အိပ်မက်ပြဇာတ်ရုံကြီးမှာ ပဉ္စလက်ဆန်တဲ့အခိုက်အတန့်တွေဖန်တီးပြလိုက်ပြီဖြစ်တဲ့ CR 7

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်လ်ဒိုကို ရပ်တန့်ဖို့ ဘယ်အရာကများ တားဆီးနိုင်မှာလဲ။ အသက်(၃၆)နှစ်အရွယ်ရောက်နေတာတောင်

စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေဖန်တီးပြနေဆဲဖြစ်ပြီး ‘Age is Just a Number’ဆိုတဲ့စကားက

စီရော်နယ်လ်ဒိုအတွက်များ ရည်ရွယ်ဖန်တီးထားသလားလို့ထင်ရတယ်။

အခုပွဲမတိုင်ခင် မန်ချက်စတာယူနိုက်တက်အသင်းအတွက် တစ်ကျော့ပြန်ခရီးမှာ စီရော်နယ်လ်ဒို တစ်ချိန်ကလိုစွမ်းဆောင်ပြနိုင်ဖို့ခက်တယ်ဆိုပြီး

ဘောလုံးကစားသမားဟောင်းတွေက ဝေဖန်သုံးသပ်ကြပေမယ့် စီရော်နယ်လ်ဒိုဟာ အဖွင့်ပွဲမှာပဲ (၂)ဂိုးသွင်းပြီးတော့ သူ့အပေါ်ေဝဖန်နေတဲ့သူတွေ ပါးစပ်ပိတ်သွားအောင်လုပ်ပြနိုင်ခဲ့ပြန်ပြီ။

နယူးကာဆယ်အသင်းဟာ စီရော်နယ်လ်ဒိုရဲ့ယူနိုက်တက်ကစားသမားဘဝမှာ ဂိုးသွင်းလေ့ကျင့်ခံရတဲ့အသင်းဖြစ်ပြီး

ယူနိုက်တက်ကစားသမားဘဝပထမအကြိမ်တုန်းက သူ့ရဲ့တစ်ကြိမ်တည်းသောဟက်ထရစ်ကို

နယူးကာဆယ်အသင်းနဲ့ပွဲမှာသွင်းခဲ့သလို အခုပွဲမှာလည်း စီရော်နယ်လ်ဒိုရဲ့အသုံးချခံထပ်ဖြစ်ခဲ့ရပြန်တယ်။

ဒီပွဲက မန်ချက်စတာယူနိုက်တက်-နယူးကာဆယ်ပွဲဆိုတာထက် စီရော်နယ်လ်ဒို VS နယူးကာဆယ်လို့တင်စားရမှာဖြစ်ပြီး

တစ်ကမ္ဘာလုံးကပရိသတ်တွေရော၊ မီဒီယာတွေကပါ စီရော်နယ်လ်ဒို ဘာလုပ်ပြမလဲဆိုတာစောင့်ကြည့်ခဲ့ကြတာပါ။

ယူနိုက်တက်ဆီ ပြန်လာတာက အေးအေးဆေးဆေးအနားယူဖို့ပြန်လာတာမဟုတ်ဘူးလို့ကြုံးဝါးခဲ့တဲ့အတိုင်း

စီရော်နယ်လ်ဒိုဟာ သွင်းဂိုး(၂)ဂိုးနဲ့အတူ သူ့ကတိတည်အောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။

စီရော်နယ်လ်ဒိုချီးမွမ်းခန်းဖွင့်အပြီးမှာတော့ ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သုံးသပ်ချင်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်အသင်းဂိုးပြတ်နိုင်တယ်၊ စီရော်နယ်လ်ဒိုလည်း ဂိုးသွင်းနိုင်တယ်ဆိုပေမယ့် ပွဲအစဆုံးကစားသွားတဲ့ခြေစွမ်းပိုင်းအရ အရမ်းကြီးအားရစရာမကောင်းတာတော့ အမှန်ပဲ။

အဓိကအချက်ကတော့ ဆိုးလ်ရှားဟာ ကစားကွက်ကို ရဲရဲဝံ့ဝံ့ပြောင်းသင့်နေပြီဖြစ်ပေမယ့် Risk မယူရဲတဲ့စိတ်အခံကြောင့် ကစားသမားကောင်းတွေရှိပါလျက်နဲ့

ယူနိုက်တက်ကစားပုံက အမှားတွေများနေဆဲဖြစ်ပါတယ်။

အထူးသဖြင့် ယူနိုက်တက်တိုက်စစ်ဆင်လာတဲ့အခါတိုင်း Combination တွေနဲ့ထိုးဖောက်တာမျိုး သိပ်မတွေ့ရဘူး။

ဥပမာပြောရရင် နယူးကာဆယ်ဘက်က အယ်လ်မီရွန်နဲ့ စိန့်မက်ဆီမင်အတွဲအဖက်က ယူနိုက်တက်ခံစစ်ကို တောက်လျှောက်ခြိမ်းခြောက်ခဲ့ပြီး

ရစ်ချီ+အယ်လ်မီရွန်+စိန့်မက်ဆီမင်တို့ရဲ့ Combination တွေကို ယူနိုက်တက်ခံစစ်ကစားသမားတွေ တော်တော်ကြီးကို ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတယ်။

ဆိုးလ်ရှားဟာ အခုပွဲမှာလည်း မာတစ်ကို ထပ်သုံးခဲ့ပြီး အသက်အရွယ်အရရော၊ ခြေစွမ်းအရရော

ဘာမှမကျန်တော့တဲ့ မာတစ်ဆီကနေ ဘာတွေများမျှော်လင့်နေလဲဆိုတာတော့ စဉ်းစားလို့မရဘူး။

ဖီဖာက ပွဲပယ်ပြစ်ဒဏ်ပြန်ဖျက်ပေးခဲ့တာတောင် ဖရက်ဒ်ကို မသုံးတာတော့ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။

ပွဲစ,စချင်းမှာ ယူနိုက်တက်က (၄-၁-၄-၁)ပုံစံမျိုးနဲ့ မာတစ်က Holding Midfield အဖြစ်ကစားပြီး ဘရူနိုဖာနန်ဒက်စ်က

အရင်လို ကွင်းလယ်အထိဆင်းပြီးဘောလုံးမယူတော့ဘဲ Second Striker ပုံစံနဲ့ကစားသလို ပေါ့ဘာက တစ်ဖက်အသင်းဧရိယာထဲမှာ တိုက်စစ်လိုက်ကစားတယ်။

ဒါပေမဲ့ Counter တွေပြန်ပေါက်ရင် ကွင်းလယ်မှာ ခံစစ်အတွက် Cover လုပ်ပေးမယ့်သူမရှိလို့ ပေ့ါဘာ ခံစစ်ကို ပြန်ကူပေမယ့် ပေ့ါဘာကလည်း အဲဒီအပိုင်းမှာ အရမ်းအားနည်းတဲ့အတွက် အလုပ်မဖြစ်ပြန်ဘူး။

နယူးကာဆယ်နည်းပြစတိဗ်ဘရုစ်ကတော့ ယူနိုက်တက်ကစားပုံကို ကောင်းကောင်းသိနေလို့ ကိုယ့်ဘက်ခြမ်းမှာ လုံးဝ Space မပေးဘဲ

လောင်းစတက်ဖ်၊ ဝီလော့ခ်တို့ရဲ့ရုန်းအားကို အသုံးချပြီးတော့ ယူနိုက်တက်ကို ပိတ်ဆို့ကစားခဲ့တယ်။

ယူနိုက်တက်ရဲ့ထုံးစံအတိုင်း ပိတ်ကစားတဲ့အသင်းတွေနဲ့ဆို ဘာလုပ်ရမှန်းမသိတော့ဘဲ ဘောလုံးကိုင်ထားပေမယ့် အပိုင်အခွင့်အရေးဖန်တီးနိုင်မှု ဘာမှမရှိခဲ့ဘူး။

အစောပိုင်းမှာ စီရော်နယ်လ်ဒို တစ်ကြိမ်၊ နှစ်ကြိမ်လောက်ကန်ခွင့်ရပေမယ့်လည်း ထိရောက်တဲ့အခွင့်အရေးမျိုးမဟုတ်ခဲ့ပြန်ဘူး။

ကံကောင်းတာက ပထမပိုင်းပြီးခါနီးမှာ ဂရင်းဝုဒ်ရဲ့ ပယ်နယ်တီဧရိယာထိပ်ကနေကန်ချက် လူထိပြီးလမ်းကြောင်းနည်းနည်းြပောင်းသွားလို့

ဂိုးသမားဆီက ပြန်အံထွက်လာတာကို စီရော်နယ်လ်ဒိုက အပိုင်ပိတ်သွင်းခဲ့တာပါပဲ။

ဒါက ပုံမှန်အတိုင်းကြည့်ရင် ‘ကောက်စား’လို့ သတ်မှတ်ရပေမယ့် ပြိုင်ဘက်အသင်း(၁၈)ကိုက်စည်းထဲမှာ အခွင့်အရေးတစ်ကြိမ်ရရင်

တစ်ကြိမ်ဂိုးသွင်းနိုင်ဖို့အဓိကတာဝန်ယူထားတဲ့ စီရော်နယ်လ်ဒို နေရာယူမှန်မှန်နဲ့သွင်းယူခဲ့တာလို့လည်း သတ်မှတ်ရမယ်။

နယူးကာဆယ်အသင်းအတွက် ချေပဂိုးကို (၅၆)မိနစ်မှာ မက်ဂွိုင်းယားရဲ့အမှားကနေစလို့ Counter ပြန်ပေါက်ပြီး စိန့်မက်ဆီမင်ထိုးပေးတာကနေ မန်ကီယိုက အပိုင်ကန်သွင်းခဲ့တာပါ။

ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ ယူနိုက်တက်ဦးဆောင်ဂိုးပြန်ရပြီး လုခ်ရှော အလိုက်သင့်ထိုးပေးလိုက်တာကို စီရော်နယ်လ်ဒို ပြေးအားကောင်းကောင်းနဲ့ ဆွဲယူကန်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ယူနိုက်တက်ကစားပုံပေ့ါလာလို့ နယူးကာဆယ်အခွင့်အရေးတချို့ပြန်ရခဲ့ပေမယ့် ဒီဂီယာ လက်စွမ်းပြခဲ့တဲ့အတွက် ချေပဂိုးမရခဲ့ဘူး။

မိနစ်(၈၀)မှာတော့ ပေ့ါဘာ ပေးလိုက်တာကနေ ဘရူနိုဖာနန်ဒက်စ်က အဝေးကန်ချက်နဲ့လှလှပပကန်သွင်းခဲ့ပြီး သူလည်း စီရော်နယ်လ်ဒိုလို ဂိုးသွင်းနိုင်ပါတယ်ဆိုတာ ပြသခဲ့တယ်။

နာကျင်အချိန်ပိုမှာ ပေ့ါဘာရဲ့ ပေးပို့မှုကပဲ မာစီယဲလ် နားလည်မှုရှိရှိနဲ့ ‘ဟ’ပေးလိုက်တာကနေ လင်ဂတ်က အဆုံးသတ်ခဲ့ပြီး

ဒါဟာ ၂၀၁၉-၂၀ ရာသီပိတ်တုန်းက လက်စတာနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း (၁)နှစ်ကျော်အကြာမှာ ယူနိုက်တက်အတွက် လင်ဂတ် ဂိုးပြန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ဒီရာသီအစမှာ ရလဒ်ကောင်းတွေရယူနေတဲ့အပြင် အဓိက,ကစားသမားတွေလည်း ခြေစွမ်းပြနေတာကြောင့် ကျေနပ်စရာကောင်းပေမယ့်

ဆိုးလ်ရှားအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုလိုချင်တယ်ဆိုရင်တော့ သူ့ကစားသမားတွေနဲ့ကိုက်ညီမယ့်ကစားကွက်ချမှတ်ဖို့၊

အရည်အသွေးရှိတဲ့ကစားသမားတွေကို ပွဲထွက်ခွင့်ပိုပေးဖို့တော့ လိုနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အိပ္မက္ျပဇာတ္႐ုံႀကီးမွာ ပၪၥလက္ဆန္တဲ့အခိုက္အတန႔္ေတြဖန္တီးျပလိုက္ၿပီျဖစ္တဲ့ CR 7

စီေရာ္နယ္လ္ဒိုကို ရပ္တန႔္ဖို႔ ဘယ္အရာကမ်ား တားဆီးႏိုင္မွာလဲ။ အသက္(၃၆)ႏွစ္အ႐ြယ္ေရာက္ေနတာေတာင္ စိတ္လႈပ္ရွားစရာအခိုက္အတန႔္ေတြဖန္တီးျပေနဆဲျဖစ္ၿပီး ‘Age is Just a Number’ဆိုတဲ့စကားက စီေရာ္နယ္လ္ဒိုအတြက္မ်ား ရည္႐ြယ္ဖန္တီးထားသလားလို႔ထင္ရတယ္။

အခုပြဲမတိုင္ခင္ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ တစ္ေက်ာ့ျပန္ခရီးမွာ စီေရာ္နယ္လ္ဒို တစ္ခ်ိန္ကလိုစြမ္းေဆာင္ျပႏိုင္ဖို႔ခက္တယ္ဆိုၿပီး ေဘာလုံးကစားသမားေဟာင္းေတြက ေဝဖန္သုံးသပ္ၾကေပမယ့္ စီေရာ္နယ္လ္ဒိုဟာ အဖြင့္ပြဲမွာပဲ (၂)ဂိုးသြင္းၿပီးေတာ့ သူ႔အေပၚေ
ဝဖန္ေနတဲ့သူေတြ ပါးစပ္ပိတ္သြားေအာင္လုပ္ျပႏိုင္ခဲ့ျပန္ၿပီ။

နယူးကာဆယ္အသင္းဟာ စီေရာ္နယ္လ္ဒိုရဲ႕ယူႏိုက္တက္ကစားသမားဘဝမွာ ဂိုးသြင္းေလ့က်င့္ခံရတဲ့အသင္းျဖစ္ၿပီး ယူႏိုက္တက္ကစားသမားဘဝပထမအႀကိမ္တုန္းက သူ႔ရဲ႕တစ္ႀကိမ္တည္းေသာဟက္ထရစ္ကို နယူးကာဆယ္အသင္းနဲ႔ပြဲမွာသြင္းခဲ့သလို အခုပြဲမွာလည္း စီေရာ္နယ္လ္ဒိုရဲ႕အသုံးခ်ခံထပ္ျဖစ္ခဲ့ရျပန္တယ္။

ဒီပြဲက မန္ခ်က္စတာယူႏိုက္တက္-နယူးကာဆယ္ပြဲဆိုတာထက္ စီေရာ္နယ္လ္ဒို VS နယူးကာဆယ္လို႔တင္စားရမွာျဖစ္ၿပီး တစ္ကမာၻလုံးကပရိသတ္ေတြေရာ၊ မီဒီယာေတြကပါ စီေရာ္နယ္လ္ဒို ဘာလုပ္ျပမလဲဆိုတာေစာင့္ၾကည့္ခဲ့ၾကတာပါ။

ယူႏိုက္တက္ဆီ ျပန္လာတာက ေအးေအးေဆးေဆးအနားယူဖို႔ျပန္လာတာမဟုတ္ဘူးလို႔ႀကဳံးဝါးခဲ့တဲ့အတိုင္း စီေရာ္နယ္လ္ဒိုဟာ သြင္းဂိုး(၂)ဂိုးနဲ႔အတူ သူ႔ကတိတည္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါၿပီ။

စီေရာ္နယ္လ္ဒိုခ်ီးမြမ္းခန္းဖြင့္အၿပီးမွာေတာ့ ပြဲနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြကို သုံးသပ္ခ်င္ပါတယ္။ ဒီပြဲမွာ ယူႏိုက္တက္အသင္းဂိုးျပတ္ႏိုင္တယ္၊ စီေရာ္နယ္လ္ဒိုလည္း ဂိုးသြင္းႏိုင္တယ္ဆိုေပမယ့္ ပြဲအစဆုံးကစားသြားတဲ့ေျခစြမ္းပိုင္းအရ အရမ္းႀကီးအားရစရာမေကာင္းတာေတာ့ အမွန္ပဲ။

အဓိကအခ်က္ကေတာ့ ဆိုးလ္ရွားဟာ ကစားကြက္ကို ရဲရဲဝံ့ဝံ့ေျပာင္းသင့္ေနၿပီျဖစ္ေပမယ့္ Risk မယူရဲတဲ့စိတ္အခံေၾကာင့္ ကစားသမားေကာင္းေတြရွိပါလ်က္နဲ႔ ယူႏိုက္တက္ကစားပုံက အမွားေတြမ်ားေနဆဲျဖစ္ပါတယ္။ အထူးသျဖင့္ ယူႏိုက္တက္တိုက္စစ္ဆင္လာတဲ့အခါတိုင္း Combination ေတြနဲ႔ထိုးေဖာက္တာမ်ိဳး သိပ္မေတြ႕ရဘူး။

ဥပမာေျပာရရင္ နယူးကာဆယ္ဘက္က အယ္လ္မီ႐ြန္နဲ႔ စိန႔္မက္ဆီမင္အတြဲအဖက္က ယူႏိုက္တက္ခံစစ္ကို ေတာက္ေလွ်ာက္ၿခိမ္းေျခာက္ခဲ့ၿပီး ရစ္ခ်ီ+အယ္လ္မီ႐ြန္+စိန႔္မက္ဆီမင္တို႔ရဲ႕ Combination ေတြကို ယူႏိုက္တက္ခံစစ္ကစားသမားေတြ ေတာ္ေတာ္ႀကီးကို ခက္ခက္ခဲခဲထိန္းခ်ဳပ္ခဲ့ရတယ္။ ဆိုးလ္ရွားဟာ အခုပြဲမွာလည္း မာတစ္ကို ထပ္သုံးခဲ့ၿပီး အသက္အ႐ြယ္အရေရာ၊ ေျခစြမ္းအရေရာ ဘာမွမက်န္ေတာ့တဲ့ မာတစ္ဆီကေန ဘာေတြမ်ားေမွ်ာ္လင့္ေနလဲဆိုတာေတာ့ စဥ္းစားလို႔မရဘူး။

ဖီဖာက ပြဲပယ္ျပစ္ဒဏ္ျပန္ဖ်က္ေပးခဲ့တာေတာင္ ဖရက္ဒ္ကို မသုံးတာေတာ့ ေတာ္ေတာ္စိတ္ပ်က္ဖို႔ေကာင္းတယ္။ ပြဲစ,စခ်င္းမွာ ယူႏိုက္တက္က (၄-၁-၄-၁)ပုံစံမ်ိဳးနဲ႔ မာတစ္က Holding Midfield အျဖစ္ကစားၿပီး ဘ႐ူႏိုဖာနန္ဒက္စ္က အရင္လို ကြင္းလယ္အထိဆင္းၿပီးေဘာလုံးမယူေတာ့ဘဲ Second Striker ပုံစံနဲ႔ကစားသလို ေပါ့ဘာက တစ္ဖက္အသင္းဧရိယာထဲမွာ တိုက္စစ္လိုက္ကစားတယ္။

ဒါေပမဲ့ Counter ေတြျပန္ေပါက္ရင္ ကြင္းလယ္မွာ ခံစစ္အတြက္ Cover လုပ္ေပးမယ့္သူမရွိလို႔ ေပ့ါဘာ ခံစစ္ကို ျပန္ကူေပမယ့္ ေပ့ါဘာကလည္း အဲဒီအပိုင္းမွာ အရမ္းအားနည္းတဲ့အတြက္ အလုပ္မျဖစ္ျပန္ဘူး။

နယူးကာဆယ္နည္းျပစတိဗ္ဘ႐ုစ္ကေတာ့ ယူႏိုက္တက္ကစားပုံကို ေကာင္းေကာင္းသိေနလို႔ ကိုယ့္ဘက္ျခမ္းမွာ လုံးဝ Space မေပးဘဲ ေလာင္းစတက္ဖ္၊ ဝီေလာ့ခ္တို႔ရဲ႕႐ုန္းအားကို အသုံးခ်ၿပီးေတာ့ ယူႏိုက္တက္ကို ပိတ္ဆို႔ကစားခဲ့တယ္။

ယူႏိုက္တက္ရဲ႕ထုံးစံအတိုင္း ပိတ္ကစားတဲ့အသင္းေတြနဲ႔ဆို ဘာလုပ္ရမွန္းမသိေတာ့ဘဲ ေဘာလုံးကိုင္ထားေပမယ့္ အပိုင္အခြင့္အေရးဖန္တီးႏိုင္မႈ ဘာမွမရွိခဲ့ဘူး။ အေစာပိုင္းမွာ စီေရာ္နယ္လ္ဒို တစ္ႀကိမ္၊ ႏွစ္ႀကိမ္ေလာက္ကန္ခြင့္ရေပမယ့္လည္း ထိေရာက္တဲ့အခြင့္အေရးမ်ိဳးမဟုတ္ခဲ့ျပန္ဘူး။

ကံေကာင္းတာက ပထမပိုင္းၿပီးခါနီးမွာ ဂရင္းဝုဒ္ရဲ႕ ပယ္နယ္တီဧရိယာထိပ္ကေနကန္ခ်က္ လူထိၿပီးလမ္းေၾကာင္းနည္းနည္းျေပာင္းသြားလို႔ ဂိုးသမားဆီက ျပန္အံထြက္လာတာကို စီေရာ္နယ္လ္ဒိုက အပိုင္ပိတ္သြင္းခဲ့တာပါပဲ။

ဒါက ပုံမွန္အတိုင္းၾကည့္ရင္ ‘ေကာက္စား’လို႔ သတ္မွတ္ရေပမယ့္ ၿပိဳင္ဘက္အသင္း(၁၈)ကိုက္စည္းထဲမွာ အခြင့္အေရးတစ္ႀကိမ္ရရင္ တစ္ႀကိမ္ဂိုးသြင္းႏိုင္ဖို႔အဓိကတာဝန္ယူထားတဲ့ စီေရာ္နယ္လ္ဒို ေနရာယူမွန္မွန္နဲ႔သြင္းယူခဲ့တာလို႔လည္း သတ္မွတ္ရမယ္။

နယူးကာဆယ္အသင္းအတြက္ ေခ်ပဂိုးကို (၅၆)မိနစ္မွာ မက္ဂြိဳင္းယားရဲ႕အမွားကေနစလို႔ Counter ျပန္ေပါက္ၿပီး စိန႔္မက္ဆီမင္ထိုးေပးတာကေန မန္ကီယိုက အပိုင္ကန္သြင္းခဲ့တာပါ။ ဒါေပမဲ့ မိနစ္ပိုင္းအၾကာမွာပဲ ယူႏိုက္တက္ဦးေဆာင္ဂိုးျပန္ရၿပီး လုခ္ေရွာ အလိုက္သင့္ထိုးေပးလိုက္တာကို စီေရာ္နယ္လ္ဒို ေျပးအားေကာင္းေကာင္းနဲ႔ ဆြဲယူကန္သြင္းခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္း ယူႏိုက္တက္ကစားပုံေပ့ါလာလို႔ နယူးကာဆယ္အခြင့္အေရးတခ်ိဳ႕ျပန္ရခဲ့ေပမယ့္ ဒီဂီယာ လက္စြမ္းျပခဲ့တဲ့အတြက္ ေခ်ပဂိုးမရခဲ့ဘူး။ မိနစ္(၈၀)မွာေတာ့ ေပ့ါဘာ ေပးလိုက္တာကေန ဘ႐ူႏိုဖာနန္ဒက္စ္က အေဝးကန္ခ်က္နဲ႔လွလွပပကန္သြင္းခဲ့ၿပီး သူလည္း စီေရာ္နယ္လ္ဒိုလို ဂိုးသြင္းႏိုင္ပါတယ္ဆိုတာ ျပသခဲ့တယ္။

နာက်င္အခ်ိန္ပိုမွာ ေပ့ါဘာရဲ႕ ေပးပို႔မႈကပဲ မာစီယဲလ္ နားလည္မႈရွိရွိနဲ႔ ‘ဟ’ေပးလိုက္တာကေန လင္ဂတ္က အဆုံးသတ္ခဲ့ၿပီး ဒါဟာ ၂၀၁၉-၂၀ ရာသီပိတ္တုန္းက လက္စတာနဲ႔ပြဲမွာ ဂိုးသြင္းယူခဲ့ၿပီးေနာက္ပိုင္း (၁)ႏွစ္ေက်ာ္အၾကာမွာ ယူႏိုက္တက္အတြက္ လင္ဂတ္ ဂိုးျပန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

ဒီရာသီအစမွာ ရလဒ္ေကာင္းေတြရယူေနတဲ့အျပင္ အဓိက,ကစားသမားေတြလည္း ေျခစြမ္းျပေနတာေၾကာင့္ ေက်နပ္စရာေကာင္းေပမယ့္ ဆိုးလ္ရွားအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုလိုခ်င္တယ္ဆိုရင္ေတာ့ သူ႔ကစားသမားေတြနဲ႔ကိုက္ညီမယ့္ကစားကြက္ခ်မွတ္ဖို႔၊ အရည္အေသြးရွိတဲ့ကစားသမားေတြကို ပြဲထြက္ခြင့္ပိုေပးဖို႔ေတာ့ လိုေနပါၿပီ။