အိုလံပစ်ပြိုင်ပွဲမှာ (၂၁)နှစ်အကြာမှ စပိန်အသင်း ပထမဆုံးနိုင်ပွဲရရှိအောင်စွမ်းဆောင်ခဲ့တဲ့ အိုယာဇာဘယ်လ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၀ တိုကျိုအိုလံပစ်အမျိုးသားအုပ်စုပွဲအဖြစ် သြစတြေးလျအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ စပိန်အသင်းဟာ တောင်ပံတိုက်စစ်ကစားသမားအိုယာဇာဘယ်လ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒါက (၂၁)နှစ်အကြာမှ အိုလံပစ်ပြိုင်ပွဲမှာ စပိန်အသင်းပထမဆုံးနိုင်ပွဲပြန်ရခဲ့တာဖြစ်ပါတယ်။

သြစတြေးလျနဲ့ပွဲမှာ အိုယာဇာဘယ်ဟာ ပွဲချိန်(၈၁)မိနစ်အရောက်မှာ အသင်းအတွက်အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး အုပ်စုပွဲစဉ်နှစ်ပွဲကစားပြီးချိန်မှာ စပိန်အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ(၄)မှတ်နဲ့ ပထမနေရာမှာရပ်တည်နေပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ဆိုစီဒက်ကစားသမားအိုယာဇာဘယ်လ်ဟာ အခုနှစ်အတွင်း နိုင်ငံနဲ့ကလပ်အသင်းအတွက် အဆုံးအဖြတ်ဂိုးတွေသွင်းယူနေပြီး

ဧပြီလတုန်းက,ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ အရေးပါတဲ့အနိုင်ဂိုးသွင်းယူခဲ့သလို ပြီးခဲ့တဲ့ယူရို-၂၀၂၀ ကွာတားဖိုင်နယ်၊ ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ပွဲမှာလည်း အဆုံးအဖြတ်ပယ်နယ်တီကို ဂိုးဝင်အောင်သွင်းယူခဲ့တာကြောင့် စပိန်အသင်းဆီမီးဖိုင်နယ်တက်ခွင့်ရရှိခဲ့ပါတယ်။

စပိန်အသင်းဟာ အုပ်စုအဖွင့်ပွဲတုန်းက အီဂျစ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် အခု သြစတြေးလျနဲ့ပွဲမှာတော့ အိုယာဇာဘယ်လ်ရဲ့ဂိုးကြောင့် ၂၀၀၀ ခုနှစ်နောက်ပိုင်း အိုလံပစ်ပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ပါပြီ။

၁၉၉၂ အိုလံပစ်ပြိုင်ပွဲတုန်းက ရွှေတံဆိပ်ဆုရရှိခဲ့ဖူးတဲ့ စပိန်အသင်းဟာ ၂၀၀၀ ခုနှစ်ဆစ်ဒနီအိုလံပစ်ပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်အဆင့်မှာ အမေရိကန်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ယူခဲ့ပေမယ့် ဗိုလ်လုပွဲမှာတော့ ကင်မရွန်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့တာကြောင့် ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အဲဒီနောက် ၂၀၀၄၊ ၂၀၀၈ အိုလံပစ်ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲမအောင်မြင်ခဲ့ဘဲ ၂၀၁၂ ဗြိတိန်အိုလံပစ်ပြိုင်ပွဲ၊ အုပ်စုအဆင့်မှာ နှစ်ပွဲရှုံး၊ တစ်ပွဲသရေ၊ ရဂိုးမရှိဘဲနဲ့ အုပ်စုကထွက်ခဲ့ရတာကြောင့် (၂၁)နှစ်အကြာမှ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲပြန်လည်ရရှိခဲ့တာပါ။

စပိန်အသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့ကျရင် အုပ်စုနောက်ဆုံးပွဲအဖြစ် အာဂျင်တီးနားအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး အနိမ့်ဆုံးသရေတစ်မှတ်ရခဲ့ရင် နောက်တစ်ဆင့်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဘရာဇီးလ်အသင်းကတော့ ကွင်းလယ်လူဒေါက်ဂလပ်စ်လူးဝစ်ဇ်ရဲ့ အငြင်းပွားစရာအနီကတ်နဲ့အတူ (၁၀)ယောက်နဲ့ အိုင်ဗရီကို့စ်အသင်းကို ရင်ဆိုင်ကစားခဲ့ရပြီး

ဂိုးမရှိသရေကျခဲ့ပေမယ့် နှစ်ပွဲကစားပြီးချိန်မှာ (၄)မှတ်ရရှိထားသလို အုပ်စုနောက်ဆုံးပွဲအဖြစ် ဆော်ဒီနဲ့ရင်ဆိုင်ရမှာဖြစ်လို့ ကွာတားဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အိုလံပစ္ၿပိဳင္ပြဲမွာ (၂၁)ႏွစ္အၾကာမွ စပိန္အသင္း ပထမဆုံးႏိုင္ပြဲရရွိေအာင္စြမ္းေဆာင္ခဲ့တဲ့ အိုယာဇာဘယ္လ္

၂၀၂၀ တိုက်ိဳအိုလံပစ္အမ်ိဳးသားအုပ္စုပြဲအျဖစ္ ၾသစေၾတးလ်အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ စပိန္အသင္းဟာ ေတာင္ပံတိုက္စစ္ကစားသမားအိုယာဇာဘယ္လ္ရဲ႕ တစ္လုံးတည္းေသာသြင္းဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး ဒါက (၂၁)ႏွစ္အၾကာမွ အိုလံပစ္ၿပိဳင္ပြဲမွာ စပိန္အသင္းပထမဆုံးႏိုင္ပြဲျပန္ရခဲ့တာျဖစ္ပါတယ္။ ၾသစေၾတးလ်နဲ႔ပြဲမွာ အိုယာဇာဘယ္ဟာ ပြဲခ်ိန္(၈၁)မိနစ္အေရာက္မွာ အသင္းအတြက္အႏိုင္ဂိုးကို ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ၿပီး အုပ္စုပြဲစဥ္ႏွစ္ပြဲကစားၿပီးခ်ိန္မွာ စပိန္အသင္းက တစ္ပြဲႏိုင္၊ တစ္ပြဲသေရ(၄)မွတ္နဲ႔ ပထမေနရာမွာရပ္တည္ေနပါတယ္။

အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဆိုစီဒက္ကစားသမားအိုယာဇာဘယ္လ္ဟာ အခုႏွစ္အတြင္း ႏိုင္ငံနဲ႔ကလပ္အသင္းအတြက္ အဆုံးအျဖတ္ဂိုးေတြသြင္းယူေနၿပီး ဧၿပီလတုန္းက,ကစားခဲ့တဲ့ စပိန္ဘုရင့္ဖလားဗိုလ္လုပြဲမွာ အေရးပါတဲ့အႏိုင္ဂိုးသြင္းယူခဲ့သလို ၿပီးခဲ့တဲ့ယူ႐ို-၂၀၂၀ ကြာတားဖိုင္နယ္၊ ဆြစ္ဇာလန္နဲ႔ကစားခဲ့တဲ့ပြဲမွာလည္း အဆုံးအျဖတ္ပယ္နယ္တီကို ဂိုးဝင္ေအာင္သြင္းယူခဲ့တာေၾကာင့္ စပိန္အသင္းဆီမီးဖိုင္နယ္တက္ခြင့္ရရွိခဲ့ပါတယ္။ စပိန္အသင္းဟာ အုပ္စုအဖြင့္ပြဲတုန္းက အီဂ်စ္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဂိုးမရွိသေရက်ခဲ့ေပမယ့္ အခု ၾသစေၾတးလ်နဲ႔ပြဲမွာေတာ့ အိုယာဇာဘယ္လ္ရဲ႕ဂိုးေၾကာင့္ ၂၀၀၀ ခုႏွစ္ေနာက္ပိုင္း အိုလံပစ္ၿပိဳင္ပြဲမွာ ပထမဆုံးႏိုင္ပြဲျပန္လည္ရယူႏိုင္ခဲ့ပါၿပီ။

၁၉၉၂ အိုလံပစ္ၿပိဳင္ပြဲတုန္းက ေ႐ႊတံဆိပ္ဆုရရွိခဲ့ဖူးတဲ့ စပိန္အသင္းဟာ ၂၀၀၀ ခုႏွစ္ဆစ္ဒနီအိုလံပစ္ၿပိဳင္ပြဲ၊ ဆီမီးဖိုင္နယ္အဆင့္မွာ အေမရိကန္အသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ယူခဲ့ေပမယ့္ ဗိုလ္လုပြဲမွာေတာ့ ကင္မ႐ြန္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔အေရးနိမ့္ခဲ့တာေၾကာင့္ ေငြတံဆိပ္ဆုနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ အဲဒီေနာက္ ၂၀၀၄၊ ၂၀၀၈ အိုလံပစ္ၿပိဳင္ပြဲေတြမွာ ေျခစစ္ပြဲမေအာင္ျမင္ခဲ့ဘဲ ၂၀၁၂ ၿဗိတိန္အိုလံပစ္ၿပိဳင္ပြဲ၊ အုပ္စုအဆင့္မွာ ႏွစ္ပြဲရႈံး၊ တစ္ပြဲသေရ၊ ရဂိုးမရွိဘဲနဲ႔ အုပ္စုကထြက္ခဲ့ရတာေၾကာင့္ (၂၁)ႏွစ္အၾကာမွ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာ ပထမဆုံးႏိုင္ပြဲျပန္လည္ရရွိခဲ့တာပါ။

စပိန္အသင္းဟာ လာမယ့္ဗုဒၶဟူးေန႔က်ရင္ အုပ္စုေနာက္ဆုံးပြဲအျဖစ္ အာဂ်င္တီးနားအသင္းနဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ၿပီး အနိမ့္ဆုံးသေရတစ္မွတ္ရခဲ့ရင္ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။ အိုလံပစ္ၿပိဳင္ပြဲရဲ႕လက္ရွိခ်န္ပီယံဘရာဇီးလ္အသင္းကေတာ့ ကြင္းလယ္လူေဒါက္ဂလပ္စ္လူးဝစ္ဇ္ရဲ႕ အျငင္းပြားစရာအနီကတ္နဲ႔အတူ (၁၀)ေယာက္နဲ႔ အိုင္ဗရီကို႔စ္အသင္းကို ရင္ဆိုင္ကစားခဲ့ရၿပီး ဂိုးမရွိသေရက်ခဲ့ေပမယ့္ ႏွစ္ပြဲကစားၿပီးခ်ိန္မွာ (၄)မွတ္ရရွိထားသလို အုပ္စုေနာက္ဆုံးပြဲအျဖစ္ ေဆာ္ဒီနဲ႔ရင္ဆိုင္ရမွာျဖစ္လို႔ ကြာတားဖိုင္နယ္တက္ဖို႔ အေျခအေနေကာင္းေနပါၿပီ။