အိုလံပစ်ပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ်ရွှေတံဆိပ်ဆုရယူဖို့ မျှော်လင့်ချက်အဆုံးသတ်သွားပြီဖြစ်တဲ့ ဘရာဇီးလ်အမျိုးသမီးအသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို (၆)ကြိမ်အထိရယူထားတဲ့ နာမည်ကျော်ဘောလုံးသမား မာတာရဲ့ဘရာဇီးလ်အသင်းကတော့ ၂၀၂၀ တိုကျိုအိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကနေပဲလှည့်ပြန်ခဲ့ရပြီး

အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ရွှေတံဆိပ်ဆုရယူဖို့ မျှော်လင့်ချက် အဆုံးသတ်ခဲ့ရပြီဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းကို မာတာနဲ့ အသက်(၄၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ၀ါရင့်ကွင်းလယ်လူဖော်မီဂါတို့က အဓိကဦးဆောင်ခဲ့ပြီး မာတာဟာ အိုလံပစ်ပြိုင်ပွဲ(၅)ကြိမ်ဆက် ဂိုးသွင်းခဲ့တဲ့ ပထမဆုံးကစားသမား၊ ဖော်မီဂါဟာ အိုလံပစ်ပြိုင်ပွဲ(၇)ကြိမ်အထိ

ပါဝင်ကစားခဲ့တဲ့ပထမဆုံးကစားသမားအဖြစ် စံချိန်ကောင်းတွေရရှိခဲ့ကြပေမယ့် အသင်းအတွက်အရေးပါတဲ့ ရွှေတံဆိပ်ဆုကိုတော့ မရယူပေးနိုင်ခဲ့ကြပါဘူး။

ဘရာဇီးလ်အသင်းဟာ ကွာတားဖိုင်နယ်မှာ အစဉ်အလာသိပ်မရှိတဲ့ ကနေဒါအသင်းနဲ့ရင်ဆိုင်ခဲ့ရလို့ အလွယ်တကူကျော်ဖြတ်နိုင်မယ်လို့ ထင်ခဲ့ကြပေမယ့် မိနစ်(၉၀)အတွင်း ဂိုးမရှိသရေကျခဲ့သလို အချိန်ပိုမှာလည်း

ဂိုးမသွင်းနိုင်ခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာတော့ ဘရာဇီးလ်အသင်းက (၄-၃)ဂိုးနဲ့ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်နဲ့ပဲကျေနပ်လိုက်ရပြီဖြစ်ပါတယ်။

မာတာနဲ့ ဖော်မီဂါတို့ဟာ လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးအိုလံပစ်ပြိုင်ပွဲလို့သတ်မှတ်ရမယ့် အခုပြိုင်ပွဲမှာ အောင်မြင်မှုရယူပြီးအဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ သူတို့မျှော်လင့်ချက်က အဆုံးသတ်ခဲ့ရပါပြီ။

ဖော်မီဂါဟာ ၁၉၉၆ ခုနှစ်ကစလို့ ဘရာဇီးလ်အသင်းကစားခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲတိုင်းမှာ ပါဝင်ကစားခဲ့ပြီး မာတာကတော့ ၂၀၀၄ အေသင်အိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့အတူ ပထမဆုံးပါဝင်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ၁၉၉၆၊ ၂၀၀၀ အိုလံပစ်ပြိုင်ပွဲတွေမှာ စတုတ္ထ၊ ၂၀၀၄၊ ၂၀၀၈ ပြိုင်ပွဲမှာဗိုလ်လုပွဲအဆင့်တက်ခဲ့ပေမယ့် နှစ်ကြိမ်စလုံးဒုတိယငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရပြီး

၂၀၁၂ မှာ ကွာတားဖိုင်နယ်၊ ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ စတုတ္ထနဲ့ အခု ၂၀၂ဝတိုကျိုအိုလံပစ်မှာ ကွာတားဖိုင်နယ်အဆင့်တက်ရောက်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းနဲ့အတူ နာမည်ကြီးအသင်းတွေဖြစ်တဲ့ ဂျပန်၊ ဂရိတ်ဗြိတိန်အသင်းတို့ဟာလည်း ကွာတားဖိုင်နယ်အဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပြီး

အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ အောင်မြင်မှုအများဆုံးအမေရိကန်အသင်းကတော့ ကွာတားဖိုင်နယ်မှာ နယ်သာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့အတွက် ဆီမီးဖိုင်နယ်မှာ ကနေဒါအသင်းနဲ့ဆုံတွေ့ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အိုလံပစ္ၿပိဳင္ပြဲတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ေ႐ႊတံဆိပ္ဆုရယူဖို႔ ေမွ်ာ္လင့္ခ်က္အဆုံးသတ္သြားၿပီျဖစ္တဲ့ ဘရာဇီးလ္အမ်ိဳးသမီးအသင္း

ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားဆုကို (၆)ႀကိမ္အထိရယူထားတဲ့ နာမည္ေက်ာ္ေဘာလုံးသမား မာတာရဲ႕ဘရာဇီးလ္အသင္းကေတာ့ ၂၀၂၀ တိုက်ိဳအိုလံပစ္အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္ကေနပဲလွည့္ျပန္ခဲ့ရၿပီး အိုလံပစ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ေ႐ႊတံဆိပ္ဆုရယူဖို႔ ေမွ်ာ္လင့္ခ်က္ အဆုံးသတ္ခဲ့ရၿပီျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းကို မာတာနဲ႔ အသက္(၄၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ၀ါရင့္ကြင္းလယ္လူေဖာ္မီဂါတို႔က အဓိကဦးေဆာင္ခဲ့ၿပီး မာတာဟာ အိုလံပစ္ၿပိဳင္ပြဲ(၅)ႀကိမ္ဆက္ ဂိုးသြင္းခဲ့တဲ့ ပထမဆုံးကစားသမား၊ ေဖာ္မီဂါဟာ အိုလံပစ္ၿပိဳင္ပြဲ(၇)ႀကိမ္အထိ ပါဝင္ကစားခဲ့တဲ့ပထမဆုံးကစားသမားအျဖစ္ စံခ်ိန္ေကာင္းေတြရရွိခဲ့ၾကေပမယ့္ အသင္းအတြက္အေရးပါတဲ့ ေ႐ႊတံဆိပ္ဆုကိုေတာ့ မရယူေပးႏိုင္ခဲ့ၾကပါဘူး။

ဘရာဇီးလ္အသင္းဟာ ကြာတားဖိုင္နယ္မွာ အစဥ္အလာသိပ္မရွိတဲ့ ကေနဒါအသင္းနဲ႔ရင္ဆိုင္ခဲ့ရလို႔ အလြယ္တကူေက်ာ္ျဖတ္ႏိုင္မယ္လို႔ ထင္ခဲ့ၾကေပမယ့္ မိနစ္(၉၀)အတြင္း ဂိုးမရွိသေရက်ခဲ့သလို အခ်ိန္ပိုမွာလည္း ဂိုးမသြင္းႏိုင္ခဲ့လို႔ ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့တာမွာေတာ့ ဘရာဇီးလ္အသင္းက (၄-၃)ဂိုးနဲ႔ရႈံးနိမ့္ၿပီး ကြာတားဖိုင္နယ္အဆင့္နဲ႔ပဲေက်နပ္လိုက္ရၿပီျဖစ္ပါတယ္။

မာတာနဲ႔ ေဖာ္မီဂါတို႔ဟာ လက္ေ႐ြးစင္ကစားသမားဘဝ ေနာက္ဆုံးအိုလံပစ္ၿပိဳင္ပြဲလို႔သတ္မွတ္ရမယ့္ အခုၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရယူၿပီးအဆုံးသတ္ႏိုင္ဖို႔ ပစ္မွတ္ထားခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ပဲ သူတို႔ေမွ်ာ္လင့္ခ်က္က အဆုံးသတ္ခဲ့ရပါၿပီ။ ေဖာ္မီဂါဟာ ၁၉၉၆ ခုႏွစ္ကစလို႔ ဘရာဇီးလ္အသင္းကစားခဲ့တဲ့ အိုလံပစ္ၿပိဳင္ပြဲတိုင္းမွာ ပါဝင္ကစားခဲ့ၿပီး မာတာကေတာ့ ၂၀၀၄ ေအသင္အိုလံပစ္ၿပိဳင္ပြဲမွာ ဘရာဇီးလ္အသင္းနဲ႔အတူ ပထမဆုံးပါဝင္ဆင္ႏႊဲခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းဟာ ၁၉၉၆၊ ၂၀၀၀ အိုလံပစ္ၿပိဳင္ပြဲေတြမွာ စတုတၳ၊ ၂၀၀၄၊ ၂၀၀၈ ၿပိဳင္ပြဲမွာဗိုလ္လုပြဲအဆင့္တက္ခဲ့ေပမယ့္ ႏွစ္ႀကိမ္စလုံးဒုတိယေငြတံဆိပ္ဆုနဲ႔သာ ေက်နပ္ခဲ့ရၿပီး ၂၀၁၂ မွာ ကြာတားဖိုင္နယ္၊ ၂၀၁၆ ရီယိုအိုလံပစ္ၿပိဳင္ပြဲမွာ စတုတၳနဲ႔ အခု ၂၀၂ဝတိုက်ိဳအိုလံပစ္မွာ ကြာတားဖိုင္နယ္အဆင့္တက္ေရာက္ခဲ့ပါတယ္။

ဘရာဇီးလ္အသင္းနဲ႔အတူ နာမည္ႀကီးအသင္းေတြျဖစ္တဲ့ ဂ်ပန္၊ ဂရိတ္ၿဗိတိန္အသင္းတို႔ဟာလည္း ကြာတားဖိုင္နယ္အဆင့္ကေန လက္ျပႏႈတ္ဆက္ခဲ့ရၿပီး အိုလံပစ္အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲမွာ ေအာင္ျမင္မႈအမ်ားဆုံးအေမရိကန္အသင္းကေတာ့ ကြာတားဖိုင္နယ္မွာ နယ္သာလန္အသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရခဲ့တဲ့အတြက္ ဆီမီးဖိုင္နယ္မွာ ကေနဒါအသင္းနဲ႔ဆုံေတြ႕ရမွာျဖစ္ပါတယ္။