
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
နိုင်ငံတကာဘောလုံးကဏ္ဍမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂုဏ်သိက္ခာအကြီးဆုံးပြိုင်ပွဲတစ်ခုအဖြစ်သတ်မှတ်ထားကြပေမယ့် အိုလံပစ်ပြိုင်ပွဲကလည်း သမိုင်းကြောင်းအစဉ်အလာရ ဂုဏ်သိက္ခာမြင့်မားတဲ့ပြိုင်ပွဲတစ်ခုပါပဲ။
၁၉ဝဝပြည့် အိုလံပစ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဘောလုံးအားကစားနည်းကို ထည့်သွင်းခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ဘောလုံးပြိုင်ပွဲက ပါလိုက်၊ မပါလိုက်ဖြစ်ခဲ့ပေမယ့်
၁၉၃၂ ခုနှစ်ပြိုင်ပွဲကစလို့ အခုအချိန်အထိ အိုလံပစ်ပြိုင်ပွဲတိုင်းမှာထည့်သွင်းကျင်းပခဲ့သလို အမျိုးသမီးဘောလုံးပြိုင်ပွဲကိုတော့ ၁၉၉၆ ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဘောလုံးလောကရဲ့နာမည်ကျော်ကစားသမားတွေဟာ အိုလံပစ်ပြိုင်ပွဲနဲ့အတူ သူတို့ကစားသမားဘဝအောင်မြင်မှုပန်းတိုင်ရောက်ဖို့ အစပျိုးခဲ့ကြပြီး ရွှေတံဆိပ်ဆုရခဲ့တဲ့ နာမည်ကြီးတွေလည်း အများကြီးရှိပါတယ်။
အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွေမှာ အောင်မြင်မှုအများဆုံးအဖြစ်ရပ်တည်နေကြတဲ့ နိုင်ငံတွေကို နာမည်ကျော်အားကစားဝက်ဘ်ဆိုက်ဖြစ်တဲ့ Goal က အခုလိုပဲဖော်ပြခဲ့ပါတယ် . . .
အမျိုးသားဘောလုံးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို အကြိမ်အများဆုံးရရှိခဲ့တာကတော့ ဟန်ဂေရီနဲ့ဂရိတ်ဗြိတိန်အသင်းတို့ပဲဖြစ်ပြီး (၃)ကြိမ်စီနဲ့အကြိမ်အများဆုံးအဖြစ် ရပ်တည်နေတာပါ။
ဟန်ဂေရီနိုင်ငံက ၁၉၅၂၊ ၁၉၆၄၊ ၁၉၆၈ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ပြီး ၁၉၇၂ မှာ ငွေတံဆိပ်၊ ၁၉၆၀ မှာတော့ ကြေးတံဆိပ်တွေရရှိခဲ့ဖူးတာကြောင့် ဂရိတ်ဗြိတိန်ထက် အောင်မြင်မှုပိုများတယ်လို့ပြောရမှာဖြစ်ပါတယ်။
ဂရိတ်ဗြိတိန်အသင်းဟာ အိုလံပစ်ဘောလုံးပြိုင်ပွဲမှာ အကြိမ်တိုင်းပါဝင်ကစားလေ့မရှိပေမယ့် ရွှေတံဆိပ်ဆုကိုတော့ ဘောလုံးပြိုင်ပွဲ ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ၁၉၀၀ ခုနှစ်မှာဆွတ်ခူးခဲ့ပြီး ၁၉၀၈၊ ၁၉၁၂ ပြိုင်ပွဲတွေမှာလည်း ဗိုလ်စွဲခဲ့ပါတယ်။
ဂရိတ်ဗြိတိန်အသင်းဟာ ၂၀၁၂ ဗြိတိန်အိုလံပစ်နောက်ပိုင်း မယှဉ်ပြိုင်တော့ဘဲ ၂၀၁၆ ရီယိုအိုလံစ်၊ အခု ၂၀၂၀ တိုကျိုအိုလံပစ်ဘောလုံးပြိုင်ပွဲတွေမှာ မပါဝင်ခဲ့ပါဘူး။
သူတို့နှစ်သင်းပြီးရင်တော့ အာဂျင်တီးနားနိုင်ငံက ရွှေတံဆိပ်ဆု(၂)ခုနဲ့ တတိယအောင်မြင်မှုအများဆုံးဖြစ်နေပြီး ၂၀၀၈ ဘေဂျင်းအိုလံပစ်မှာ
မက်ဆီ၊ အဂွဲရိုးစတဲ့ လူငယ်ကြယ်ပွင့်ကစားသမားတွေ၊ တီဗက်ဇ်၊ မာရှေယာနိုတို့လို ကစားသမားကောင်းတွေရဲ့ဦးဆောင်မှုနဲ့အတူ ဒုတိယအကြိမ်မြောက် ရွှေတံဆိပ်ဆုရရှိခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးပြိုင်ပွဲမှာတော့ အမေရိကန်အသင်းက ရွှေတံဆိပ်(၄)ကြိမ်၊ ငွေတံဆိပ်(၁)ကြိမ်နဲ့ အောင်မြင်မှုအများဆုံးအသင်းအဖြစ် ပြတ်ပြတ်သားသားဦးဆောင်နေတာပါ။
အမေရိကန်အသင်းဟာ ၁၉၉၆၊ ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂ ခုနှစ်တွေမှာ ရွှေတံဆိပ်၊ ၂၀၀၀ ခုနှစ်မှာ ငွေတံဆိပ်ရရှိခဲ့ပြီး သူတို့နောက်မှာရှိနေတဲ့ ဂျာမနီ၊ နော်ဝေတို့ဟာ ရွှေတံဆိပ်(၁)ကြိမ်စီသာရရှိထားတာကြောင့်
အမေရိကန်အမျိုးသမီးအသင်းရဲ့ အောင်မြင်မှုကို အမီလိုက်နိုင်မယ့်အသင်းကတော့ လာမယ့်နှစ်တွေအတွင်း ထွက်ပေါ်လာဖို့မရှိသေးပါဘူး။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အိုလံပစ္ၿပိဳင္ပြဲတစ္ေလွ်ာက္ အမ်ိဳးသား၊အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲေတြမွာ ဘယ္ႏိုင္ငံက ေအာင္ျမင္မႈအမ်ားဆုံးျဖစ္ေနလဲ
ႏိုင္ငံတကာေဘာလုံးက႑မွာ ကမာၻ႔ဖလားၿပိဳင္ပြဲကို ဂုဏ္သိကၡာအႀကီးဆုံးၿပိဳင္ပြဲတစ္ခုအျဖစ္သတ္မွတ္ထားၾကေပမယ့္ အိုလံပစ္ၿပိဳင္ပြဲကလည္း သမိုင္းေၾကာင္းအစဥ္အလာရ ဂုဏ္သိကၡာျမင့္မားတဲ့ၿပိဳင္ပြဲတစ္ခုပါပဲ။ ၁၉ဝဝျပည့္ အိုလံပစ္ၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္အျဖစ္ ေဘာလုံးအားကစားနည္းကို ထည့္သြင္းခဲ့ၿပီး ေနာက္ပိုင္းႏွစ္ေတြမွာ ေဘာလုံးၿပိဳင္ပြဲက ပါလိုက္၊ မပါလိုက္ျဖစ္ခဲ့ေပမယ့္ ၁၉၃၂ ခုႏွစ္ၿပိဳင္ပြဲကစလို႔ အခုအခ်ိန္အထိ အိုလံပစ္ၿပိဳင္ပြဲတိုင္းမွာထည့္သြင္းက်င္းပခဲ့သလို အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲကိုေတာ့ ၁၉၉၆ ခုႏွစ္မွာ စတင္က်င္းပခဲ့တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္း ေဘာလုံးေလာကရဲ႕နာမည္ေက်ာ္ကစားသမားေတြဟာ အိုလံပစ္ၿပိဳင္ပြဲနဲ႔အတူ သူတို႔ကစားသမားဘဝေအာင္ျမင္မႈပန္းတိုင္ေရာက္ဖို႔ အစပ်ိဳးခဲ့ၾကၿပီး ေ႐ႊတံဆိပ္ဆုရခဲ့တဲ့ နာမည္ႀကီးေတြလည္း အမ်ားႀကီးရွိပါတယ္။ အိုလံပစ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အမ်ိဳးသား၊ အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈအမ်ားဆုံးအျဖစ္ရပ္တည္ေနၾကတဲ့ ႏိုင္ငံေတြကို နာမည္ေက်ာ္အားကစားဝက္ဘ္ဆိုက္ျဖစ္တဲ့ Goal က အခုလိုပဲေဖာ္ျပခဲ့ပါတယ္ . . .
အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲမွာ ေ႐ႊတံဆိပ္ဆုကို အႀကိမ္အမ်ားဆုံးရရွိခဲ့တာကေတာ့ ဟန္ေဂရီနဲ႔ဂရိတ္ၿဗိတိန္အသင္းတို႔ပဲျဖစ္ၿပီး (၃)ႀကိမ္စီနဲ႔အႀကိမ္အမ်ားဆုံးအျဖစ္ ရပ္တည္ေနတာပါ။ ဟန္ေဂရီႏိုင္ငံက ၁၉၅၂၊ ၁၉၆၄၊ ၁၉၆၈ ၿပိဳင္ပြဲေတြမွာ ဗိုလ္စြဲခဲ့ၿပီး ၁၉၇၂ မွာ ေငြတံဆိပ္၊ ၁၉၆၀ မွာေတာ့ ေၾကးတံဆိပ္ေတြရရွိခဲ့ဖူးတာေၾကာင့္ ဂရိတ္ၿဗိတိန္ထက္ ေအာင္ျမင္မႈပိုမ်ားတယ္လို႔ေျပာရမွာျဖစ္ပါတယ္။ ဂရိတ္ၿဗိတိန္အသင္းဟာ အိုလံပစ္ေဘာလုံးၿပိဳင္ပြဲမွာ အႀကိမ္တိုင္းပါဝင္ကစားေလ့မရွိေပမယ့္ ေ႐ႊတံဆိပ္ဆုကိုေတာ့ ေဘာလုံးၿပိဳင္ပြဲ ပထမဆုံးအႀကိမ္က်င္းပခဲ့တဲ့ ၁၉၀၀ ခုႏွစ္မွာဆြတ္ခူးခဲ့ၿပီး ၁၉၀၈၊ ၁၉၁၂ ၿပိဳင္ပြဲေတြမွာလည္း ဗိုလ္စြဲခဲ့ပါတယ္။
ဂရိတ္ၿဗိတိန္အသင္းဟာ ၂၀၁၂ ၿဗိတိန္အိုလံပစ္ေနာက္ပိုင္း မယွဥ္ၿပိဳင္ေတာ့ဘဲ ၂၀၁၆ ရီယိုအိုလံစ္၊ အခု ၂၀၂၀ တိုက်ိဳအိုလံပစ္ေဘာလုံးၿပိဳင္ပြဲေတြမွာ မပါဝင္ခဲ့ပါဘူး။ သူတို႔ႏွစ္သင္းၿပီးရင္ေတာ့ အာဂ်င္တီးနားႏိုင္ငံက ေ႐ႊတံဆိပ္ဆု(၂)ခုနဲ႔ တတိယေအာင္ျမင္မႈအမ်ားဆုံးျဖစ္ေနၿပီး ၂၀၀၈ ေဘဂ်င္းအိုလံပစ္မွာ မက္ဆီ၊ အဂြဲ႐ိုးစတဲ့ လူငယ္ၾကယ္ပြင့္ကစားသမားေတြ၊ တီဗက္ဇ္၊ မာေရွယာႏိုတို႔လို ကစားသမားေကာင္းေတြရဲ႕ဦးေဆာင္မႈနဲ႔အတူ ဒုတိယအႀကိမ္ေျမာက္ ေ႐ႊတံဆိပ္ဆုရရွိခဲ့တာျဖစ္ပါတယ္။
အမ်ိဳးသမီးၿပိဳင္ပြဲမွာေတာ့ အေမရိကန္အသင္းက ေ႐ႊတံဆိပ္(၄)ႀကိမ္၊ ေငြတံဆိပ္(၁)ႀကိမ္နဲ႔ ေအာင္ျမင္မႈအမ်ားဆုံးအသင္းအျဖစ္ ျပတ္ျပတ္သားသားဦးေဆာင္ေနတာပါ။ အေမရိကန္အသင္းဟာ ၁၉၉၆၊ ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂ ခုႏွစ္ေတြမွာ ေ႐ႊတံဆိပ္၊ ၂၀၀၀ ခုႏွစ္မွာ ေငြတံဆိပ္ရရွိခဲ့ၿပီး သူတို႔ေနာက္မွာရွိေနတဲ့ ဂ်ာမနီ၊ ေနာ္ေဝတို႔ဟာ ေ႐ႊတံဆိပ္(၁)ႀကိမ္စီသာရရွိထားတာေၾကာင့္ အေမရိကန္အမ်ိဳးသမီးအသင္းရဲ႕ ေအာင္ျမင္မႈကို အမီလိုက္ႏိုင္မယ့္အသင္းကေတာ့ လာမယ့္ႏွစ္ေတြအတြင္း ထြက္ေပၚလာဖို႔မရွိေသးပါဘူး။