
Photo Credit
Photo Credit
ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပ-အကျော့မှာ အိမ်နီးချင်းပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ဂိုးပြတ်ချေမှုန်းနိုင်ရေးအတွက် အသင်းရဲ့နည်းဗျူဟာစီမံကိန်းကို နားလည်အောင် အချိန် ၁၅ မိနစ်ပဲ ယူခဲ့ရတယ်လု့ိ စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Photo Credit
နည်းပြဂွါဒီယိုလာရဲ့အသင်းဟာ ပ-အကျော့ အိုးထရက်ဖို့ဒ်မှာ ၁-၃ ဂိုးနဲ့ အနိုင်ယူပြီး လက်ရှိချန်ပီယံသရဖူကာကွယ်နိုင်ဖို့ ခြေတစ်လှမ်းတိုးနိုင်ခဲ့ပြီး ပထမပိုင်းမှာ ဝ-၃ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့တာထက်တောင် ပိုမိုကြီးမားတဲ့ရလဒ်နဲ့ ဦးဆောင်နိုင်ဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။
Photo Credit
ဂွါဒီယိုလာဟာ တိုက်စစ်မှူးတွေဖြစ်တဲ့ အဂူရိုနဲ့ ဂျီးဆပ်စ်တို့နှစ်ယောက်စလုံးကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ပြီး ဒီဘရိုင်းနဲ့ ဘာနာဒိုဆေးလ်ဗားတု့ိကို False Nines တွေအဖြစ် ကွင်းလယ်နဲ့ တိုက်စစ်ကြား ထားကစားစေခဲ့ပါတယ်။ စီးတီးဟာ အဲဒီနည်းဗျူဟာကို အရင်တုန်းက သိပ်မသုံးခဲ့ဘဲ ဒီဘရိုင်းကလည်း ဒီနည်းဗျူဟာ သုံးမယ်ဆိုတာ ပွဲမကစားခင် မိနစ်ပိုင်းအလိုကျမှ သိရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Photo Credit
”ဒီမနက်မှာပဲ ကျွန်တော်တို့ ကစားမယ့်နည်းဗျူဟာ နားလည်အောင် အချိန် ၁၅ မိနစ်ပဲ ယူခဲ့တာပါ။ တနင်္လာနေ့က အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ အဲဒီနည်းဗျူဟာအတိုင်း လေ့ကျင့်ခဲ့တာမဟုတ်ဘဲ ဒီမနက်လည်း မနေ့ကအတိုင်းပါပဲ။ ဒါပေမဲ့ အရင်တုန်းက ဒီနည်းဗျူဟာ တစ်ခါမှမသုံးခဲ့ဖူးတာတော့မဟုတ်ဘဲ ကာဒစ်ဖ်၊ ယူနိုက်တက်၊ ဘာစီလိုနာတို့နဲ့ပွဲတွေမှာ သုံးခဲ့ပါတယ်”လို့ ဒီဘရိုင်းက ပြောပါတယ်။
Photo Credit
စီးတီးဟာ ဒီဇင်ဘာလအစောပိုင်းက အီတီဟတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်ကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီး အဲဒီပွဲမှာ ယူနိုက်တက်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ရဲ့မြန်နှုန်းမြင့် တိုက်စစ်ဆင်မှုကို မတားဆီးနိုင်ခဲ့ပါဘူး။
Photo Credit
ဒုတိယပိုင်းမှာ ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်းက ဆီမီးဖိုင်နယ်ပွဲစဉ်က ပြီးဆုံးသွားပြီလို့ တွေးမထားသင့်ကြောင်း အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။
Photo Credit
Zawgyi
အိမ္နီးခ်င္းေတြကို ဖ်က္ဆီးဖုိ႔ နည္းဗ်ဴဟာအတြက္ ၁၅ မိနစ္ပဲ အခ်ိန္ယူခဲ့ရတယ္လုိ႔ ဒီဘ႐ိုင္း ဖြင့္ဟ
ကာရာေဘာင္ဖလား ဆီမီးဖုိင္နယ္ ပ-အေက်ာ့မွာ အိမ္နီးခ်င္းၿပိဳင္ဘက္ မန္ခ်က္စတာယူႏုိက္တက္ကို ဂိုးျပတ္ေခ်မႈန္းႏိုင္ေရးအတြက္ အသင္းရဲ႕နည္းဗ်ဴဟာစီမံကိန္းကို နားလည္ေအာင္ အခ်ိန္ ၁၅ မိနစ္ပဲ ယူခဲ့ရတယ္လု႔ိ စီးတီးကြင္းလယ္လူ ဒီဘ႐ိုင္းက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
နည္းျပဂြါဒီယိုလာရဲ႕အသင္းဟာ ပ-အေက်ာ့ အုိးထရက္ဖို႔ဒ္မွာ ၁-၃ ဂိုးနဲ႔ အႏိုင္ယူၿပီး လက္ရွိခ်န္ပီယံသရဖူကာကြယ္ႏိုင္ဖို႔ ေျခတစ္လွမ္းတုိးႏိုင္ခဲ့ၿပီး ပထမပိုင္းမွာ ၀-၃ ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့တာထက္ေတာင္ ပိုမုိႀကီးမားတဲ့ရလဒ္နဲ႔ ဦးေဆာင္ႏိုင္ဖို႔ အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ပါတယ္။
ဂြါဒီယိုလာဟာ တုိက္စစ္မွဴးေတြျဖစ္တဲ့ အဂူ႐ိုနဲ႔ ဂ်ီးဆပ္စ္တုိ႔ႏွစ္ေယာက္စလုံးကို ပြဲထြက္စာရင္းကေန ခ်န္လွပ္ခဲ့ၿပီး ဒီဘ႐ိုင္းနဲ႔ ဘာနာဒုိေဆးလ္ဗားတု႔ိကို False Nines ေတြအျဖစ္ ကြင္းလယ္နဲ႔ တုိက္စစ္ၾကား ထားကစားေစခဲ့ပါတယ္။ စီးတီးဟာ အဲဒီနည္းဗ်ဴဟာကို အရင္တုန္းက သိပ္မသုံးခဲ့ဘဲ ဒီဘ႐ိုင္းကလည္း ဒီနည္းဗ်ဴဟာ သုံးမယ္ဆုိတာ ပြဲမကစားခင္ မိနစ္ပိုင္းအလုိက်မွ သိရွိခဲ့တာျဖစ္တယ္လုိ႔ ဆုိပါတယ္။
”ဒီမနက္မွာပဲ ကၽြန္ေတာ္တို႔ ကစားမယ့္နည္းဗ်ဴဟာ နားလည္ေအာင္ အခ်ိန္ ၁၅ မိနစ္ပဲ ယူခဲ့တာပါ။ တနလၤာေန႔က အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ အဲဒီနည္းဗ်ဴဟာအတုိင္း ေလ့က်င့္ခဲ့တာမဟုတ္ဘဲ ဒီမနက္လည္း မေန႔ကအတုိင္းပါပဲ။ ဒါေပမဲ့ အရင္တုန္းက ဒီနည္းဗ်ဴဟာ တစ္ခါမွမသုံးခဲ့ဖူးတာေတာ့မဟုတ္ဘဲ ကာဒစ္ဖ္၊ ယူႏုိက္တက္၊ ဘာစီလုိနာတို႔နဲ႔ပြဲေတြမွာ သုံးခဲ့ပါတယ္”လုိ႔ ဒီဘ႐ိုင္းက ေျပာပါတယ္။
စီးတီးဟာ ဒီဇင္ဘာလအေစာပိုင္းက အီတီဟတ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ယူႏုိက္တက္ကို ၁-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီး အဲဒီပြဲမွာ ယူႏုိက္တက္တုိက္စစ္ကစားသမားေတြျဖစ္တဲ့ မာရွယ္၊ ရက္ရွ္ဖုိ႔ဒ္နဲ႔ ဒန္နီရယ္ဂ်ိမ္းစ္တုိ႔ရဲ႕ျမန္ႏႈန္းျမင့္ တုိက္စစ္ဆင္မႈကို မတားဆီးႏိုင္ခဲ့ပါဘူး။
ဒုတိယပိုင္းမွာ ရက္ရွ္ဖို႔ဒ္က ယူႏုိက္တက္အတြက္ ေခ်ပဂိုးတစ္ဂိုးသြင္းယူခဲ့ၿပီး ဘယ္လ္ဂ်ီယံလက္ေရြးစင္ ဒီဘ႐ိုင္းက ဆီမီးဖုိင္နယ္ပြဲစဥ္က ၿပီးဆုံးသြားၿပီလုိ႔ ေတြးမထားသင့္ေၾကာင္း အသင္းေဖာ္ေတြကို တုိက္တြန္းလုိက္ပါတယ္။