
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒီရက်ပိုင်းမှာတော့ ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ မှိုလိုပေါက်နေတယ်လို့ဆိုရမှာပါ။
မီဒီယာတွေရဲ့ ချဲ့ကားရေးမှုတွေရှိသလို လက်တွေ့ကျတဲ့ သတင်းတွေလည်း ရှိပါတယ်။
ဒီနေ့မနက်မှာ ထွက်ပေါ်လာခဲ့တဲ့ သတင်းတပုဒ်ကတော့ ချဲလ်ဆီးပရိသတ်တွေကို စိတ်လှုပ်ရှားစေမှာပါ။
ဘယ်လ်ဂျီယံ တောင်ပံကစား အီဒင် ဟာဇက်က ချဲလ်ဆီး ကိုပြန်လည်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ စပိန်သတင်းစာ Marca ရဲ့အဆိုအရ သိရပါတယ်။
ရီးရဲလ် နည်းပြသစ် အန်ဆယ်လော့တီ နဲ့ တွေ့ဆုံရင် သူ့ရဲ့အနာဂတ်ကို သေချာဆွေးနွေးသွားဖို့ ရှိနေပါတယ်။
ရီးရဲလ်ကလည်း ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်နေရတဲ့ ဟာဇက် ကို အရောင်းစာရင်းတင်ထားပါတယ်။
သူ့ကိုချစ်တဲ့သူတွေရဲ့ ရင်ခွင်ကိုပစ်ပယ်ပြီး အိပ်မက်တွေရှိရာကို ထွက်ခွါသွားခဲ့တဲ့ ဟာဇက် ကို ချဲလ်ဆီးပရိသတ်တွေအနေနဲ့ ကြည်ကြည်ဖြူဖြူ ပြန်လက်ခံနိုင်ဖို့ မသေချာသလို နည်းပြတူချဲလ် ကလည်း ဒဏ်ရာလူသားဖြစ်နေပြီဖြစ်တဲ့ ဟာဇက် ကို အလိုမရှိလောက်ဘူးလို့တော့ သုံးသပ်မိပါတယ်။
ပြီးခဲ့တဲ့ ရာသီက တိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည်ကို အားကိုးလို့မရခဲ့တာကြောင့် လာမယ့်ရာသီအတွက် ကမ္ဘာ့အဆင့်တိုက်စစ်မှူး တယောက်ကို အရခေါ်ယူနိုင်ဖို့တော့ ချဲလ်ဆီး က တကယ်ကို ကြိုးစားနေတာပါ။
ဂျာမန်အင်အားကြီးကလပ် ဘိုင်ယန် နဲ့ ဒေါ့မွန် အသင်းတို့ရဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေဖြစ်တဲ့ လီဝန်ဒေါစကီး နဲ့ ဟာလန်း တို့ကို ချဲလ်ဆီးက တရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ထားပါတယ်။
ဒါပေမဲ့ အဆိုပါ ၂ သင်းလုံးက သူတို့ရဲ့တိုက်စစ်မှူးတွေကို ရောင်းချဖို့မရှိတာကြောင့် ချဲလ်ဆီးအနေနဲ့ အခက်တွေ့နေရတာဖြစ်ပါတယ်။
ဒါကြောင့် နည်းပြ တူချဲလ် က ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ နောက်ထပ်တိုက်စစ်မှူးတဦးဖြစ်တဲ့ စတုဂတ်အသင်းမှ ကာလာဂစ် ကို အစားထိုးခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
ကာလာဂစ် ဟာ ၂၄ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တိုက်စစ်မှူးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက စတုဂတ် အတွက် ဘွန်ဒစ်လီဂါသွင်းဂိုး ၁၆ ဂိုးအထိသွင်းပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း လက်ရွေးစင်အသင်းဖြစ်တဲ့ ဩစတြီးယားအသင်းမှာ ပါဝင်ကစားခဲ့ပြီး အီတလီ နဲ့ပွဲမှာ ခြေပဂိုး ၁ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
စတုဂတ် အသင်းက သူ့အတွက်ပြောင်းရွှေ့ကြေးကို ပေါင် ၃၅ သန်းလောက်သာ သတ်မှတ်ထားတာကြောင့် ချဲလ်ဆီး သာတကယ်ခေါ်ယူချင်မယ်ဆိုရင် အလွယ်တကူခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။
ဝက်စ်ဟမ်း ကတော့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ထားတဲ့ အင်္ဂလန်ကွင်းလယ်လူ ရိုက်စ် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ပေးရမယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။
ရိုက်စ် ဟာ ချဲလ်ဆီး ရဲ့ အဓိကပစ်မှတ်ကစားသမားဖြစ်ပေမဲ့ ဝက်စ်ဟမ်း တောင်းဆိုတဲ့ကြေးကိုတော့ ပေးချေပါ့မလားဆိုတာ စဉ်းစားစရာပါ။
ပထမဆုံးရာသီမှာပဲ ချန်ပီယံလိဂ်ဖလားယူပေးထားတဲ့ နည်းပြ တူချဲလ် သာ ဆန္ဒရှိတယ်ဆိုရင်တော့ ပိုင်ရှင်ဖြစ်သူ အေဘရာမိုဗစ် က သူ့ရဲ့ ဘဏ္ဍာတိုက်ကို ဖွင့်ပေးမှာသေချာပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အိမ္ျပန္ခ်င္ေနတဲ့ ဟာဇက္ ၊ ဘြန္ဒစ္လီဂါက တိုက္စစ္မႉးေနာက္တဦးကို မ်က္စိက်ျပန္တဲ့ တူခ်ဲလ္ ၊ ႐ိုက္စ္ အေၾကာင္းအပါအဝင္ ခ်ဲလ္ဆီးရဲ႕ ေနာက္ဆုံးရ သတင္းမ်ား
ဒီရက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕သတင္းေတြဟာ မႈိလိုေပါက္ေနတယ္လို႔ဆိုရမွာပါ။ မီဒီယာေတြရဲ႕ ခ်ဲ႕ကားေရးမႈေတြရွိသလို လက္ေတြ႕က်တဲ့ သတင္းေတြလည္း ရွိပါတယ္။
ဒီေန႔မနက္မွာ ထြက္ေပၚလာခဲ့တဲ့ သတင္းတပုဒ္ကေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြကို စိတ္လႈပ္ရွားေစမွာပါ။ ဘယ္လ္ဂ်ီယံ ေတာင္ပံကစား အီဒင္ ဟာဇက္က ခ်ဲလ္ဆီး ကိုျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္ေနတယ္လို႔ စပိန္သတင္းစာ Marca ရဲ႕အဆိုအရ သိရပါတယ္။ ရီးရဲလ္ နည္းျပသစ္ အန္ဆယ္ေလာ့တီ နဲ႔ ေတြ႕ဆုံရင္ သူ႔ရဲ႕အနာဂတ္ကို ေသခ်ာေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။
ရီးရဲလ္ကလည္း ဒဏ္ရာျပႆနာေတြနဲ႔သာ ႐ုန္းကန္ေနရတဲ့ ဟာဇက္ ကို အေရာင္းစာရင္းတင္ထားပါတယ္။ သူ႔ကိုခ်စ္တဲ့သူေတြရဲ႕ ရင္ခြင္ကိုပစ္ပယ္ၿပီး အိပ္မက္ေတြရွိရာကို ထြက္ခြါသြားခဲ့တဲ့ ဟာဇက္ ကို ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ ၾကည္ၾကည္ျဖဴျဖဴ ျပန္လက္ခံႏိုင္ဖို႔ မေသခ်ာသလို နည္းျပတူခ်ဲလ္ ကလည္း ဒဏ္ရာလူသားျဖစ္ေနၿပီျဖစ္တဲ့ ဟာဇက္ ကို အလိုမရွိေလာက္ဘူးလို႔ေတာ့ သုံးသပ္မိပါတယ္။
ၿပီးခဲ့တဲ့ ရာသီက တိုက္စစ္မႉးေတြရဲ႕ စြမ္းေဆာင္ရည္ကို အားကိုးလို႔မရခဲ့တာေၾကာင့္ လာမယ့္ရာသီအတြက္ ကမာၻ႔အဆင့္တိုက္စစ္မႉး တေယာက္ကို အရေခၚယူႏိုင္ဖို႔ေတာ့ ခ်ဲလ္ဆီး က တကယ္ကို ႀကိဳးစားေနတာပါ။
ဂ်ာမန္အင္အားႀကီးကလပ္ ဘိုင္ယန္ နဲ႔ ေဒါ့မြန္ အသင္းတို႔ရဲ႕ ကမာၻ႔အဆင့္ တိုက္စစ္မႉးေတြျဖစ္တဲ့ လီဝန္ေဒါစကီး နဲ႔ ဟာလန္း တို႔ကို ခ်ဲလ္ဆီးက တရားဝင္ကမ္းလွမ္းမႈေတြျပဳလုပ္ထားပါတယ္။ ဒါေပမဲ့ အဆိုပါ ၂ သင္းလုံးက သူတို႔ရဲ႕တိုက္စစ္မႉးေတြကို ေရာင္းခ်ဖို႔မရွိတာေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ အခက္ေတြ႕ေနရတာျဖစ္ပါတယ္။
ဒါေၾကာင့္ နည္းျပ တူခ်ဲလ္ က ဘြန္ဒစ္လီဂါၿပိဳင္ပြဲရဲ႕ ေနာက္ထပ္တိုက္စစ္မႉးတဦးျဖစ္တဲ့ စတုဂတ္အသင္းမွ ကာလာဂစ္ ကို အစားထိုးေခၚယူသြားဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။ ကာလာဂစ္ ဟာ ၂၄ ႏွစ္အ႐ြယ္သာရွိေသးတဲ့ လူငယ္တိုက္စစ္မႉးျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက စတုဂတ္ အတြက္ ဘြန္ဒစ္လီဂါသြင္းဂိုး ၁၆ ဂိုးအထိသြင္းေပးခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ယူ႐ိုၿပိဳင္ပြဲမွာလည္း လက္ေ႐ြးစင္အသင္းျဖစ္တဲ့ ဩစႀတီးယားအသင္းမွာ ပါဝင္ကစားခဲ့ၿပီး အီတလီ နဲ႔ပြဲမွာ ေျခပဂိုး ၁ ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။ စတုဂတ္ အသင္းက သူ႔အတြက္ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၃၅ သန္းေလာက္သာ သတ္မွတ္ထားတာေၾကာင့္ ခ်ဲလ္ဆီး သာတကယ္ေခၚယူခ်င္မယ္ဆိုရင္ အလြယ္တကူေခၚယူႏိုင္မွာပဲ ျဖစ္ပါတယ္။
ဝက္စ္ဟမ္း ကေတာ့ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ျငင္းပယ္ထားတဲ့ အဂၤလန္ကြင္းလယ္လူ ႐ိုက္စ္ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ ေပးရမယ္လို႔ သတင္းလႊင့္ခဲ့ပါတယ္။ ႐ိုက္စ္ ဟာ ခ်ဲလ္ဆီး ရဲ႕ အဓိကပစ္မွတ္ကစားသမားျဖစ္ေပမဲ့ ဝက္စ္ဟမ္း ေတာင္းဆိုတဲ့ေၾကးကိုေတာ့ ေပးေခ်ပါ့မလားဆိုတာ စဥ္းစားစရာပါ။ ပထမဆုံးရာသီမွာပဲ ခ်န္ပီယံလိဂ္ဖလားယူေပးထားတဲ့ နည္းျပ တူခ်ဲလ္ သာ ဆႏၵရွိတယ္ဆိုရင္ေတာ့ ပိုင္ရွင္ျဖစ္သူ ေအဘရာမိုဗစ္ က သူ႔ရဲ႕ ဘ႑ာတိုက္ကို ဖြင့္ေပးမွာေသခ်ာပါတယ္။