အိမ်ရှာလို့ မရသေးခင် မက်ဆီကို သူ့အိမ်မှာ လာနေဖို့ ဖိတ်ခေါ်တဲ့ ရာမို့စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မက်ဆီနဲ့ သူ့မိသားစုဟာ ဘာစီလိုနာကနေ ထွက်ခွာလာပြီးနောက် ပဲရစ်မှာတော့ သူတို့ကို ခမ်းနားစွာ ကြိုဆိုခံရပါတယ်။

လက်ရှိ နေထိုင်ဖို့ အိမ်ရှာနေတဲ့ ကာလမှာလည်း တစ်ည ပေါင် ၁၇၀၀၀ တန် ထူးရှယ် ဟိုတယ်ခန်းမှာ တည်းခိုနေကြပါတယ်။

နေထိုင်ဖို့ အိမ်ရှာနေတဲ့ အခိုက်မှာ မက်ဆီဟာ ပဲရစ်မြို့က ကြယ်ငါးပွင့် ဟိုတယ် ဖြစ်တဲ့ ထိပ်တန်း Le Royal Monceau ဟိုတယ် မှာ တည်းခို နေထိုင်နေပါတယ်။

ထို ဟိုတယ်မှာ အခန်းတွေက တစ်ည ပေါင် ၇၀၀ လောက်က စပြီး ရှိပေမယ့် မက်ဆီနေထိုင်တဲ့ အခန်းကတော့ တစ်ည ပေါင် ၁၇၀၀၀ တန် ဖြစ်ပါတယ်။

တကယ့်ကို ဇိမ်ခံပစ္စည်း အသုံးအဆောင်တွေနဲ့ ပြည့်နှက်နေတဲ့ အခန်းမှာ မက်ဆီတို့ မိသားစု နေရတဲ့ အပြင် သူတို့ အတွက် ပရိုက်ဗိတ် ရေကူးကန် တစ်ခု၊ ရုပ်ရှင်ရုံ တစ်ခု အပြင် စားသောက်ဆိုင် ၆ ခုပါ ဝန်ဆောင်မှုထဲ ပါဝင် ပါတယ်။

တစ်ဖက်မှာလည်း ရာမို့စ်က မက်ဆီအနေနဲ့ အိမ်မရသေးခင်အချိန်ကာလမှာ သူ့ရဲ့ အိမ်မှာ လာရောက်နေထိုင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။

တကယ့်ကိုပဲ လေးစားစရာကောင်းတဲ့ အပြုအမူမျိုးဖြစ်ပြီး အတိတ်မှာ ဘယ်လိုပဲ ပြိုင်ဘက်တွေ ဖြစ်ခဲ့ဖြစ်ခဲ့ အခုအခါမှာ ပီအက်စ်ဂျီအသင်းအတွက် အတူတကွ တိုက်ပွဲဝင်ရတော့မယ့် ကစားဖော်ကို လိုလိုချင်ချင်ပဲ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

မက်ဆီကတော့ လက်ရှိမှာ အိမ်တစ်လုံး ရရှိဖို့ ကြိုးပမ်းနေပြီး ရာမို့စ်ရဲ့ ဖိတ်ခေါ်မှုကိုတော့ ပြန်လည်အကြောင်းကြားတာတွေမရှိသေးသလို သတင်းတွေထပ်ထွက်လာတာလည်း မရှိသေးပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အိမ္ရွာလို႔ မရေသးခင္ မက္ဆီကို သူ႔အိမ္မွာ လာေနဖို႔ ဖိတ္ေခၚတဲ့ ရာမို႔စ္

မက္ဆီနဲ႔ သူ႔မိသားစုဟာ ဘာစီလိုနာကေန ထြက္ခြာလာၿပီးေနာက္ ပဲရစ္မွာေတာ့ သူတို႔ကို ခမ္းနားစြာ ႀကိဳဆိုခံရပါတယ္။ လက္ရွိ ေနထိုင္ဖို႔ အိမ္ရွာေနတဲ့ ကာလမွာလည္း တစ္ည ေပါင္ ၁၇၀၀၀ တန္ ထူးရွယ္ ဟိုတယ္ခန္းမွာ တည္းခိုေနၾကပါတယ္။

ေနထိုင္ဖို႔ အိမ္ရွာေနတဲ့ အခိုက္မွာ မက္ဆီဟာ ပဲရစ္ၿမိဳ႕က ၾကယ္ငါးပြင့္ ဟိုတယ္ ျဖစ္တဲ့ ထိပ္တန္း Le Royal Monceau ဟိုတယ္ မွာ တည္းခို ေနထိုင္ေနပါတယ္။ ထို ဟိုတယ္မွာ အခန္းေတြက တစ္ည ေပါင္ ၇၀၀ ေလာက္က စၿပီး ရွိေပမယ့္ မက္ဆီေနထိုင္တဲ့ အခန္းကေတာ့ တစ္ည ေပါင္ ၁၇၀၀၀ တန္ ျဖစ္ပါတယ္။

တကယ့္ကို ဇိမ္ခံပစၥည္း အသုံးအေဆာင္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ အခန္းမွာ မက္ဆီတို႔ မိသားစု ေနရတဲ့ အျပင္ သူတို႔ အတြက္ ပ႐ိုက္ဗိတ္ ေရကူးကန္ တစ္ခု၊ ႐ုပ္ရွင္႐ုံ တစ္ခု အျပင္ စားေသာက္ဆိုင္ ၆ ခုပါ ဝန္ေဆာင္မႈထဲ ပါဝင္ ပါတယ္။

တစ္ဖက္မွာလည္း ရာမို႔စ္က မက္ဆီအ​ေနနဲ႔ အိမ္မရေသးခင္အခ်ိန္ကာလမွာ သူ႔ရဲ႕ အိမ္မွာ လာေရာက္ေနထိုင္ဖို႔ဖိတ္ေခၚခဲ့ပါတယ္။ တကယ့္ကိုပဲ ေလးစားစရာေကာင္းတဲ့ အျပဳအမူမ်ိဳးျဖစ္ၿပီး အတိတ္မွာ ဘယ္လိုပဲ ၿပိဳင္ဘက္​ေတြ ျဖစ္ခဲ့ျဖစ္ခဲ့ အခုအခါမွာ ပီအက္စ္ဂ်ီအသင္းအတြက္ အတူတကြ တိုက္ပြဲဝင္ရေတာ့မယ့္ ကစားေဖာ္ကို လိုလိုခ်င္ခ်င္ပဲ ဖိတ္ေခၚခဲ့တာျဖစ္ပါတယ္။

မက္ဆီကေတာ့ လက္ရွိမွာ အိမ္တစ္လုံး ရရွိဖို႔ ႀကိဳးပမ္းေနၿပီး ရာမို႔စ္ရဲ႕ ဖိတ္ေခၚမႈကိုေတာ့ ျပန္လည္အေၾကာင္းၾကားတာေတြမရွိေသးသလို သတင္းေတြထပ္ထြက္လာတာလည္း မရွိ​ေသးပါဘူး။