႔ စပိန္ေနာက္ခံလူေပါေတာရက္စ္တို႔ဟာ ယူ႐ိုသန္း(၅၀)နဲ႔ အဆင့္(၄)ေနရာမွာပူးတြဲရပ္တည္ႏိုင္ခဲ့ပါတယ္။