အိုဇေးလ်ရဲ့ ဒီရာသီတစ်မိနစ် ကစားကြေးက ပေါင် ၁၉၇၁၈ အထိရှိနေ

Photo- Internet
Photo- Internet

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ကွင်းလယ်လူအိုဇေးလ် တစ်မိနစ်ကစားတိုင်း ပေါင် ၁၉၇၁၈ အထိကုန်ကျနေတယ်လို့ သိရပါတယ်။ အိုဇေးလ်ဟာ လက်ရှိမှာ ပုံမှန်နေရာ မရဘဲရုန်းကန်နေရသူဖြစ်ပြီး နည်းပြ အမ်မရီက သူ့ရဲ့ကြိုးစားအားထုတ်မှု ပိုင်းကို မကျေမနပ်ဖြစ်နေတာပါ။

၂၀၁၃ ကရီးရဲလ်မက်ဒရစ်ကနေပေါင် ၄၂ သန်းနဲ့ ခေါ်ယူခဲ့တုန်းက အိုဇေးလ်ဟာအသက် ၂၄ နှစ်သာရှိသေးတာပါ။ သူဟာ ဥရောပဘောလုံးလောကရဲ့ အတောက်ပဆုံးလူငယ်ကစားသမား တစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရပြီး ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းဗိုလ်စွဲတော့လည်း အရေးပါသူဖြစ်ခဲ့ပါတယ်။

Photo- Internet

သူဟာ အာဆင်နယ်အသင်းရဲ့ လစာအများဆုံးရသူ ကစားသမားအဖြစ်မှတ်တမ်း ဝင်ထားသူဖြစ်ပြီး တစ်ပတ်ကိုပေါင် ၃၅၀၀၀၀ ရရှိနေတာပါ။ ဒါပေမယ့် လက်ရှိမှာ အသက် ၃၀ ရှိပြီဖြစ်တဲ့ အိုဇေးလ်ဟာခြေစွမ်းကျဆင်းမှုနဲ့အတူ ကြိုးစားအားထုတ်မှု ပိုင်းမှာလည်း မေးခွန်းထုတ်ခံနေရပြီး အာဆင်နယ်မှာ နေရာမရဘဲဖြစ်နေတာပါ။
သူဟာဒီရာသီမှာ အာဆင်နယ်အတွက် လိဂ်ဖလားတစ်ပွဲနဲ့ ပရီးမီးယားလိဂ် တစ်ပွဲသာဝင်ကစားရသေးတာပါ။

Photo- Internet

သူ့ပွဲကစားချိန်က ၁၄၂ မိနစ်သာရှိတဲ့အတွက် အာဆင်နယ်ဟာ သူတစ်မိနစ်ကစားတိုင်း ပေါင် ၁၉၇၁၈ ကုန်ကျကာ တစ်စက္ကန့်စာအတွက် ၃၂၈ ပေါင်ပေးနေရပါတယ်။ဒါကြောင့်လည်း ကလပ်ရဲ့ဘောလုံးဒါရိုက်တာ ရာအူးလ်ဆာနယ်ဟီ ကိုယ်တိုင်က အမ်မရီဘက်ကထောက်ခံခဲ့ပြီး အိုဇေးလ်အနေနဲ့ ပြင်းထန်တဲ့ကြိုးစားအားထုတ်မှု ပိုင်းပြသဖို့လိုတယ်လို့ မကြာသေးခင်ကတင် သတိပေးခဲ့သေးတာဖြစ်ပါတယ်။

Photo- Internet

သုံးသပ်သူ အချို့ကတော့ အိုဇေးလ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ မှာဂျာမနီအသင်း ရလဒ်တွေဆိုးမှုနဲ့ ပတ်သက်ပြီး အပြင်းအထန်ဝေဖန်ခံရလို့ ဂျာမနီအသင်းကနေ အပြီးတိုင်အနားယူခဲ့တဲ့အပြင် ဒီရာသီအစမှာလည်း ကစားဖော် ကိုလာစီနက် နဲ့အတူ ဓါးကိုင်ထားတဲ့သူတွေရဲ့ လုယက်ခြင်းကို ခံခဲ့ရသေးလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတယ်လို့ ဆိုကြပါတယ်။

Zawgyi

အိုေဇးလ္ရဲ႕ ဒီရာသီတစ္မိနစ္ ကစားေၾကးက ေပါင္ ၁၉၇၁၈ အထိရွိေန

အာဆင္နယ္အသင္းဟာ ဒီရာသီမွာ ကြင္းလယ္လူအိုေဇးလ္ တစ္မိနစ္ကစားတိုင္း ေပါင္ ၁၉၇၁၈ အထိကုန္က်ေနတယ္လို႔ သိရပါတယ္။ အိုေဇးလ္ဟာ လက္ရွိမွာ ပုံမွန္ေနရာ မရဘဲရုန္းကန္ေနရသူျဖစ္ၿပီး နည္းျပ အမ္မရီက သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈ ပိုင္းကို မေက်မနပ္ျဖစ္ေနတာပါ။

၂၀၁၃ ကရီးရဲလ္မက္ဒရစ္ကေနေပါင္ ၄၂ သန္းနဲ႔ ေခၚယူခဲ့တုန္းက အိုေဇးလ္ဟာအသက္ ၂၄ ႏွစ္သာရွိေသးတာပါ။ သူဟာ ဥေရာပေဘာလုံးေလာကရဲ႕ အေတာက္ပဆုံးလူငယ္ကစားသမား တစ္ဦးအျဖစ္သတ္မွတ္ခံခဲ့ရၿပီး ၂၀၁၄ ကမၻာ႔ဖလားမွာ ဂ်ာမနီအသင္းဗိုလ္စြဲေတာ႔လည္း အေရးပါသူျဖစ္ခဲ့ပါတယ္။

သူဟာ အာဆင္နယ္အသင္းရဲ႕ လစာအမ်ားဆုံးရသူ ကစားသမားအျဖစ္မွတ္တမ္း ၀င္ထားသူျဖစ္ၿပီး တစ္ပတ္ကိုေပါင္ ၃၅၀၀၀၀ ရရွိေနတာပါ။ ဒါေပမယ္႔ လက္ရွိမွာ အသက္ ၃၀ ရွိၿပီျဖစ္တဲ႔ အိုေဇးလ္ဟာေျခစြမ္းက်ဆင္းမႈနဲ႔အတူ ႀကိဳးစားအားထုတ္မႈ ပိုင္းမွာလည္း ေမးခြန္းထုတ္ခံေနရၿပီး အာဆင္နယ္မွာ ေနရာမရဘဲျဖစ္ေနတာပါ။ သူဟာဒီရာသီမွာ အာဆင္နယ္အတြက္ လိဂ္ဖလားတစ္ပြဲနဲ႔ ပရီးမီးယားလိဂ္ တစ္ပြဲသာ၀င္ကစားရေသးတာပါ။

သူ႔ပြဲကစားခ်ိန္က ၁၄၂ မိနစ္သာရွိတဲ႔အတြက္ အာဆင္နယ္ဟာ သူတစ္မိနစ္ကစားတိုင္း ေပါင္ ၁၉၇၁၈ ကုန္က်ကာ တစ္စကၠန္႔စာအတြက္ ၃၂၈ ေပါင္ေပးေနရပါတယ္။ဒါေၾကာင့္လည္း ကလပ္ရဲ႕ေဘာလုံးဒါရိုက္တာ ရာအူးလ္ဆာနယ္ဟီ ကိုယ္တိုင္က အမ္မရီဘက္ကေထာက္ခံခဲ့ၿပီး အိုေဇးလ္အေနနဲ႔ ျပင္းထန္တဲ႔ႀကိဳးစားအားထုတ္မႈ ပိုင္းျပသဖို႔လိုတယ္လို႔ မၾကာေသးခင္ကတင္ သတိေပးခဲ့ေသးတာျဖစ္ပါတယ္။

သုံးသပ္သူ အခ်ဳိ႕ကေတာ႔ အိုေဇးလ္ဟာ ၿပီးခဲ့တဲ႔ ၂၀၁၈ မွာဂ်ာမနီအသင္း ရလဒ္ေတြဆုိးမႈနဲ႔ ပတ္သက္ၿပီး အျပင္းအထန္ေ၀ဖန္ခံရလို႔ ဂ်ာမနီအသင္းကေန အၿပီးတိုင္အနားယူခဲ့တဲ႔အျပင္ ဒီရာသီအစမွာလည္း ကစားေဖာ္ ကိုလာစီနက္ နဲ႔အတူ ဓါးကိုင္ထားတဲ႔သူေတြရဲ႕ လုယက္ျခင္းကို ခံခဲ့ရေသးလို႔ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ေနတယ္လို႔ ဆိုၾကပါတယ္။