
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘရာဇီးလ်အမျိုးသမီးအသင်းရဲ့ နာမည်ကျော်ဝါရင့်တိုက်စစ်မှူးမာတာဟာ တရုတ်အသင်းကို (၅)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ၂၀၂၀ တိုကျိုအိုလံပစ်အမျိုးသမီးအုပ်စုပွဲမှာ အသင်းအတွက်ဂိုးသွင်းနိုင်ခဲ့တာကြောင့် အိုလံပစ်ပြိုင်ပွဲ(၅)ကြိမ်ဆက်ဂိုးသွင်းခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့ပါပြီ။
ကမ္ဘာ့အကောင်းဆုံးဆုကို စံချိန်တင်(၆)ကြိမ်အထိရရှိခဲ့ပြီး အမျိုးသမီးဘောလုံးသမားတွေထဲမှာ အောင်မြင်မှုအများဆုံးအဖြစ်သတ်မှတ်ခံထားရသူ မာတာဟာ တရုတ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပွဲအစ(၉)မိနစ်မှာပဲ အဖွင့်ဂိုးသွင်းယူခဲ့ပြီး
(၇၄)မိနစ်မှာတော့ ဘရာဇီးလ်အသင်းအတွက် တတိယမြောက်ဂိုးသွင်းယူခဲ့တဲ့အပြင် ဟက်ထရစ်ရမယ့်အခွင့်အရေးရခဲ့ပေမယ့် (၈၂)မိနစ်မှာရရှိခဲ့တဲ့ပယ်နယ်တီကို သူမကန်ဘဲ အသင်းဖော်အန်ဒရက်စ်ဆာ ကန်သွင်းဖို့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ဂရိနိုင်ငံ၊ အေသင်မြို့မှာကျင်းပခဲ့တဲ့ ၂၀၀၄ အိုလံပစ်ပြိုင်ပွဲတုန်းက ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆နဲ့ အခု ၂၀၂၀ အိုလံပစ်ပြိုင်ပွဲတွေမှာ ဆက်တိုက်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး အခုဆိုရင် မာတာရဲ့ အိုလံပစ်ပြိုင်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ပွဲအရေအတွက်က (၁၂)ပွဲအထိရှိလာခဲ့ပါပြီ။
အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ မာတာဟာ ကလပ်အသင်းကစားသမားဘဝမှာ အောင်မြင်မှုတွေအများကြီးရယူခဲ့သလို နိုင်ငံအသင်းနဲ့လည်း ချန်ပီယံဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မာတာအတွက် ကံဆိုးတာက အဓိကပြိုင်ပွဲကြီးတွေမှာ နိုင်ငံအသင်းအတွက် ဆုဖလားမရယူနိုင်သေးတာပဲဖြစ်ပါတယ်။
မာတာဟာ ဖီဖာကမ္ဘာ့ဖလားအမျိုးသမီးပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုး(၁၇)ဂိုးနဲ့ ဂိုးအများဆုံးသွင်းသူအဖြစ်စံချိန်တင်ထားပေမယ့် ချန်ပီယံဆုတစ်ခါမှမရဖူးဘဲ ၂၀၀၇ တစ်ကြိမ်သာ ဗိုလ်လုပွဲတက်ခဲ့ပြီး ဒုတိယနဲ့သာကျေနပ်ခဲ့ရပါတယ်။
အိုလံပစ်ပြိုင်ပွဲမှတ်တမ်းမှာတော့ မာတာဟာ အသင်းနဲ့အတူ ၂၀၀၄၊ ၂၀၀၈ ခုနှစ်တွေမှာ ဗိုလ်လုပွဲရောက်ရှိခဲ့ပေမယ့်လည်း နှစ်ကြိမ်စလုံး ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတာကြောင့်
ဒီတစ်ကြိမ်အိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ရွှေတံဆိပ်ဆုရယူပြီး နိုင်ငံအသင်းနဲ့ အောင်မြင်မှုရယူနိုင်အောင်ကြိုးစားရမှာလည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အိုလံပစ္ၿပိဳင္ပြဲ(၅)ႀကိမ္ဆက္ ဂိုးသြင္းခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ ဘရာဇီးလ္နာမည္ေက်ာ္ကစားသမား မာတာစံခ်ိန္တင္
ဘရာဇီးလ္အမ်ိဳးသမီးအသင္းရဲ႕ နာမည္ေက်ာ္ဝါရင့္တိုက္စစ္မႉးမာတာဟာ တ႐ုတ္အသင္းကို (၅)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ၂၀၂၀ တိုက်ိဳအိုလံပစ္အမ်ိဳးသမီးအုပ္စုပြဲမွာ အသင္းအတြက္ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ အိုလံပစ္ၿပိဳင္ပြဲ(၅)ႀကိမ္ဆက္ဂိုးသြင္းခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။ ကမာၻ႔အေကာင္းဆုံးဆုကို စံခ်ိန္တင္(၆)ႀကိမ္အထိရရွိခဲ့ၿပီး အမ်ိဳးသမီးေဘာလုံးသမားေတြထဲမွာ ေအာင္ျမင္မႈအမ်ားဆုံးအျဖစ္သတ္မွတ္ခံထားရသူ မာတာဟာ တ႐ုတ္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ပြဲအစ(၉)မိနစ္မွာပဲ အဖြင့္ဂိုးသြင္းယူခဲ့ၿပီး (၇၄)မိနစ္မွာေတာ့ ဘရာဇီးလ္အသင္းအတြက္ တတိယေျမာက္ဂိုးသြင္းယူခဲ့တဲ့အျပင္ ဟက္ထရစ္ရမယ့္အခြင့္အေရးရခဲ့ေပမယ့္ (၈၂)မိနစ္မွာရရွိခဲ့တဲ့ပယ္နယ္တီကို သူမကန္ဘဲ အသင္းေဖာ္အန္ဒရက္စ္ဆာ ကန္သြင္းဖို႔ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ ဂရိႏိုင္ငံ၊ ေအသင္ၿမိဳ႕မွာက်င္းပခဲ့တဲ့ ၂၀၀၄ အိုလံပစ္ၿပိဳင္ပြဲတုန္းက ဂိုးသြင္းယူခဲ့ၿပီးေနာက္ပိုင္း ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆နဲ႔ အခု ၂၀၂၀ အိုလံပစ္ၿပိဳင္ပြဲေတြမွာ ဆက္တိုက္ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး အခုဆိုရင္ မာတာရဲ႕ အိုလံပစ္ၿပိဳင္ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ပြဲအေရအတြက္က (၁၂)ပြဲအထိရွိလာခဲ့ပါၿပီ။
အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မာတာဟာ ကလပ္အသင္းကစားသမားဘဝမွာ ေအာင္ျမင္မႈေတြအမ်ားႀကီးရယူခဲ့သလို ႏိုင္ငံအသင္းနဲ႔လည္း ခ်န္ပီယံဆုဖလားေတြ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ မာတာအတြက္ ကံဆိုးတာက အဓိကၿပိဳင္ပြဲႀကီးေတြမွာ ႏိုင္ငံအသင္းအတြက္ ဆုဖလားမရယူႏိုင္ေသးတာပဲျဖစ္ပါတယ္။ မာတာဟာ ဖီဖာကမာၻ႔ဖလားအမ်ိဳးသမီးၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ သြင္းဂိုး(၁၇)ဂိုးနဲ႔ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္စံခ်ိန္တင္ထားေပမယ့္ ခ်န္ပီယံဆုတစ္ခါမွမရဖူးဘဲ ၂၀၀၇ တစ္ႀကိမ္သာ ဗိုလ္လုပြဲတက္ခဲ့ၿပီး ဒုတိယနဲ႔သာေက်နပ္ခဲ့ရပါတယ္။
အိုလံပစ္ၿပိဳင္ပြဲမွတ္တမ္းမွာေတာ့ မာတာဟာ အသင္းနဲ႔အတူ ၂၀၀၄၊ ၂၀၀၈ ခုႏွစ္ေတြမွာ ဗိုလ္လုပြဲေရာက္ရွိခဲ့ေပမယ့္လည္း ႏွစ္ႀကိမ္စလုံး ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရတာေၾကာင့္ ဒီတစ္ႀကိမ္အိုလံပစ္ၿပိဳင္ပြဲမွာ ဘရာဇီးလ္အသင္းအတြက္ ေ႐ႊတံဆိပ္ဆုရယူၿပီး ႏိုင္ငံအသင္းနဲ႔ ေအာင္ျမင္မႈရယူႏိုင္ေအာင္ႀကိဳးစားရမွာလည္းျဖစ္ပါတယ္။