အိပ်မက်အကြီးကြီးတွေမက်ကြပါ ၊ ကလေးတို့ – လင်ဂတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့တုန်းက နယူးကာဆယ်အသင်းကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲက အခိုက်အတန့်တိုင်း ၊ အဖြစ်အပျက်တိုင်းဟာ ယူနိုက်တက် ပရိသတ်တွေအတွက်တော့ ကျေနပ်စရာတွေကြီးပါပဲ။

လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်လောက်ကတည်းက အိမ်ကနေထွက်သွားခဲ့တဲ့ ကောင်လေးတယောက်ကို “ အိုးလ်ထရက်ဖို့ဒ် “ ဆိုတဲ့ အိမ်မှာပြန်မြင်တွေ့ရတော့မယ်ဆိုတဲ့ အသိက ယူနိုက်တက် ပရိသတ်တွေကို ကြိုပြီးစိတ်လှုပ်ရှားစေခဲ့ပါတယ်။

ဘယ်လောက်တောင် စိတ်လှုပ်ရှားနေခဲ့ကြသလဲဆို ပွဲမစခင် ၂ နာရီအလိုလောက်ကတည်းက အိုးထရက်ဖို့ဒ်ကွင်း အရှေ့မှာလူတွေပြည့်နှက်နေတဲ့အထိကို ဖြစ်နေခဲ့တယ်။

ရော်နယ်ဒို ဆိုတဲ့ အမည်နာမကို အနီရောင်ဂျာစီအင်္ကျီတွေရဲ့ နောက်ကျောမှာ တဖန်မြင်တွေ့ခဲ့ရတယ်။

အိမ်ပြေးလေးတယောက်ကို ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ပြန်လည်ကြိုဆိုဖို့ ပရိသတ်တွေဟာ အဆင့်သင့်ဖြစ်နေခဲ့ကြတယ်။

ပြိုင်ဖက် ငှက်ကျားတွေကတော့ ဒုတိယအကြိမ်မြောက် ရော်နယ်ဒို ရဲ့ ပွဲဦးထွက်ပွဲကို ဖျက်စီးဖို့ ရည်ရွယ်ခဲ့ကြပြီး ဂိုးမပေးရရင်ပြီးရောဆိုတဲ့ကစားပုံနဲ့ ယူနိုက်တက် ကို ရင်ဆိုင်ခဲ့ကြတယ်။

သူတို့ရဲ့ နည်းဗျူဟာက ပထမပိုင်း ၄၅ မိနစ်လောက်အထိတော့ အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

နာကျင်အချိန်ပို ၄၅+၂ မိနစ်မှာတော့ ဒီရာသီမှာ လုပ်သမျှဖြစ်နေတဲ့ သစ်သားစိမ်းလေးရဲ့ ကန်ချက်ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ရော်နယ်ဒို က ပိတ်သွင်းခဲ့ပြီး Siuuuuu ဆိုတဲ့ အော်သံတွေကို အိုးလ်ထရက်ဖို့ဒ် ကောင်းကင်ယံမှာ ဖုံးလွှမ်းစေခဲ့တယ်။

ဒုတိယပိုင်းအစမှာ လီဗာပူးလ် ကစားသမားဟောင်း မန်ကွီလို က ငှက်ကျားတွေအတွက် ခြေပဂိုးပြန်သွင်းပြီး ယူနိုက်တက် ရဲ့ “ Homecoming Party “ ကို ထပ်မံနှောင့်ယှက်ခဲ့ပြန်တယ်။

ဒါပေမဲ့ ဒီတခါမှာတော့ သူတို့ရဲ့အပျော်တွေက မိနစ်ပိုင်းလောက်သာခံခဲ့ပြီး ရော်နယ်ဒို ရဲ့ နောက်ထပ်သွင်းဂိုးတဂိုးကို ခွင့်ပြုပေးခဲ့ရတယ်။

နောက်ထပ် ပေါ်တူဂီ မှော်ဆရာတပါးဖြစ်တဲ့ ဘရူနို ကလည်း သူ့ idol ရဲ့ ပါတီပွဲကို ဒုံးပျံကန်ချက်နဲ့ ပိုခမ်းနားစေခဲ့တယ်။

နောက်ဆုံး သွင်းဂိုးကိုသွင်းယူပေးခဲ့တဲ့ ကစားသမားလေးကတော့ ပွဲအပြီးမှာ “ အိပ်မက်အကြီးကြီးတွေပဲမက်ကြပါ ၊ ကလေးတို့ရေ “ ဆိုပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့တယ်။

လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်မှာ ရော်နယ်ဒို က ယူနိုက်တက် အကယ်ဒမီက ကလေးတွေကို လေ့ကျင့်ရေးကွင်းမှာ ဘောလုံးစကေးတွေသင်ကြားပြသပေးခဲ့ဖူးတယ်။

အဲ့ဒီကလေးတွေထဲမှာ နယူးကာဆယ် ကို နောက်ဆုံးဂိုးသွင်းခဲ့တဲ့ လင်ဂတ် လည်း အပါအဝင်ပါပဲ။

ကလေးဘဝကတည်းက အားကျခဲ့ရတဲ့ ရော်နယ်ဒို နဲ့ ပထမဆုံးအကြိမ်တွဲဖက်ကစားခဲ့ရတဲ့ ပွဲမှာ သွင်းဂိုး ၁ ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် လင်ဂတ် က တမ္ဘာလုံးက ကလေးငယ်တွေကို ရည်ရွယ်ပြီး “ Dream Big Kids “ ဆိုတဲ့စာကိုရေးသားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းတော်တော်များများရဲ့ ကမ်းလှမ်းချက်တွေကို ငြင်းပယ်ပြီး ယူနိုက်တက် မှာပဲ ပေကပ်နေခဲ့တာက ဒီလိုအခိုက်အတန့်တွေကို သူဖန်တီးချင်သေးလို့ပဲ ဖြစ်မှာပါ။

၄ ပွဲကစားပြီးချိန်အထိ တပွဲမှကို ပွဲထွက်ကစားခွင့်မရသေးပေမဲ့ ရလာတဲ့ အခွင့်အရေးတွေကိုတော့ လင်ဂတ် တယောက် အကောင်းဆုံးအသုံးချသွားခဲ့ပြီး သူ့ရဲ့တန်ဖိုးကို ရော်နယ်ဒို ရဲ့ “ Homecoming Party “ ပွဲမှာ သက်သေပြသွားခဲ့ပါတယ်။

လင်ဂတ် ရဲ့ အိပ်မက်တွေက ဒီနေရာမှာပဲ ရပ်တန့်နေဦးမှာမဟုတ်တာတော့ သေချာပါတယ်။

သူချစ်တဲ့ ယူနိုက်တက် အသင်းမှာ သူလေးစားအားကျရတဲ့ ရော်နယ်ဒို နဲ့ တွဲဖက်ကစားပြီး မမေ့နိုင်စရာအခိုက်အတန့်တွေကို ထပ်မံဖန်တီးနိုင်ဖို့အတွက် ဆိုးလ်းရှား ရဲ့ ပွဲထွက် ၁၁ ဦးစာရင်းမှာ အမြဲပါဝင်နိုင်ဖို့ လင်ဂတ် တယောက် ကြိုးစားနေဦးမှာပါ။

ကလေးတွေကို ရည်ရွယ်ပြီးရေးသားခဲ့တဲ့ သူ့ရဲ့စာထဲကအတိုင်း အိပ်မက်အကြီးကြီးတွေကို သူကိုယ်တိုင်လည်း ဆက်မက်နေဦးမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အိပ္မက္အႀကီးႀကီးေတြမက္ၾကပါ ၊ ကေလးတို႔ – လင္ဂတ္

မေန႔တုန္းက နယူးကာဆယ္အသင္းကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲက အခိုက္အတန္႔တိုင္း ၊ အျဖစ္အပ်က္တိုင္းဟာ ယူႏိုက္တက္ ပရိသတ္ေတြအတြက္ေတာ့ ေက်နပ္စရာေတြႀကီးပါပဲ။ လြန္ခဲ့တဲ့ ၁၂ ႏွစ္ေက်ာ္ေလာက္ကတည္းက အိမ္ကေနထြက္သြားခဲ့တဲ့ ေကာင္ေလးတေယာက္ကို “ အိုးလ္ထရက္ဖို႔ဒ္ “ ဆိုတဲ့ အိမ္မွာျပန္ျမင္ေတြ႕ရေတာ့မယ္ဆိုတဲ့ အသိက ယူႏိုက္တက္ ပရိသတ္ေတြကို ႀကိဳၿပီးစိတ္လႈပ္ရွားေစခဲ့ပါတယ္။

ဘယ္ေလာက္ေတာင္ စိတ္လႈပ္ရွားေနခဲ့ၾကသလဲဆို ပြဲမစခင္ ၂ နာရီအလိုေလာက္ကတည္းက အိုးထရက္ဖို႔ဒ္ကြင္း အေရွ႕မွာလူေတြျပည့္ႏွက္ေနတဲ့အထိကို ျဖစ္ေနခဲ့တယ္။ ေရာ္နယ္ဒို ဆိုတဲ့ အမည္နာမကို အနီေရာင္ဂ်ာစီအက်ႌေတြရဲ႕ ေနာက္ေက်ာမွာ တဖန္ျမင္ေတြ႕ခဲ့ရတယ္။ အိမ္ေျပးေလးတေယာက္ကို ခ်စ္ျခင္းေမတၱာေတြအျပည့္နဲ႔ ျပန္လည္ႀကိဳဆိုဖို႔ ပရိသတ္ေတြဟာ အဆင့္သင့္ျဖစ္ေနခဲ့ၾကတယ္။

ၿပိဳင္ဖက္ ငွက္က်ားေတြကေတာ့ ဒုတိယအႀကိမ္ေျမာက္ ေရာ္နယ္ဒို ရဲ႕ ပြဲဦးထြက္ပြဲကို ဖ်က္စီးဖို႔ ရည္႐ြယ္ခဲ့ၾကၿပီး ဂိုးမေပးရရင္ၿပီးေရာဆိုတဲ့ကစားပုံနဲ႔ ယူႏိုက္တက္ ကို ရင္ဆိုင္ခဲ့ၾကတယ္။ သူတို႔ရဲ႕ နည္းဗ်ဴဟာက ပထမပိုင္း ၄၅ မိနစ္ေလာက္အထိေတာ့ အလုပ္ျဖစ္ခဲ့တယ္လို႔ ဆိုရမွာပါ။ နာက်င္အခ်ိန္ပို ၄၅+၂ မိနစ္မွာေတာ့ ဒီရာသီမွာ လုပ္သမွ်ျဖစ္ေနတဲ့ သစ္သားစိမ္းေလးရဲ႕ ကန္ခ်က္ကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ေရာ္နယ္ဒို က ပိတ္သြင္းခဲ့ၿပီး Siuuuuu ဆိုတဲ့ ေအာ္သံေတြကို အိုးလ္ထရက္ဖို႔ဒ္ ေကာင္းကင္ယံမွာ ဖုံးလႊမ္းေစခဲ့တယ္။

ဒုတိယပိုင္းအစမွာ လီဗာပူးလ္ ကစားသမားေဟာင္း မန္ကြီလို က ငွက္က်ားေတြအတြက္ ေျခပဂိုးျပန္သြင္းၿပီး ယူႏိုက္တက္ ရဲ႕ “ Homecoming Party “ ကို ထပ္မံေႏွာင့္ယွက္ခဲ့ျပန္တယ္။ ဒါေပမဲ့ ဒီတခါမွာေတာ့ သူတို႔ရဲ႕အေပ်ာ္ေတြက မိနစ္ပိုင္းေလာက္သာခံခဲ့ၿပီး ေရာ္နယ္ဒို ရဲ႕ ေနာက္ထပ္သြင္းဂိုးတဂိုးကို ခြင့္ျပဳေပးခဲ့ရတယ္။ ေနာက္ထပ္ ေပၚတူဂီ ေမွာ္ဆရာတပါးျဖစ္တဲ့ ဘ႐ူႏို ကလည္း သူ႔ idol ရဲ႕ ပါတီပြဲကို ဒုံးပ်ံကန္ခ်က္နဲ႔ ပိုခမ္းနားေစခဲ့တယ္။

ေနာက္ဆုံး သြင္းဂိုးကိုသြင္းယူေပးခဲ့တဲ့ ကစားသမားေလးကေတာ့ ပြဲအၿပီးမွာ “ အိပ္မက္အႀကီးႀကီးေတြပဲမက္ၾကပါ ၊ ကေလးတို႔ေရ “ ဆိုၿပီး သူ႔ရဲ႕ ဆိုရွယ္မီဒီယာေပၚမွာ ေရးသားခဲ့တယ္။ လြန္ခဲ့တဲ့ ၂၀၀၃ ခုႏွစ္မွာ ေရာ္နယ္ဒို က ယူႏိုက္တက္ အကယ္ဒမီက ကေလးေတြကို ေလ့က်င့္ေရးကြင္းမွာ ေဘာလုံးစေကးေတြသင္ၾကားျပသေပးခဲ့ဖူးတယ္။ အဲ့ဒီကေလးေတြထဲမွာ နယူးကာဆယ္ ကို ေနာက္ဆုံးဂိုးသြင္းခဲ့တဲ့ လင္ဂတ္ လည္း အပါအဝင္ပါပဲ။

ကေလးဘဝကတည္းက အားက်ခဲ့ရတဲ့ ေရာ္နယ္ဒို နဲ႔ ပထမဆုံးအႀကိမ္တြဲဖက္ကစားခဲ့ရတဲ့ ပြဲမွာ သြင္းဂိုး ၁ ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီးေနာက္ လင္ဂတ္ က တမာၻလုံးက ကေလးငယ္ေတြကို ရည္႐ြယ္ၿပီး “ Dream Big Kids “ ဆိုတဲ့စာကိုေရးသားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အသင္းေတာ္ေတာ္မ်ားမ်ားရဲ႕ ကမ္းလွမ္းခ်က္ေတြကို ျငင္းပယ္ၿပီး ယူႏိုက္တက္ မွာပဲ ေပကပ္ေနခဲ့တာက ဒီလိုအခိုက္အတန္႔ေတြကို သူဖန္တီးခ်င္ေသးလို႔ပဲ ျဖစ္မွာပါ။ ၄ ပြဲကစားၿပီးခ်ိန္အထိ တပြဲမွကို ပြဲထြက္ကစားခြင့္မရေသးေပမဲ့ ရလာတဲ့ အခြင့္အေရးေတြကိုေတာ့ လင္ဂတ္ တေယာက္ အေကာင္းဆုံးအသုံးခ်သြားခဲ့ၿပီး သူ႔ရဲ႕တန္ဖိုးကို ေရာ္နယ္ဒို ရဲ႕ “ Homecoming Party “ ပြဲမွာ သက္ေသျပသြားခဲ့ပါတယ္။

လင္ဂတ္ ရဲ႕ အိပ္မက္ေတြက ဒီေနရာမွာပဲ ရပ္တန္႔ေနဦးမွာမဟုတ္တာေတာ့ ေသခ်ာပါတယ္။ သူခ်စ္တဲ့ ယူႏိုက္တက္ အသင္းမွာ သူေလးစားအားက်ရတဲ့ ေရာ္နယ္ဒို နဲ႔ တြဲဖက္ကစားၿပီး မေမ့ႏိုင္စရာအခိုက္အတန္႔ေတြကို ထပ္မံဖန္တီးႏိုင္ဖို႔အတြက္ ဆိုးလ္းရွား ရဲ႕ ပြဲထြက္ ၁၁ ဦးစာရင္းမွာ အၿမဲပါဝင္ႏိုင္ဖို႔ လင္ဂတ္ တေယာက္ ႀကိဳးစားေနဦးမွာပါ။ ကေလးေတြကို ရည္႐ြယ္ၿပီးေရးသားခဲ့တဲ့ သူ႔ရဲ႕စာထဲကအတိုင္း အိပ္မက္အႀကီးႀကီးေတြကို သူကိုယ္တိုင္လည္း ဆက္မက္ေနဦးမွာပါ။