Photo Credit
Photo Credit ; Ian Hodgson
ပြီးခဲ့တဲ့ရာသီက ဒုတိယရအသင်းတွေအနက် စံချိန်တင်အမှတ်အများဆုံးရရှိခဲ့တဲ့ လီဗာပူးဟာ ရာသီသစ်မှာလည်း လက်ရှိချန်ပီယံစီးတီးအတွက် အကောင်းဆုံးပြိုင်ဘက်အဖြစ် ရှိနေဆဲပဲဆိုတာ သက်သေပြသွားနိုင်တဲ့ပွဲဖြစ်ပြီး အိမ်ကွင်းမှာ တန်းတက်နောဝစ်ခ်ျကို ဂိုးပြတ်အနိုင်ယူကာ အဖွင့်မျက်နှာပန်းလှသွားပါတယ်။
Photo Credit ; Ian Hodgson
Photo Credit ; Ian Hodgson
နောဝစ်ခ်ျက ချေပဂိုးရဖို့ အပြန်အလှန်ဖွင့်တိုက်ခဲ့ပေမယ့် လီဗာပူးတိုက်စစ်ကိုတော့ မထိန်းနိုင်ခဲ့ဘဲ ပွဲချိန် ၂၈မိနစ်မှာ ဆာလာရဲ့ထောင့်ကန်ဘောကနေ နောက်ခံလူဗန်ဒိုက်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ လီဗာပူးအသင်း တတိယမြောက်ဂိုးရရှိခဲ့ပါတယ်။
Photo Credit ; Ian Hodgson
Photo Credit ; Ian Hodgson
Photo Credit ; Ian Hodgson
နောက်ပိုင်းမှာတော့ နောဝစ်ခ်ျအသင်း ပြန်လည်တိုက်စစ်ဆင်လာနိုင်ပြီး ပွဲချိန် ၆၄မိနစ်မှာ ဘူယန်ဒီယာရဲ့လှပတဲ့ပေးပို့မှုကနေ ပက်ကီက အချိန်မဆိုင်းဘဲ ထောင့်ဖြတ်မြေလှိမ့်ဘောကန်သွင်းကာ ဧည့်သည်အသင်းအတွက် နှစ်သိမ့်ချေပဂိုးတစ်ဂိုးရယူနိုင်ခဲ့ပါတယ်။
Photo Credit ; Ian Hodgson
လီဗာပူးက ချေပဂိုး၁ဂိုးပေးလိုက်ရပေမယ့် ပွဲကို သက်သောင့်သက်သာထိန်းကစားသွားနိုင်ခဲ့ပြီး ပွဲချိန် ၈၅မိနစ်မှာ အာနိုးလ်ရဲ့ပြင်းထန်တဲ့ဖရီးကစ်ကန်သွင်းချက်ကို နောဝစ်ခ်ျဂိုးသမား ခရူးလ်ကာကွယ်ခဲ့ရသလို အခြားတစ်ဖက်မှာလည်း လီဗာပူးဂိုးသမား အက်ဒရီယန်က အိုနယ်ဟာနန်ဒက်ဇ်ရဲ့ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့ပါတယ်။
Photo Credit ; Ian Hodgson
Unicode
အိမ်ကွင်းဂိုးပြတ်အနိုင်နဲ့အတူ ရာသီသစ်ကို ယုံကြည်မှုအပြည့်နဲ့ဖွင့်လှစ်လိုက်တဲ့ လီဗာပူး
ပြီးခဲ့တဲ့ရာသီက ဒုတိယရအသင်းတွေအနက် စံချိန်တင်အမှတ်အများဆုံးရရှိခဲ့တဲ့ လီဗာပူးဟာ ရာသီသစ်မှာလည်း လက်ရှိချန်ပီယံစီးတီးအတွက် အကောင်းဆုံးပြိုင်ဘက်အဖြစ် ရှိနေဆဲပဲဆိုတာ သက်သေပြသွားနိုင်တဲ့ပွဲဖြစ်ပြီး အိမ်ကွင်းမှာ တန်းတက်နောဝစ်ချ်ကို ဂိုးပြတ်အနိုင်ယူကာ အဖွင့်မျက်နှာပန်းလှသွားပါတယ်။
ပွဲအစ ၇မိနစ်မှာပဲ လီဗာပူးအသင်း အဖွင့်ဂိုးရရှိသွားခဲ့ပြီး ဘယ်တောင်ပံကနေ တိုက်စစ်မှူးအိုရီဂီအနီးကပ်ဖြတ်တင်ပေးလိုက်တာကို နောဝစ်ချ်အသင်းခေါင်းဆောင် ဟန်လေး တားဆီးဖို့ကြိုးစားတာ ထိချက်မမှန်ဘဲ ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပွဲကအပြန်အလှန်ဖြစ်လာပြီး ပွဲချိန် ၁၉မိနစ်မှာ ဂိုးဧရိယာထဲကနေ ဖာမီနို အသာခင်းပေးတာကို ဆာလာက အသာကန်သွင်းယူနိုင်ခဲ့လို့ လီဗာပူးအသင်းဒုတိယမြောက်ဂိုးရရှိခဲ့ပါတယ်။
နောဝစ်ချ်က ချေပဂိုးရဖို့ အပြန်အလှန်ဖွင့်တိုက်ခဲ့ပေမယ့် လီဗာပူးတိုက်စစ်ကိုတော့ မထိန်းနိုင်ခဲ့ဘဲ ပွဲချိန် ၂၈မိနစ်မှာ ဆာလာရဲ့ထောင့်ကန်ဘောကနေ နောက်ခံလူဗန်ဒိုက်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ လီဗာပူးအသင်း တတိယမြောက်ဂိုးရရှိခဲ့ပါတယ်။
အဲဒီနောက် လီဗာပူးဟာ အဓိကဂိုးသမား အဲလစ်ဆန်ကို ဒဏ်ရာပြဿနာကြောင့် ဆုံးရှုံးခဲ့ရပေမယ့် အရှိန်ကိုတော့ ဆက်လက်တင်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၄၂မိနစ်မှာ ညာနောက်ခံလူ အာနိုးလ်ရဲ့တိကျတဲ့ဖြတ်တင်ဘောကို တိုက်စစ်မှူးအိုရီဂီက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ စတုတ္ထမြောက်ဂိုးရရှိခဲ့ပါတယ်။၏
ဒုတိယပိုင်းအစမှာလည်း လီဗာပူးအသင်း အပိုင်အခွင့်အရေးရရှိခဲ့ပြီး ဆာလာရဲ့ပေးပို့မှုကနေ အာနိုးလ် အနီးကပ်ဆွဲပြေးကာ ဂိုးရှေ့အသာထိုးပေးလိုက်တာကို တိုက်စစ်မှူး ဖာမီနို နောက်ပေါက်နဲ့ ပိတ်သွင်းမလို့လုပ်တာ ထိချက်မမှန်ခဲ့သလို နောက်တစ်ကြိမ် ဘယ်ခြေနဲ့ ထပ်မံပိတ်သွင်းတာလည်း ချော်သွားလို့ နစ်နာခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ နောဝစ်ချ်အသင်း ပြန်လည်တိုက်စစ်ဆင်လာနိုင်ပြီး ပွဲချိန် ၆၄မိနစ်မှာ ဘူယန်ဒီယာရဲ့လှပတဲ့ပေးပို့မှုကနေ ပက်ကီက အချိန်မဆိုင်းဘဲ ထောင့်ဖြတ်မြေလှိမ့်ဘောကန်သွင်းကာ ဧည့်သည်အသင်းအတွက် နှစ်သိမ့်ချေပဂိုးတစ်ဂိုးရယူနိုင်ခဲ့ပါတယ်။
လီဗာပူးက ချေပဂိုး၁ဂိုးပေးလိုက်ရပေမယ့် ပွဲကို သက်သောင့်သက်သာထိန်းကစားသွားနိုင်ခဲ့ပြီး ပွဲချိန် ၈၅မိနစ်မှာ အာနိုးလ်ရဲ့ပြင်းထန်တဲ့ဖရီးကစ်ကန်သွင်းချက်ကို နောဝစ်ချ်ဂိုးသမား ခရူးလ်ကာကွယ်ခဲ့ရသလို အခြားတစ်ဖက်မှာလည်း လီဗာပူးဂိုးသမား အက်ဒရီယန်က အိုနယ်ဟာနန်ဒက်ဇ်ရဲ့ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့ပါတယ်။