အိမ်ရှင်ဖိလစ်ပိုင်ရဲ့ညံ့ဖျင်းတဲ့ကျွေးမွေးမှုတွေကြောင့် ကိုယ်တိုင်ဈေးထွက်ဝယ်နေရတဲ့ ဗီယက်နမ်အမျိုးသမီးအသင်းနည်းပြ

Photo Credit

Photo Credit

ကျင်းပလျက်ရှိတဲ့ ၂၀၁၉ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှာ အိမ်ရှင်ဖိလစ်ပိုင်တွေရဲ့စီစဉ်ညွှန်ကြားပုံ ညံ့ဖျင်းမှုတွေကြောင့် ပြဿနာတွေတစ်ခုပြီးတစ်ခု တက်နေရာ ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီလည်း ဝေဖန်မှုတွေနဲ့အပြင်းအထန်ရင်ဆိုင်နေရပါတယ်။

Photo Credit

ဖိလစ်ပိုင်တွေရဲ့စီစဉ်မှုညံ့ဖျင်းတာကြောင့် ကြားထဲကနေ ခံခဲ့ရတဲ့အသင်းတွေအနက် မြန်မာအမျိုးသားအသင်းလည်း ပါဝင်ခဲ့ပြီး အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းက ဗီယက်နမ်အမျိုးသမီးအသင်းဖြစ်ပါတယ်။

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ ဗီယက်နမ်အမျိုးသမီးအသင်းနည်းပြ မိုင်ဒက်ချောင်ဟာ ပြိုင်ပွဲကျင်းပရေးကော်မတီက စီစဉ်ပေးတဲ့အစားအသောက်ကျွေးမွေးပုံ ညံ့ဖျင်းမှုကြောင့် သူ့အသင်းသားတွေ မစားနိုင်၊ မသောက်နိုင်ဖြစ်လို့ သူ့နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ကိုယ်တိုင်ဈေးဝယ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit

သူဟာ အသင်းတည်းခိုရာဟိုတယ်နဲ့ မီတာ ၃၀၀ ဝေးကွာတဲ့စူပါမားကတ်အထိ သွားရောက်ကာ အစားအသောက်နဲ့ အသီးအရွက်တွေ ကိုယ်တိုင်ဝယ်ယူခဲ့ပြီး ဗီယက်နမ်အမျိုးသမီးအသင်းက ဖိလစ်ပိုင်နိုင်ငံ၊ ဆီလန်းမြို့မှာ အခြေချထားပါတယ်။

Photo Credit

ဗီယက်နမ်အမျိုးသမီးအသင်းဟာ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့အုပ်စု B မှာ ထိုင်း၊ အင်ဒိုနီးရှားတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ယနေ့နေ့လယ်က ထိုင်းအသင်းနဲ့ကစားခဲ့ရာ ၁-၁ ဂိုးသရေကျခဲ့ပါတယ်။ဗီယက်နမ်အသင်းဟာ သောကြာနေ့မှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အင်ဒိုနီးရှားနဲ့ကစားရမှာဖြစ်ပြီး ထိုင်းကတော့ ဒီဇင်ဘာလ ၂ရက်နေ့ရောက်မှ အင်ဒိုနီးရှားနဲ့ နောက်ဆုံးပွဲကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

အိမ္ရွင္ဖိလစ္ပိုင္ရဲ႕ညံ့ဖ်င္းတဲ့ေကၽြးေမြးမႈေတြေၾကာင့္ ကိုယ္တိုင္ေစ်းထြက္၀ယ္ေနရတဲ့ ဗီယက္နမ္အမ်ိဳးသမီးအသင္းနည္းျပ

က်င္းပလ်က္ရွိတဲ့ ၂၀၁၉ ဆီးဂိမ္းစ္ေဘာလုံးၿပိဳင္ပဲြမွာ အိမ္ရွင္ဖိလစ္ပိုင္ေတြရဲ႕စီစဥ္ညႊန္ၾကားပုံ ညံ့ဖ်င္းမႈေတြေၾကာင့္ ျပႆနာေတြတစ္ခုၿပီးတစ္ခု တက္ေနရာ ဆီးဂိမ္းစ္ၿပိဳင္ပြဲက်င္းပေရးေကာ္မတီလည္း ေ၀ဖန္မႈေတြနဲ႔အျပင္းအထန္ရင္ဆုိင္ေနရပါတယ္။
ဖိလစ္ပိုင္ေတြရဲ႕စီစဥ္မႈည့ံဖ်င္းတာေၾကာင့္ ၾကားထဲကေန ခံခဲ့ရတဲ့အသင္းေတြအနက္ ျမန္မာအမ်ိဳးသားအသင္းလည္း ပါ၀င္ခဲ့ၿပီး အခုေနာက္ဆုံးထြက္ေပၚလာတ့ဲသတင္းက ဗီယက္နမ္အမ်ိဳးသမီးအသင္းျဖစ္ပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဗီယက္နမ္အမ်ိဳးသမီးအသင္းနည္းျပ မိုင္ဒက္ေခ်ာင္ဟာ ၿပိဳင္ပဲြက်င္းပေရးေကာ္မတီက စီစဥ္ေပးတဲ့အစားအေသာက္ေကၽြးေမြးပုံ ည့ံဖ်င္းမႈေၾကာင့္ သူ႕အသင္းသားေတြ မစားႏိုင္၊ မေသာက္ႏုိင္ျဖစ္လုိ႔ သူ႕နည္းျပအဖြဲ႕၀င္ေတြနဲ႔အတူ ကုိယ္တုိင္ေစ်း၀ယ္ထြက္ခဲ့တယ္လုိ႔ သိရပါတယ္။
သူဟာ အသင္းတည္းခုိရာဟုိတယ္နဲ႔ မီတာ ၃၀၀ ေ၀းကြာတဲ့စူပါမားကတ္အထိ သြားေရာက္ကာ အစားအေသာက္နဲ႔ အသီးအရြက္ေတြ ကိုယ္တုိင္၀ယ္ယူခဲ့ၿပီး ဗီယက္နမ္အမ်ိဳးသမီးအသင္းက ဖိလစ္ပိုင္ႏိုင္ငံ၊ ဆီလန္းၿမိဳ႕မွာ အေျခခ်ထားပါတယ္။
ဗီယက္နမ္အမ်ိဳးသမီးအသင္းဟာ ဆီးဂိမ္းစ္အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲရဲ႕အုပ္စု B မွာ ထုိင္း၊ အင္ဒိုနီးရွားတို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနၿပီး အဖြင့္ပဲြစဥ္အျဖစ္ ယေန႔ေန႔လယ္က ထိုင္းအသင္းနဲ႔ကစားခ့ဲရာ ၁-၁ ဂိုးသေရက်ခဲ့ပါတယ္။
ဗီယက္နမ္အသင္းဟာ ေသာၾကာေန႔မွာ အုပ္စုေနာက္ဆုံးပဲြစဥ္အျဖစ္ အင္ဒိုနီးရွားနဲ႔ကစားရမွာျဖစ္ၿပီး ထုိင္းကေတာ့ ဒီဇင္ဘာလ ၂ရက္ေန႔ေရာက္မွ အင္ဒိုနီးရွားနဲ႔ ေနာက္ဆုံးပဲြကစားရမွာျဖစ္ပါတယ္။