အိုက်စ်လန်နိုင်ငံမှာရှိနေစဉ် အင်္ဂလန်အသင်းမှ ချမှတ်ထားသည့်စည်းကမ်းချိုးဖောက်ခဲ့မှုအပေါ် တောင်းပန်စကားဆိုခဲ့သည့် ဂရင်းဝုဒ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
ဖြစ်ပျက်ခဲ့ရာတွေကိုအခုပြန်စဉ်းစားသုံးသပ်ဖို့အခွင့်အရေးရပြီးတဲ့နောက် ကျွန်တော်လုပ်ခဲ့သောအမှားအတွက်အရင်ဆုံး လူတိုင်းကို တောင်းပန်ပါတယ်။
ကျွန်တော်လုပ်ခဲ့တဲ့အရာ အပေါ် အရှက်ရမိလို့လူတိုင်းကို တောင်းပန်ချင်ပါတယ်။ ကိုဗစ် 19 ရောဂါကြောင့်ထုတ်ပြန်ထားတဲ့ ကစားသမားတွေ၊ ဝန်ထမ်း တွေ နဲ့ လူထုတွေအတွက်ကန့်သတ်ထားတဲ့ နေရာတွေမှာ နေရမယ့် စည်းကမ်းကိုချိုး ဖောက်မိသလိုလည်းဖြစ်ခဲ့ပါသေးတယ်။
အထူးသဖြင့် ဆောက်ဂိတ်က ကျွန်တော့်အပေါ်ယုံကြည်မှုပေးတဲ့အချိန် သူ့ရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်မိသလိုဖြစ်မိလို့ သူ့ကိုအထူး တောင်းပန်လိုပါတယ်။ အင်္ဂလန်အသင်းအတွက် ကစားပေးရတဲ့ အချိန်က ကျွန်တော့်အတွက် အကောင်းဆုံးအချိန်တွေထဲက တစ်ခုပါ။
အခုအချိန်မှာ ကျွန်တော် ကိုယ်တိုင်လည်း ကြီးမားတဲ့အမှားလုပ်မိတယ်လို့ခံစားနေရပါတယ်။ အခုဖြစ်ခဲ့တဲ့ ကိစ္စမှာလည်း ကျွန်တော်ကိုယ့်ကိုယ်ကိုအပြစ်တင်ဖို့ပဲရှိပြီး သင်ခန်းစာအဖြစ်မှတ်ယူပါတယ်။ ကျွန်တော့်မိသားစု၊ ပရိသတ် တွေ၊ ယူနိုက်တက်အသင်း နဲ့ အင်္ဂလန် အသင်းကို ကတိပေးပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က လူမှုမီဒီယာတစ်ခုမှာ ဖိုဒင်း ကအင်္ဂလန်မြေမှာကစားမယ့် ဒိန်းမတ်အသင်းနှင့်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ လွဲချော်ခဲ့ရတာဟာ သူ့အတွက်“ နာကျင်စေ” ခဲ့ပြီး“ ဒီအမှားကနေ အဖိုးတန်သင်ခန်းစာယူခဲ့ပါပြီ”လို့ ပြောကြားခဲ့ပါတယ်။
အိုက်စ်လန် ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူတစ်ဦး ကဘီဘီစီအားကစားသတင်းဌာနကို ဂရင်းဝုဒ် နှင့် ဖိုဒင်း တို့ကို အိုက်စလန်ခရိုနာ ၂၅၀,၀၀၀ (ပေါင် ၁,၃၆၀) ဒဏ်ရိုက်ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
zawgyi