
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လီဗာပူးဂန္ထဝင်နောက်ခံလူ ဂျေမီကာရေဂါက အသင်းရဲ့လက်ရှိအိမ်ကွင်းခြေစွမ်းကို ပြင်းထန်စွာဝေဖန်ခဲ့ပြီး အဓိကနောက်ခံလူ ဗန်ဒိုက် မပါနိုင်လို့ ဒီလိုဖြစ်နေရတာဆိုပြီး အကြောင်းပြချက်ပေးလို့မရကြောင်း ပြောပါတယ်။
လီဗာပူးဟာ ယခုနှစ်မရောက်ခင် ၂၀၁၇ ဧပြီနောက်ပိုင်း ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရှုံးပွဲမရှိကစားနိုင်ခဲ့ပေမယ့် ဘန်လေ၊ ဘရိုက်တန်၊ မန်စီးတီးနဲ့ အဲဗာတန်တို့ကို ဆက်တိုက်အရေးနိမ့်ထားပြီး အဲဒီ ၄ပွဲဆက်မရှုံးခင် အိမ်ကွင်းမှာ ယူနိုက်တက်၊ ဝက်စ်ဘရွန်းတို့နဲ့ သရေကျခဲ့ပါသေးတယ်။
စနေနေ့မှာ အဲဗာတန်ကို အိမ်ကွင်းမှာပဲ ဝ-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် လီဗာပူးဟာ ၁၉၉၉ နောက်ပိုင်း မာဆေးဆိုက်ဒါဘီအိမ်ကွင်းပွဲမှာ ပထမဆုံးအရှုံးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ၁၉၂၃ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်အိမ်ကွင်း ၄ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။
ကာရေဂါက လီဗာပူးအနေနဲ့ လက်ရှိလူစာရင်းအရ စီးတီးနဲ့ပွဲကလွဲလို့ ကျန်ပွဲတိုင်းမှာ အနိုင်ရသင့်တယ်လို့ ပြောပါတယ်။
”ကျွန်တော်ဟာ နည်းပြကလော့ပ်ရဲ့လက်အောက်မှာ လီဗာပူးရဲ့အကောင်းဆုံးအနေအထားကို လေ့လာသုံးသပ်ခဲ့ပြီး တခြားပရိသတ်တွေကဆိုရင် ကျွန်တော်က လီဗာပူးကို ဘက်လိုက်ချီးကျူးတယ်လို့တောင် ပြောပါတယ်”
”ပရီးမီးယားလိဂ်ချန်ပီယံ၊ ချန်ပီယံလိဂ်ချန်ပီယံနဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အခုချိန်မှာ မဟုတ်တော့ပါဘူး။ လီဗာပူးပရိသတ်တွေ ဝိုင်းပြောရင်လည်း ကျွန်တော့်ဘက်က တောင်းပန်သွားမှာမဟုတ်ပါဘူး”
”ကျွန်တော်တို့ အသင်းကို ချစ်မြတ်နိုးတာမှန်ပေမယ့် ဒီလိုချစ်နေတာက သူတို့ကို ဝေဖန်လို့မရဘူးလို့ မဆိုလိုပါဘူး။ ပြဿနာကဘာလဲဆိုတော့ ဗဟိုနောက်ခံလူတွေမပါနိုင်လို့ ကွင်းလယ်လူတွေ နောက်ဆင်းကစားနေရတယ်ဆိုတဲ့အရာမဟုတ်ပါဘူး”
”အဲဗာတန်၊ ဘရိုက်တန်၊ ဘန်လေနဲ့ ဝက်စ်ဘရွန်းတို့ကို အိမ်ကွင်းမှာတောင် မနိုင်ခဲ့ဘူးလေ။ ပြဿနာကဘာလဲဆိုတော့ အိမ်ကွင်းမှာ ၆ပွဲအထိအနိုင်မရတာပါပဲ။ ဒါက လုံးဝကိုလက်သင့်ခံလို့မရပါဘူး”
”နိုင်ပွဲတွေပြန်ရဖို့လည်း နည်းလမ်းရှာရပါမယ်။ ဗန်ဒိုက်မပါလို့ဆိုပြီးတော့လည်း ဆင်ခြေမပေးချင်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ အဲဗာတန်နဲ့ပွဲအတွက် ပွဲထွက်စာရင်းမှာ ချန်ပီယံလိဂ်ဖလားရအသင်းသား ၁၀ ဦးအထိ ပါဝင်ခဲ့လို့ပါ”လို့ ကာရေဂါက ပြောပါတယ်။
ဗန်ဒိုက်နဲ့ ဂိုမက်ဇ်တို့ဟာ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ဒူးဒဏ်ရာ အသီးသီးရခဲ့ပြီးနောက် ရာသီကုန်အထိ အနားယူနေရပြီး မာတစ်ကလည်း ယခုလအစောပိုင်းမှာကစားခဲ့တဲ့ စပါးနဲ့ပွဲမှာ ခြေကျင်းဝတ်အရွတ်ကြောဒဏ်ရာရခဲ့လို့ ရာသီကုန်အထိ အနားယူနေရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အိမ္ကြင္းရလဒ္ဆုိးေတြနဲ႔ပတ္သက္လုိ႔ အသင္းေဟာင္း လီဗာပူးကို ကာေရဂါ ျပင္းထန္စြာေ၀ဖန္
လီဗာပူးဂႏၳ၀င္ေနာက္ခံလူ ေဂ်မီကာေရဂါက အသင္းရဲ႕လက္ရွိအိမ္ကြင္းေျခစြမ္းကို ျပင္းထန္စြာေ၀ဖန္ခဲ့ၿပီး အဓိကေနာက္ခံလူ ဗန္ဒိုက္ မပါႏုိင္လုိ႔ ဒီလုိျဖစ္ေနရတာဆုိၿပီး အေၾကာင္းျပခ်က္ေပးလုိ႔မရေၾကာင္း ေျပာပါတယ္။
လီဗာပူးဟာ ယခုႏွစ္မေရာက္ခင္ ၂၀၁၇ ဧၿပီေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ အိမ္ကြင္း႐ံႈးပြဲမရွိကစားႏုိင္ခဲ့ေပမယ့္ ဘန္ေလ၊ ဘ႐ိုက္တန္၊ မန္စီးတီးနဲ႔ အဲဗာတန္တုိ႔ကို ဆက္တုိက္အေရးနိမ့္ထားၿပီး အဲဒီ ၄ပြဲဆက္မ႐ံႈးခင္ အိမ္ကြင္းမွာ ယူႏုိက္တက္၊ ၀က္စ္ဘရြန္းတို႔နဲ႔ သေရက်ခဲ့ပါေသးတယ္။
စေနေန႔မွာ အဲဗာတန္ကို အိမ္ကြင္းမွာပဲ ၀-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ လီဗာပူးဟာ ၁၉၉၉ ေနာက္ပိုင္း မာေဆးဆုိက္ဒါဘီအိမ္ကြင္းပြဲမွာ ပထမဆုံးအ႐ံႈးနဲ႔ရင္ဆို္င္ခဲ့ရတာျဖစ္ၿပီး ၁၉၂၃ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ လိဂ္အိမ္ကြင္း ၄ပြဲဆက္အ႐ံႈးနဲ႔ ရင္ဆုိင္ေနရပါတယ္။
ကာေရဂါက လီဗာပူးအေနနဲ႔ လက္ရွိလူစာရင္းအရ စီးတီးနဲ႔ပြဲကလြဲလို႔ က်န္ပြဲတုိင္းမွာ အႏိုင္ရသင့္တယ္လုိ႔ ေျပာပါတယ္။
”ကၽြန္ေတာ္ဟာ နည္းျပကေလာ့ပ္ရဲ႕လက္ေအာက္မွာ လီဗာပူးရဲ႕အေကာင္းဆုံးအေနအထားကို ေလ့လာသုံးသပ္ခဲ့ၿပီး တျခားပရိသတ္ေတြကဆုိရင္ ကၽြန္ေတာ္က လီဗာပူးကို ဘက္လုိက္ခ်ီးက်ဴးတယ္လုိ႔ေတာင္ ေျပာပါတယ္”
”ပရီးမီးယားလိဂ္ခ်န္ပီယံ၊ ခ်န္ပီယံလိဂ္ခ်န္ပီယံနဲ႔ ကမၻာ့အေကာင္းဆုံးအသင္းျဖစ္ခဲ့တာပါ။ ဒါေပမဲ့ အခုခ်ိန္မွာ မဟုတ္ေတာ့ပါဘူး။ လီဗာပူးပရိသတ္ေတြ ၀ိုင္းေျပာရင္လည္း ကၽြန္ေတာ့္ဘက္က ေတာင္းပန္သြားမွာမဟုတ္ပါဘူး”
”ကၽြန္ေတာ္တုိ႔ အသင္းကို ခ်စ္ျမတ္ႏိုးတာမွန္ေပမယ့္ ဒီလိုခ်စ္ေနတာက သူတုိ႔ကို ေ၀ဖန္လုိ႔မရဘူးလုိ႔ မဆုိလုိပါဘူး။ ျပႆနာကဘာလဲဆုိေတာ့ ဗဟိုေနာက္ခံလူေတြမပါႏုိင္လုိ႔ ကြင္းလယ္လူေတြ ေနာက္ဆင္းကစားေနရတယ္ဆုိတဲ့အရာမဟုတ္ပါဘူး”
”အဲဗာတန္၊ ဘ႐ိုက္တန္၊ ဘန္ေလနဲ႔ ၀က္စ္ဘရြန္းတုိ႔ကို အိမ္ကြင္းမွာေတာင္ မႏိုင္ခဲ့ဘူးေလ။ ျပႆနာကဘာလဲဆုိေတာ့ အိမ္ကြင္းမွာ ၆ပြဲအထိအႏိုင္မရတာပါပဲ။ ဒါက လုံး၀ကိုလက္သင့္ခံလုိ႔မရပါဘူး”
”ႏိုင္ပြဲေတြျပန္ရဖို႔လည္း နည္းလမ္းရွာရပါမယ္။ ဗန္ဒိုက္မပါလုိ႔ဆုိၿပီးေတာ့လည္း ဆင္ေျခမေပးခ်င္ပါဘူး။ ဘာျဖစ္လုိ႔ဆုိေတာ့ အဲဗာတန္နဲ႔ပြဲအတြက္ ပြဲထြက္စာရင္းမွာ ခ်န္ပီယံလိဂ္ဖလားရအသင္းသား ၁၀ ဦးအထိ ပါ၀င္ခဲ့လုိ႔ပါ”လုိ႔ ကာေရဂါက ေျပာပါတယ္။
ဗန္ဒိုက္နဲ႔ ဂိုမက္ဇ္တုိ႔ဟာ ေအာက္တုိဘာနဲ႔ ႏို၀င္ဘာလေတြမွာ ဒူးဒဏ္ရာ အသီးသီးရခဲ့ၿပီးေနာက္ ရာသီကုန္အထိ အနားယူေနရၿပီး မာတစ္ကလည္း ယခုလအေစာပိုင္းမွာကစားခဲ့တဲ့ စပါးနဲ႔ပြဲမွာ ေျခက်င္း၀တ္အရြတ္ေၾကာဒဏ္ရာရခဲ့လုိ႔ ရာသီကုန္အထိ အနားယူေနရပါတယ္။