အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကစားသမားအဖြစ် ရီချာလစ်ဆင် စံချိန်တင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဲဗာတန်အသင်းရဲ့ဘရာဇီးလ်နာမည်ကျော်တိုက်စစ်ကစားသမား ရီချာလစ်ဆင်ဟာ ဂျာမနီအသင်းကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ တိုကျိုအိုလံပစ်အုပ်စုအဖွင့်ပွဲမှာ အသင်းအတွက်ဟက်ထရစ်သွင်းယူခဲ့ပြီး

အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဟက်ထရစ်သွင်းယူခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရီချာလစ်ဆင်ဟာ ပထမပိုင်း(၇)မိနစ်မှာပဲ ဘရာဇီးလ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး (၂၂)မိနစ်မှာ အသင်းဖော်အာရန်နာရဲ့ ပေးပို့မှုကနေ အနီးကပ်ခေါင်းတိုက်ပြီးတော့ ဒုတိယဂိုး၊ မိနစ်(၃၀)မှာ အိုလံပစ်ပြိုင်ပွဲစံချိန်တင်နိုင်မယ့်ဂိုးကို (၁၆)ကိုက်အကွာကနေ ကန်သွင်းယူခဲ့တာပါ။

အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ပရီးမီးယားလိဂ်နာမည်ကျော်ကစားသမားတွေ ပါဝင်ကစားခဲ့ဖူးပေမယ့် တစ်ယောက်မှဟက်ထရစ်မသွင်းနိုင်ခဲ့ဘဲ အခု ရီချာလစ်ဆင်က စုစုပေါင်းမိနစ်(၃၀)အတွင်းမှာပဲ ဟက်ထရက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ရီချာလစ်ဆင်ကို ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာပါဝင်ကစားဖို့ သဘောမတူခဲ့ပေမယ့် ရီချာလစ်ဆင်က နိုင်ငံအသင်းအတွက် ကိုယ်စားပြုကစားချင်တာကြောင့် အသည်းအသန်တောင်းဆိုခဲ့လို့သာ အခုလိုကစားခွင့်ရခဲ့တာဖြစ်ပြီး သမိုင်းဝင်စံချိန်တစ်ခု ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

ရီချာလစ်ဆင်က “ဒါဟာ ကျွန်တော့်ရဲ့ပထမဆုံးဟက်ထရစ်ဖြစ်ပြီး ကျွန်တော့်အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့ပါပြီ။

ပိုဝမ်းသာစရာကောင်းတာက နိုင်ငံအသင်းရဲ့နာမည်ကျော်နံပါတ်ဖြစ်တဲ့ နံပါတ်(၁၀)အကျႌဝတ်ဆင်ခွင့်ရပြီး အခုလိုဟက်ထရစ်သွင်းယူနိုင်ခဲ့တာပါပဲ။

လက်ရွေးစင်အသင်းအတွက် နိုင်ငံကိုယ်စားပြုကစားခွင့်ရတာလောက် ဂုဏ်ယူစရာကောင်းတဲ့ကိစ္စမရှိတဲ့အတွက် ဒီပြိုင်ပွဲမှာ ကျွန်တော့်ကို ပါဝင်ကစားခွင့်ပေးဖို့ အဲဗာတန်အသင်းကို ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

ဒီညကတော့ ကျွန်တော့်အတွက် ဘယ်တော့မှမေ့လို့ရမယ့်ညတစ်ညဖြစ်သွားပါပြီ”လို့ ဆိုခဲ့ပါတယ်။

၂၀၁၈၊ စက်တင်ဘာလတုန်းက ဘရာဇီးလ်အသင်းအတွက် ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရခဲ့တဲ့ ရီချာလစ်ဆင်ဟာ (၃၂)ပွဲကစား၊ (၁၀)ဂိုးသွင်းယူထားပြီး ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း ပါဝင်ကစားခဲ့ပေမယ့် ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။

အိုလံပစ်ပြိုင်ပွဲမှာ ရီချာလစ်ဆင် သမိုင်းဝင်စံချိန်ကောင်းတစ်ခုရယူခဲ့သလို တခြားပရီးမီးယားလိဂ်ကစားသမားတစ်ဦးဖြစ်တဲ့ ဘန်လေတိုက်စစ်မှူးခရစ္စဝုဒ်ဟာ တောင်ကိုရီးယားကို (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲမှာ

နယူးဇီလန်အတွက် တစ်လုံးတည်းသောဂိုးသွင်းယူခဲ့ပြီး အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် နယူးဇီလန်အသင်း ပထမဆုံးနိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အိုလံပစ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဟက္ထရစ္သြင္းယူႏိုင္တဲ့ ပထမဆုံးပရီးမီးယားလိဂ္ကစားသမားအျဖစ္ ရီခ်ာလစ္ဆင္ စံခ်ိန္တင္

အဲဗာတန္အသင္းရဲ႕ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္ကစားသမား ရီခ်ာလစ္ဆင္ဟာ ဂ်ာမနီအသင္းကို (၄-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ တိုက်ိဳအိုလံပစ္အုပ္စုအဖြင့္ပြဲမွာ အသင္းအတြက္ဟက္ထရစ္သြင္းယူခဲ့ၿပီး အိုလံပစ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဟက္ထရစ္သြင္းယူခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ္ကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ရီခ်ာလစ္ဆင္ဟာ ပထမပိုင္း(၇)မိနစ္မွာပဲ ဘရာဇီးလ္အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး (၂၂)မိနစ္မွာ အသင္းေဖာ္အာရန္နာရဲ႕ ေပးပို႔မႈကေန အနီးကပ္ေခါင္းတိုက္ၿပီးေတာ့ ဒုတိယဂိုး၊ မိနစ္(၃၀)မွာ အိုလံပစ္ၿပိဳင္ပြဲစံခ်ိန္တင္ႏိုင္မယ့္ဂိုးကို (၁၆)ကိုက္အကြာကေန ကန္သြင္းယူခဲ့တာပါ။ အိုလံပစ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာ ပရီးမီးယားလိဂ္နာမည္ေက်ာ္ကစားသမားေတြ ပါဝင္ကစားခဲ့ဖူးေပမယ့္ တစ္ေယာက္မွဟက္ထရစ္မသြင္းႏိုင္ခဲ့ဘဲ အခု ရီခ်ာလစ္ဆင္က စုစုေပါင္းမိနစ္(၃၀)အတြင္းမွာပဲ ဟက္ထရက္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဗာတန္အသင္းဟာ ရီခ်ာလစ္ဆင္ကို ၂၀၂၀ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာပါဝင္ကစားဖို႔ သေဘာမတူခဲ့ေပမယ့္ ရီခ်ာလစ္ဆင္က ႏိုင္ငံအသင္းအတြက္ ကိုယ္စားျပဳကစားခ်င္တာေၾကာင့္ အသည္းအသန္ေတာင္းဆိုခဲ့လို႔သာ အခုလိုကစားခြင့္ရခဲ့တာျဖစ္ၿပီး သမိုင္းဝင္စံခ်ိန္တစ္ခု ပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ရီခ်ာလစ္ဆင္က “ဒါဟာ ကြၽန္ေတာ့္ရဲ႕ပထမဆုံးဟက္ထရစ္ျဖစ္ၿပီး ကြၽန္ေတာ့္အိပ္မက္ေတြအမွန္တကယ္ျဖစ္လာခဲ့ပါၿပီ။ ပိုဝမ္းသာစရာေကာင္းတာက ႏိုင္ငံအသင္းရဲ႕နာမည္ေက်ာ္နံပါတ္ျဖစ္တဲ့ နံပါတ္(၁၀)အက်ႌဝတ္ဆင္ခြင့္ရၿပီး အခုလိုဟက္ထရစ္သြင္းယူႏိုင္ခဲ့တာပါပဲ။ လက္ေ႐ြးစင္အသင္းအတြက္ ႏိုင္ငံကိုယ္စားျပဳကစားခြင့္ရတာေလာက္ ဂုဏ္ယူစရာေကာင္းတဲ့ကိစၥမရွိတဲ့အတြက္ ဒီၿပိဳင္ပြဲမွာ ကြၽန္ေတာ့္ကို ပါဝင္ကစားခြင့္ေပးဖို႔ အဲဗာတန္အသင္းကို ခြင့္ေတာင္းခဲ့တာျဖစ္ပါတယ္။

ဒီညကေတာ့ ကြၽန္ေတာ့္အတြက္ ဘယ္ေတာ့မွေမ့လို႔ရမယ့္ညတစ္ညျဖစ္သြားပါၿပီ”လို႔ ဆိုခဲ့ပါတယ္။ ၂၀၁၈၊ စက္တင္ဘာလတုန္းက ဘရာဇီးလ္အသင္းအတြက္ ပထမဆုံးအႀကိမ္ပြဲထြက္ခြင့္ရခဲ့တဲ့ ရီခ်ာလစ္ဆင္ဟာ (၃၂)ပြဲကစား၊ (၁၀)ဂိုးသြင္းယူထားၿပီး ၿပီးခဲ့တဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာလည္း ပါဝင္ကစားခဲ့ေပမယ့္ ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရပါတယ္။

အိုလံပစ္ၿပိဳင္ပြဲမွာ ရီခ်ာလစ္ဆင္ သမိုင္းဝင္စံခ်ိန္ေကာင္းတစ္ခုရယူခဲ့သလို တျခားပရီးမီးယားလိဂ္ကစားသမားတစ္ဦးျဖစ္တဲ့ ဘန္ေလတိုက္စစ္မႉးခရစၥဝုဒ္ဟာ ေတာင္ကိုရီးယားကို (၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အုပ္စုအဖြင့္ပြဲမွာ နယူးဇီလန္အတြက္ တစ္လုံးတည္းေသာဂိုးသြင္းယူခဲ့ၿပီး အိုလံပစ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ နယူးဇီလန္အသင္း ပထမဆုံးႏိုင္ပြဲရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။