Photo Credit
Photo Credit ; Bar VIP Rosario Facebook
ေမြးရပ္ေျမ အာဂ်င္တီးနားႏိုင္ငံရွိ မက္ဆီရဲ႕မိသားစုစားေသာက္ဆုိင္ဟာ အိမ္ေျခယာမဲ့သမားေတြအတြက္ အစားအေသာက္နဲ႔ေနရာထုိင္ခင္းေတြ အခမဲ့ေကၽြးေမြးေစာင့္ေရွာက္ေပးလ်က္ရွိပါတယ္။ လက္ရွိအခ်ိန္ အာဂ်င္တီးနားႏိုင္ငံမွာ အပူခ်ိန္က အေတာ္ေလးက်ဆင္းလ်က္ရွိရာ ႐ိုဆာရီယိုၿမိဳ႕ရွိ မက္ဆီရဲ႕ VIP စားေသာက္ဆုိင္က ၿပီးခဲ့တဲ့ေသာၾကာေန႔ကစတင္ကာ လမ္းေပၚေနထုိင္ရသူေတြကို ပူေႏြးတဲ့အစားအေသာက္ေတြ အခမဲ့ေကၽြးေမြးေနတာျဖစ္ပါတယ္။
Photo Credit
အဲဒီလိုေကၽြးေမြးတာက ရက္သတၱပတ္ ၂ပတ္ေက်ာ္အထိ အခမဲ့ေကၽြးေမြးမွာျဖစ္ၿပီး ညစဥ္ ၇နာရီကေန ၉နာရီၾကားကာလအတြင္း အခမဲ့ေကၽြးေမြးမွာျဖစ္ကာ ၁၅ရက္ၾကာျမင့္မယ္လုိ႔ သိရပါတယ္။ ”ကၽြန္ေတာ္တုိ႔အေနနဲ႔ ေကာ္ဖီေတြေရာ ပူပူေႏြးေႏြးေသာက္စရာေတြေရာ ေနာက္ဆုံး ၀ိုင္ေတြပါ တုိက္ေနပါတယ္။ လူေတြလည္း အမ်ားႀကီးေရာက္လာၿပီး အားလုံးက တကယ့္ကိုေလးေလးစားစားရွိၾကပါတယ္”လုိ႔ အဲဒီစားေသာက္ဆုိင္မန္ေနဂ်ာ အရီယယ္အယ္လ္မာဒါက ဆိုပါတယ္။
Photo Credit
မက္ဆီဟာ အခုလိုပရဟိတလုပ္ငန္းေတြမွာ စိတ္ေရာကိုယ္ပါပါ၀င္ေဆာက္ရြက္ေလ့ရွိၿပီး ယခုႏွစ္အေစာပိုင္းကလည္း သူတည္ေထာင္ထားတဲ့ လီယိုမက္ဆီေဖာင္ေဒးရွင္းက ကင္ညာႏိုင္ငံမွာ ကဲြျပားျခားနားတဲ့ပေရာဂ်က္ေတြ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ယူနီဆက္ဖ္နဲ႔ ပါတနာအျဖစ္ လက္တြဲလုပ္ေဆာင္ခဲ့ပါတယ္။ မာကာသတင္းစာရဲ႕ေဖာ္ျပခ်က္အရ အဲဒီေဖာင္ေဒးရွင္းဟာ အစားအေသာက္ေထာက္ပံ့ေပးေရးနဲ႔ ေရစုပ္စက္အသစ္တစ္လုံး တပ္ဆင္ႏုိင္ေရးအတြက္ ယူ႐ို ၂သိန္းလွဴဒါန္းခဲ့ေၾကာင္း သိရပါတယ္။
Photo Credit ; Leo Messi Foundation
အဲဒီပေရာဂ်က္က ကင္ညာႏိုင္ငံအတြင္းရွိ လူေပါင္း ၂၀၀၀ ကို အက်ိဳးေက်းဇူးရရွိေစမွာျဖစ္ၿပီး မူလတန္းေက်ာင္းေတြရွိ ကေလးေတြသာမက မိသားစု၀င္ေတြပါ ပါ၀င္တယ္လုိ႔ သိရပါတယ္။
Photo Credit ; Reuters
Unicode
အိမ်ခြေယာမဲ့တွေအတွက် မက်ဆီရဲ့စေတနာ… သူ့ရဲ့ VIP ဆိုင်မှာ အစားအသောက်တွေ အလကားကျွေးနေပြီတဲ့…
မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံရှိ မက်ဆီရဲ့မိသားစုစားသောက်ဆိုင်ဟာ အိမ်ခြေယာမဲ့သမားတွေအတွက် အစားအသောက်နဲ့နေရာထိုင်ခင်းတွေ အခမဲ့ကျွေးမွေးစောင့်ရှောက်ပေးလျက်ရှိပါတယ်။ လက်ရှိအချိန် အာဂျင်တီးနားနိုင်ငံမှာ အပူချိန်က အတော်လေးကျဆင်းလျက်ရှိရာ ရိုဆာရီယိုမြို့ရှိ မက်ဆီရဲ့ VIP စားသောက်ဆိုင်က ပြီးခဲ့တဲ့သောကြာနေ့ကစတင်ကာ လမ်းပေါ်နေထိုင်ရသူတွေကို ပူနွေးတဲ့အစားအသောက်တွေ အခမဲ့ကျွေးမွေးနေတာဖြစ်ပါတယ်။
အဲဒီလိုကျွေးမွေးတာက ရက်သတ္တပတ် ၂ပတ်ကျော်အထိ အခမဲ့ကျွေးမွေးမှာဖြစ်ပြီး ညစဉ် ၇နာရီကနေ ၉နာရီကြားကာလအတွင်း အခမဲ့ကျွေးမွေးမှာဖြစ်ကာ ၁၅ရက်ကြာမြင့်မယ်လို့ သိရပါတယ်။ ”ကျွန်တော်တို့အနေနဲ့ ကော်ဖီတွေရော ပူပူနွေးနွေးသောက်စရာတွေရော နောက်ဆုံး ဝိုင်တွေပါ တိုက်နေပါတယ်။ လူတွေလည်း အများကြီးရောက်လာပြီး အားလုံးက တကယ့်ကိုလေးလေးစားစားရှိကြပါတယ်”လို့ အဲဒီစားသောက်ဆိုင်မန်နေဂျာ အရီယယ်အယ်လ်မာဒါက ဆိုပါတယ်။
မက်ဆီဟာ အခုလိုပရဟိတလုပ်ငန်းတွေမှာ စိတ်ရောကိုယ်ပါပါဝင်ဆောက်ရွက်လေ့ရှိပြီး ယခုနှစ်အစောပိုင်းကလည်း သူတည်ထောင်ထားတဲ့ လီယိုမက်ဆီဖောင်ဒေးရှင်းက ကင်ညာနိုင်ငံမှာ ကွဲပြားခြားနားတဲ့ပရောဂျက်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူနီဆက်ဖ်နဲ့ ပါတနာအဖြစ် လက်တွဲလုပ်ဆောင်ခဲ့ပါတယ်။ မာကာသတင်းစာရဲ့ဖော်ပြချက်အရ အဲဒီဖောင်ဒေးရှင်းဟာ အစားအသောက်ထောက်ပံ့ပေးရေးနဲ့ ရေစုပ်စက်အသစ်တစ်လုံး တပ်ဆင်နိုင်ရေးအတွက် ယူရို ၂သိန်းလှူဒါန်းခဲ့ကြောင်း သိရပါတယ်။
အဲဒီပရောဂျက်က ကင်ညာနိုင်ငံအတွင်းရှိ လူပေါင်း ၂၀၀၀ ကို အကျိုးကျေးဇူးရရှိစေမှာဖြစ်ပြီး မူလတန်းကျောင်းတွေရှိ ကလေးတွေသာမက မိသားစုဝင်တွေပါ ပါဝင်တယ်လို့ သိရပါတယ်။