အိမ်ကွင်း ၄၆ပွဲမှာ ပထမဆုံးအကြိမ်ဂိုးပေါက်ပျောက်သွားတဲ့ဘာစီလိုနာနဲ့ ကူရာမဲ့ဗယ်လ်ဗာဒီညချမ်းများ

Photo Credit ; Getty Images

Photo Credit ; AFP / Getty Images

ဘာစီလိုနာအသင်းဟာ အုပ်စုအောက်ဆုံးက ဆလားဗီးယားပရာဟာနဲ့ ဂိုးမရှိသရေကျသွားလို့ ပြိုင်ပွဲစုံအိမ်ကွင်း ၄၆ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဂိုးပေါက်ပျောက်သွားခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အိမ်ကွင်းအုပ်စုပွဲမှာ ဂိုးမသွင်းနိုင် ဒါမှမဟုတ် ဂိုးဖန်တီးမှုမပြုလုပ်ပေးနိုင်ခဲ့တဲ့ မက်ဆီဟာ ဒီပွဲမှာလည်း ဘာစီလိုနာရဲ့အဓိကဂိုးပေါက်ခြိမ်းခြောက်သူဖြစ်ခဲ့ပြီး သူ့ရဲ့ကန်သွင်းချက် ဘားထိထွက်သွားခဲ့သလို ဘာစီလိုနာအသင်းရရှိခဲ့တဲ့ဂိုးပေါက်တည့်မှု ၆ကြိမ်အနက် အကောင်းဆုံးအခွင့်အရေးလည်းရရှိခဲ့ပါတယ်။

Photo Credit ; AP

ဒါပေမဲ့ ပထမပိုင်းမှာ သူ့ရဲ့ပြင်းထန်အားပါတဲ့ဘယ်ခြေကန်သွင်းချက်ကို ပရာဟာဂိုးသမား ကိုလာ အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီပွဲမှာသရေကျခဲ့ပေမယ့် အုပ်စုထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပြီး ချက်အမှတ်ပေးချန်ပီယံပရာဟာကလည်း အောက်ဆုံးမှာ ဆက်လက်ရပ်တည်ခဲ့ရပါတယ်။

Photo Credit 

နည်းပြဗယ်လ်ဗာဒီရဲ့ဘာစီလိုနာအသင်းဟာ ၄ပွဲကစားပြီးချိန်မှာ ၈ မှတ်ရရှိထားပြီး အင်တာမီလန်ကို ၂ဂိုးပြတ်အရေးနိမ့်နေရာကနေ ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဒေါ့မွန်အသင်းက ၇ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒီပွဲမှာ ပရာဟာကလည်း ဘာစီလိုနာကို ရှိန်နေတာမျိုးမရှိဘဲ ခံစစ်ကို စနစ်တကျကစားသွားသလို တန်ပြန်တိုက်စစ်တွေနဲ့လည်း အိမ်ရှင်အသင်းကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

Photo Credit ; Getty Images

ပရာဟာက High Line Defensive ပုံစံကစားသွားပြီး ဘာစီလိုနာတိုက်စစ်ကို ကွင်းလယ်နီးပါးအထိ တက်ထောက်ကစားခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဘာစီလိုနာအသင်း အပိုင်အခွင့်အရေးတွေအများအပြားရရှိခဲ့ပြီး မက်ဆီရဲ့ကန်သွင်းချက် ဘားထိ၊ ထောင့်ကန်ဘောကနေ ပီကေးရဲ့အပိုင်ခေါင်းတိုက်ချက် ဂိုးသမားပုတ်ထုတ်ခဲ့လို့ ဂိုးမရခဲ့တာပါ။

Photo Credit ; AFP / Getty Images

အထူးသဖြင့် ပရာဟာခံစစ် Highline Defensive ကစားချိန် မက်ဆီက ကိုယ့်ဘက်စည်းထဲ ပြန်ဝင်ကာ လူကျွံထောင်ချောက်ကနေ ရုန်းထွက်ပြီး တစ်ယောက်တည်းဆွဲပြေးကာ ပင်နယ်တီဧရိယာထိပ်ကနေ ဘယ်ခြေနဲ့အပြင်းကန်သွင်းတာ ဘားတန်းထိသွားတာက အတော်လေးနစ်နာစရာကောင်းခဲ့ပါတယ်။ ကွင်းလယ်လောက်ကနေ တစ်ယောက်တည်းဆွဲပြေးလာတဲ့မက်ဆီအနေနဲ့ ဘယ်ဘက်မှာ တစ်ယောက်တည်းလွတ်နေတဲ့ ဂရစ်ဇ်မန်းကို မထိုးပေးတော့ဘဲ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

Photo Credit ; Getty Images

စနေနေ့ကလည်း လီဗန်တေးကို ၃-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ပွဲစဉ် ၅အဖြစ် ဒေါ့မွန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်သလို နောက်ဆုံးပွဲစဉ်အဖြစ် အင်တာမီလန်အသင်းနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။

Photo Credit ; Reuters

Zawgyi

အိမ္ကြင္း ၄၆ပဲြမွာ ပထမဆုံးအႀကိမ္ဂိုးေပါက္ေပ်ာက္သြားတဲ့ဘာစီလုိနာနဲ႔ ကူရာမဲ့ဗယ္လ္ဗာဒီညခ်မ္းမ်ား

ဘာစီလုိနာအသင္းဟာ အုပ္စုေအာက္ဆုံးက ဆလားဗီးယားပရာဟာနဲ႔ ဂိုးမရွိသေရက်သြားလုိ႔ ၿပိဳင္ပြဲစုံအိမ္ကြင္း ၄၆ပဲြမွာ ပထမဆုံးအႀကိမ္အျဖစ္ ဂိုးေပါက္ေပ်ာက္သြားခ့ဲရပါတယ္။ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္အိမ္ကြင္းအုပ္စုပြဲမွာ ဂိုးမသြင္းႏုိင္ ဒါမွမဟုတ္ ဂိုးဖန္တီးမႈမျပဳလုပ္ေပးႏိုင္ခဲ့တ့ဲ မက္ဆီဟာ ဒီပြဲမွာလည္း ဘာစီလုိနာရဲ႕အဓိကဂိုးေပါက္ၿခိမ္းေျခာက္သူျဖစ္ခဲ့ၿပီး သူ႕ရဲ႕ကန္သြင္းခ်က္ ဘားထိထြက္သြားခဲ့သလို ဘာစီလုိနာအသင္းရရွိခဲ့တဲ့ဂိုးေပါက္တည့္မႈ ၆ႀကိမ္အနက္ အေကာင္းဆုံးအခြင့္အေရးလည္းရရွိခဲ့ပါတယ္။
ဒါေပမဲ့ ပထမပိုင္းမွာ သူ႕ရဲ႕ျပင္းထန္အားပါတဲ့ဘယ္ေျခကန္သြင္းခ်က္ကို ပရာဟာဂိုးသမား ကိုလာ အေကာင္းဆုံးကာကြယ္ႏိုင္ခဲ့ပါတယ္။ ဘာစီလုိနာအသင္းဟာ ဒီပြဲမွာသေရက်ခဲ့ေပမယ့္ အုပ္စုထိပ္ဆုံးမွာ ဆက္လက္ရပ္တည္ေနၿပီး ခ်က္အမွတ္ေပးခ်န္ပီယံပရာဟာကလည္း ေအာက္ဆံုးမွာ ဆက္လက္ရပ္တည္ခဲ့ရပါတယ္။
နည္းျပဗယ္လ္ဗာဒီရဲ႕ဘာစီလုိနာအသင္းဟာ ၄ပဲြကစားၿပီးခ်ိန္မွာ ၈ မွတ္ရရွိထားၿပီး အင္တာမီလန္ကို ၂ဂိုးျပတ္အေရးနိမ့္ေနရာကေန ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ေဒါ့မြန္အသင္းက ၇ မွတ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ ဒီပြဲမွာ ပရာဟာကလည္း ဘာစီလုိနာကို ရွိန္ေနတာမ်ိဳးမရွိဘဲ ခံစစ္ကို စနစ္တက်ကစားသြားသလုိ တန္ျပန္တုိက္စစ္ေတြနဲ႔လည္း အိမ္ရွင္အသင္းကို ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။
ပရာဟာက High Line Defensive ပုံစံကစားသြားၿပီး ဘာစီလုိနာတုိက္စစ္ကို ကြင္းလယ္နီးပါးအထိ တက္ေထာက္ကစားခဲ့ပါတယ္။ ပထမပိုင္းၿပီးခါနီးမွာ ဘာစီလုိနာအသင္း အပိုင္အခြင့္အေရးေတြအမ်ားအျပားရရွိခဲ့ၿပီး မက္ဆီရဲ႕ကန္သြင္းခ်က္ ဘားထိ၊ ေထာင့္ကန္ေဘာကေန ပီေကးရဲ႕အပိုင္ေခါင္းတုိက္ခ်က္ ဂိုးသမားပုတ္ထုတ္ခဲ့လုိ႔ ဂိုးမရခဲ့တာပါ။
အထူးသျဖင့္ ပရာဟာခံစစ္ Highline Defensive ကစားခ်ိန္ မက္ဆီက ကိုယ့္ဘက္စည္းထဲ ျပန္၀င္ကာ လူကၽြံေထာင္ေခ်ာက္ကေန ႐ုန္းထြက္ၿပီး တစ္ေယာက္တည္းဆဲြေျပးကာ ပင္နယ္တီဧရိယာထိပ္ကေန ဘယ္ေျခနဲ႔အျပင္းကန္သြင္းတာ ဘားတန္းထိသြားတာက အေတာ္ေလးနစ္နာစရာေကာင္းခဲ့ပါတယ္။ ကြင္းလယ္ေလာက္ကေန တစ္ေယာက္တည္းဆြဲေျပးလာတဲ့မက္ဆီအေနနဲ႔ ဘယ္ဘက္မွာ တစ္ေယာက္တည္းလြတ္ေနတ့ဲ ဂရစ္ဇ္မန္းကို မထိုးေပးေတာ့ဘဲ ကန္သြင္းခ့ဲတာျဖစ္ပါတယ္။
စေနေန႔ကလည္း လီဗန္ေတးကို ၃-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့ရတဲ့ ဘာစီလုိနာအသင္းအေနနဲ႔ ပြဲစဥ္ ၅အျဖစ္ ေဒါ့မြန္ကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္သလုိ ေနာက္ဆုံးပြဲစဥ္အျဖစ္ အင္တာမီလန္အသင္းနဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္ပါတယ္။