အိပ်မက်ကဇာတ်ခုံကန့်လန့်ကာနောက်က အနီရောင်စူပါဂဲလ်လေး

PC ; Internet

ပါတီဇန်ဘဲလ်ဂရိတ်နဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ မာရှယ်ရဲ့ပင်နယ်တီဂိုးနဲ့အနိုင်ရပြီး မန်ယူဟာ ပြိုင်ပွဲစုံ ၄ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။အခုလို လမ်းကြောင်းမှန်ပေါ်ပြန်လည်ဦးတည်လာနိုင်တာဟာ အမှတ်ပေးဇယားထိပ်ကလီဗာပူးကို သရေကစားနိုင်ခဲ့တဲ့ပွဲစဉ်က အစပြုခဲ့တယ်လို့ဆိုနိုင်ပါတယ်။အိုးလ်ထရက်ဖို့ဒ်မှာ ၁ဂိုးစီသရေကျခဲ့တဲ့ အဲဒီပွဲစဉ်ဟာ သရဲနီတွေကိုယုံကြည်မှုပြန်လည်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ ဆိုရင်လည်းမမှားပါဘူး။

PC ; Internet

ဒါပေမဲ့ ပရိသတ်အချို့ကတော့ မြက်ခင်းစိမ်းနောက်ကွယ်က စွမ်းအားရှင်လေးတစ်ယောက်ကိုလည်း ကျေးဇူးတင်နေကြပါတယ်။သူကတော့ မန်ယူရဲ့ညှို့ဓာတ်အပြင်းဆုံးပရိသတ်လို့ ညွှန်းဆိုခံနေရတဲ့ မော်ဒယ်မလေးကက်ရီနာမာရီယာပါပဲ။ဒိန်းမတ်မှာနေပေမယ့် မန်ယူရဲ့အမာခံပရိသတ်ဖြစ်တဲ့မာရီယာဟာ အိပ်မက်ကဇာတ်ခုံဆီအရောက်လှမ်းလာပြီး သရဲနီတွေကိုအနီးကပ်အားပေးသွားခဲ့ပါတယ်။

PC ; Internet

ပိုပြီးအံ့အားသင့်စရာကောင်းတာက ပွဲမတိုင်ခင် သူမရဲ့လှုံ့ဆော်မှုနဲ့ခန့်မှန်းချက်တွေပါပဲ။မန်ယူဟာ နှစ်ပေါင်း ၃၀အတွင်း အဆိုးရွားဆုံးရာသီအစရလဒ်တွေနဲ့ ရင်ဆိုင်နေရပေမယ့် ဒီနေ့ပွဲမှာတော့ လီဗာပူးကိုအကောင်းဆုံးရင်ဆိုင်နိုင်မယ်လို့ယုံကြည်ကြောင်း၊ဖိအားဒဏ်တွေခံနေရတဲ့ နည်းပြဆိုးလ်ရှားကိုလည်း သူမအနေနဲ့ ထောက်ခံအားပေးနေပါကြောင်း မာရီယာက Instagram စာမျက်နှာမှာရေးသားခဲ့သလို သူမကိုယ်တိုင်မန်ယူအကျီၤဝတ်ဆင်ပြီး လှုံ့ဆော်ပေးခဲ့တာပါ။

PC ; Internet

အခုပုံတွေကို များများမျှဝေပေးခြင်းနဲ့ မန်ယူကိုအားပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ပြီးတော့ မာရီယာက ပြောသွားပါသေးတယ်။“ မန်ယူအတွက် ခက်ခဲကြမ်းတမ်းမယ့်ပွဲတစ်ပွဲလို့ ကျွန်မတွေးထားပါတယ်။ဒါပေမဲ့ ကျွန်မထင်ပါတယ်။ဒီပွဲက ၁-၁ ဂိုးနဲ့ပြီးသွားပါလိမ့်မယ် ” တဲ့…..

(zawgyi)

ပါတီဇန္ဘဲလ္ဂရိတ္နဲ႔ယူရိုပါလိဂ္ပြဲစဥ္မွာ မာရွယ္ရဲ႕ပင္နယ္တီဂိုးနဲ႔အႏိုင္ရၿပီး မန္ယူဟာ ၿပိဳင္ပြဲစံု ၄ပြဲဆက္ႏိုင္ပြဲေပ်ာက္ဆံုးမႈကို အဆံုးသတ္ႏိုင္ခဲ့ပါတယ္။အခုလို လမ္းေၾကာင္းမွန္ေပၚျပန္လည္ဦးတည္လာႏိုင္တာဟာ အမွတ္ေပးဇယားထိပ္ကလီဗာပူးကို သေရကစားႏိုင္ခဲ့တဲ့ပြဲစဥ္က အစျပဳခဲ့တယ္လို႔ဆိုႏိုင္ပါတယ္။အိုးလ္ထရက္ဖို႔ဒ္မွာ ၁ဂိုးစီသေရက်ခဲ့တဲ့ အဲဒီပြဲစဥ္ဟာ သရဲနီေတြကိုယံုၾကည္မႈျပန္လည္ျမွင့္တင္ေပးႏိုင္ခဲ့တယ္လို႔ ဆိုရင္လည္းမမွားပါဘူး။ဒါေပမဲ့ ပရိသတ္အခ်ိဳ႔ကေတာ့ ျမက္ခင္းစိမ္းေနာက္ကြယ္က စြမ္းအားရွင္ေလးတစ္ေယာက္ကိုလည္း ေက်းဇူးတင္ေနၾကပါတယ္။သူကေတာ့ မန္ယူရဲ႕ညိွဳ႔ဓာတ္အျပင္းဆံုးပရိသတ္လို႔ ညႊန္းဆိုခံေနရတဲ့ ေမာ္ဒယ္မေလးကက္ရီနာမာရီယာပါပဲ။ဒိန္းမတ္မွာေနေပမယ့္ မန္ယူရဲ႕အမာခံပရိသတ္ျဖစ္တဲ့မာရီယာဟာ အိပ္မက္ကဇာတ္ခံုဆီအေရာက္လွမ္းလာၿပီး သရဲနီေတြကိုအနီးကပ္အားေပးသြားခဲ့ပါတယ္။ပိုၿပီးအံ့အားသင့္စရာေကာင္းတာက ပြဲမတိုင္ခင္ သူမရဲ႕လံႈ႔ေဆာ္မႈနဲ႔ခန္႔မွန္းခ်က္ေတြပါပဲ။မန္ယူဟာ ႏွစ္ေပါင္း ၃၀အတြင္း အဆိုးရြားဆံုးရာသီအစရလဒ္ေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္ ဒီေန႔ပြဲမွာေတာ့ လီဗာပူးကိုအေကာင္းဆံုးရင္ဆိုင္ႏိုင္မယ္လို႔ယံုၾကည္ေၾကာင္း၊ဖိအားဒဏ္ေတြခံေနရတဲ့ နည္းျပဆိုးလ္ရွားကိုလည္း သူမအေနနဲ႔ ေထာက္ခံအားေပးေနပါေၾကာင္း မာရီယာက Instagram စာမ်က္ႏွာမွာေရးသားခဲ့သလို သူမကိုယ္တိုင္မန္ယူအက်ီၤ၀တ္ဆင္ၿပီး လံႈ႔ေဆာ္ေပးခဲ့တာပါ။အခုပံုေတြကို မ်ားမ်ားမွ်ေ၀ေပးျခင္းနဲ႔ မန္ယူကိုအားေပးၾကဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။ၿပီးေတာ့ မာရီယာက ေျပာသြားပါေသးတယ္။“ မန္ယူအတြက္ ခက္ခဲၾကမ္းတမ္းမယ့္ပြဲတစ္ပြဲလို႔ ကၽြန္မေတြးထားပါတယ္။ဒါေပမဲ့ ကၽြန္မထင္ပါတယ္။ဒီပြဲက ၁-၁ ဂိုးနဲ႔ၿပီးသြားပါလိမ့္မယ္ ” တဲ့…..