အိမ်ကွင်းမှာ ဝက်စ်ဘရွန်းကို အရှက်တကွဲရှုံးနိမ့်ပြီး ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့တဲ့တူချယ်လ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နိုင်ငံတကာပွဲတွေအပြီး ပြန်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)အစောပိုင်းပွဲအဖြစ် ချယ်လ်ဆီးနဲ့ဝက်စ်ဘရွန်းပွဲမှာ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ မထင်မှတ်လောက်အောင် (၅-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး နည်းပြတူချယ်လ်အတွက် ပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါပြီ။

တန်းဆင်းဇုန်ထဲကျရောက်နေတဲ့ ဝက်စ်ဘရွန်းအသင်းဟာ အခုပွဲမှာ ချယ်လ်ဆီးအသင်းကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့ပြီး ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗား (၂)ဝါ၊ (၁)နီနဲ့စောစောစီးစီးအထုတ်ခံခဲ့ရလို့ ချယ်လ်ဆီးခံစစ်မှာ အားနည်းချက်တွေဖြစ်ခဲ့ရတာကြောင့် အခုလောက်အထိဂိုးပေးခဲ့ရတာပါ။

ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို (၂၈)မိနစ်မှာ အလွန်ဆိုရဲ့ဖရီးကစ်ကန်ချက် တိုင်ထိပြန်ထွက်လာတာကနေ ပူလီရှစ်က ပိတ်သွင်းယူခဲ့ပေမယ့် တစ်မိနစ်အကြာမှာပဲ သီယာဂိုဆေးလ်ဗားဟာ ဒုတိယအကြိမ်အဝါကတ်အပြခံခဲ့ရတာကြောင့် (၂)ဝါ၊ (၁)နီနဲ့အထုတ်ခံခဲ့ရပါတယ်။

သီယာဂိုဆေးလ်ဗားအနေနဲ့ ပြိုင်ဘက်ကစားသမားရဲ့ကန်ချက်ကို တားဆီးဖို့ကြိုးစားရင်းကနေ မတော်တဆထိခိုက်မိတာကြောင့် အဝါထပ်ပြခဲ့တဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်က နည်းနည်းပြင်းထန်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်း တိုက်စစ်ကစားပုံကောင်းပေမယ့် ဝက်စ်ဘရွန်းအသင်းရဲ့တန်ပြန်တိုက်စစ်တွေကို မထိန်းနိုင်ခဲ့တာကြောင့် ဂိုးတွေပြန်ပေးလိုက်ရတာပါ။

ပထမပိုင်းပြီးခါနီးမှာ ဝက်စ်ဘရွန်းဂိုးသမား ဆမ်ဂျွန်စတုန်း တင်ပေးလိုက်တဲ့ဘောလုံးကို ပါရဲရားက အလိုက်သင့်ကန်သွင်းပြီး ချေပဂိုး၊ မိနစ်ပိုင်းအကြာမှာ ပါရဲရားကပဲ ဒုတိယဂိုးတွေသွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်း(၆၃)မိနစ်မှာ ရော်ဘင်ဆင်၊ (၅)မိနစ်အကြာမှာ ဒီယန်းတို့က ဝက်စ်ဘရွန်းအတွက်ဂိုးတွေ ဆက်တိုက်သွင်းခဲ့ပြီး မေဆင်မောင့်က ချယ်လ်ဆီးအတွက် ဒုတိယဂိုးသွင်းယူခဲ့ပေမယ့် သရေတစ်မှတ်ရမယ့်ဂိုးတွေတော့ နောက်ထပ်မသွင်းနိုင်ခဲ့ပါဘူး။

ပွဲပြီးခါနီးမှာ ရော်ဘင်ဆင်ကပဲ ပဉ္စမမြောက်ဂိုးကို သွင်းယူခဲ့ပြီး ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ် ပထမဆုံးရှုံးပွဲရင်ဆိုင်ရအောင် ဝက်စ်ဘရွန်းအသင်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဝက်စ်ဘရွန်း ဘယ်တောင်ပံက ပါရဲရားခြေစွမ်းပြနိုင်ခဲ့ပြီး ကိုယ်တိုင်(၂)ဂိုးသွင်းခဲ့သလို ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

အခုရှုံးပွဲကြောင့် တူချယ်လ်လက်ထက် ချယ်လ်ဆီးအသင်း ပြိုင်ပွဲစုံ(၁၄)ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရပ်တန့်ခဲ့ပြီဖြစ်သလို အဲဒီ(၁၄)ပွဲမှာ (၂)ဂိုးသာပေးခဲ့ရတဲ့ ခံစစ်ကလည်း အခုတစ်ပွဲတည်းနဲ့ (၅)ဂိုးအထိပေးခဲ့ရတာဖြစ်ပါတယ်။

ဝက်စ်ဘရွန်းနည်းပြအလာဒိုက်စ်ကတော့ ချယ်လ်ဆီးအသင်းကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ မတူညီတဲ့ကလပ်(၃)သင်း(ဝက်စ်ဘရွန်း၊ ဘော်လ်တန်၊ ပဲလေ့စ်)နဲ့ အနိုင်ယူပြခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အိမ္ကြင္းမွာ ဝက္စ္ဘ႐ြန္းကို အရွက္တကြဲရႈံးနိမ့္ၿပီး ပထမဆုံးရႈံးပြဲႀကဳံေတြ႕ခဲ့တဲ့တူခ်ယ္လ္

ႏိုင္ငံတကာပြဲေတြအၿပီး ျပန္ကစားတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္(၃၀)အေစာပိုင္းပြဲအျဖစ္ ခ်ယ္လ္ဆီးနဲ႔ဝက္စ္ဘ႐ြန္းပြဲမွာ ခ်ယ္လ္ဆီးအသင္းဟာ အိမ္ကြင္းမွာ မထင္မွတ္ေလာက္ေအာင္ (၅-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး နည္းျပတူခ်ယ္လ္အတြက္ ပထမဆုံးရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရပါၿပီ။ တန္းဆင္းဇုန္ထဲက်ေရာက္ေနတဲ့ ဝက္စ္ဘ႐ြန္းအသင္းဟာ အခုပြဲမွာ ခ်ယ္လ္ဆီးအသင္းကို အေကာင္းဆုံးဒုကၡေပးႏိုင္ခဲ့ၿပီး ဝါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗား (၂)ဝါ၊ (၁)နီနဲ႔ေစာေစာစီးစီးအထုတ္ခံခဲ့ရလို႔ ခ်ယ္လ္ဆီးခံစစ္မွာ အားနည္းခ်က္ေတြျဖစ္ခဲ့ရတာေၾကာင့္ အခုေလာက္အထိဂိုးေပးခဲ့ရတာပါ။

ခ်ယ္လ္ဆီးအသင္းအတြက္ အဖြင့္ဂိုးကို (၂၈)မိနစ္မွာ အလြန္ဆိုရဲ႕ဖရီးကစ္ကန္ခ်က္ တိုင္ထိျပန္ထြက္လာတာကေန ပူလီရွစ္က ပိတ္သြင္းယူခဲ့ေပမယ့္ တစ္မိနစ္အၾကာမွာပဲ သီယာဂိုေဆးလ္ဗားဟာ ဒုတိယအႀကိမ္အဝါကတ္အျပခံခဲ့ရတာေၾကာင့္ (၂)ဝါ၊ (၁)နီနဲ႔အထုတ္ခံခဲ့ရပါတယ္။ သီယာဂိုေဆးလ္ဗားအေနနဲ႔ ၿပိဳင္ဘက္ကစားသမားရဲ႕ကန္ခ်က္ကို တားဆီးဖို႔ႀကိဳးစားရင္းကေန မေတာ္တဆထိခိုက္မိတာေၾကာင့္ အဝါထပ္ျပခဲ့တဲ့ ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္က နည္းနည္းျပင္းထန္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္း တိုက္စစ္ကစားပုံေကာင္းေပမယ့္ ဝက္စ္ဘ႐ြန္းအသင္းရဲ႕တန္ျပန္တိုက္စစ္ေတြကို မထိန္းႏိုင္ခဲ့တာေၾကာင့္ ဂိုးေတြျပန္ေပးလိုက္ရတာပါ။ ပထမပိုင္းၿပီးခါနီးမွာ ဝက္စ္ဘ႐ြန္းဂိုးသမား ဆမ္ဂြၽန္စတုန္း တင္ေပးလိုက္တဲ့ေဘာလုံးကို ပါရဲရားက အလိုက္သင့္ကန္သြင္းၿပီး ေခ်ပဂိုး၊ မိနစ္ပိုင္းအၾကာမွာ ပါရဲရားကပဲ ဒုတိယဂိုးေတြသြင္းယူခဲ့ပါတယ္။

ဒုတိယပိုင္း(၆၃)မိနစ္မွာ ေရာ္ဘင္ဆင္၊ (၅)မိနစ္အၾကာမွာ ဒီယန္းတို႔က ဝက္စ္ဘ႐ြန္းအတြက္ဂိုးေတြ ဆက္တိုက္သြင္းခဲ့ၿပီး ေမဆင္ေမာင့္က ခ်ယ္လ္ဆီးအတြက္ ဒုတိယဂိုးသြင္းယူခဲ့ေပမယ့္ သေရတစ္မွတ္ရမယ့္ဂိုးေတြေတာ့ ေနာက္ထပ္မသြင္းႏိုင္ခဲ့ပါဘူး။ ပြဲၿပီးခါနီးမွာ ေရာ္ဘင္ဆင္ကပဲ ပၪၥမေျမာက္ဂိုးကို သြင္းယူခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းနည္းျပတူခ်ယ္လ္ ပထမဆုံးရႈံးပြဲရင္ဆိုင္ရေအာင္ ဝက္စ္ဘ႐ြန္းအသင္း စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီပြဲမွာ ဝက္စ္ဘ႐ြန္း ဘယ္ေတာင္ပံက ပါရဲရားေျခစြမ္းျပႏိုင္ခဲ့ၿပီး ကိုယ္တိုင္(၂)ဂိုးသြင္းခဲ့သလို ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

အခုရႈံးပြဲေၾကာင့္ တူခ်ယ္လ္လက္ထက္ ခ်ယ္လ္ဆီးအသင္း ၿပိဳင္ပြဲစုံ(၁၄)ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းရပ္တန႔္ခဲ့ၿပီျဖစ္သလို အဲဒီ(၁၄)ပြဲမွာ (၂)ဂိုးသာေပးခဲ့ရတဲ့ ခံစစ္ကလည္း အခုတစ္ပြဲတည္းနဲ႔ (၅)ဂိုးအထိေပးခဲ့ရတာျဖစ္ပါတယ္။ ဝက္စ္ဘ႐ြန္းနည္းျပအလာဒိုက္စ္ကေတာ့ ခ်ယ္လ္ဆီးအသင္းကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ မတူညီတဲ့ကလပ္(၃)သင္း(ဝက္စ္ဘ႐ြန္း၊ ေဘာ္လ္တန္၊ ပဲေလ့စ္)နဲ႔ အႏိုင္ယူျပခဲ့တဲ့ ပထမဆုံးနည္းျပအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါၿပီ။