အာႏိုးလ္ရဲ႕ေထာင့္ျဖတ္ေဘာမ်ိဳး ဘက္ခမ္းတစ္ဦးသာ ေပးပုိ႔ႏိုင္ေၾကာင္း မာဖီ ခ်ီးက်ဴး

Photo Credit

Photo Credit

လီဗာပူးအသင္းညာေနာက္ခံလူ အာႏိုးလ္အေနနဲ႔ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ေဒးဗစ္ဘက္ခမ္းတစ္ဦးတည္းသာ ျပဳလုပ္ႏိုင္တဲ့ ေထာင့္ျဖတ္ေဘာေပးပို႔မႈမ်ိဳး ျပဳလုပ္ႏိုင္သူျဖစ္ေၾကာင္း လီဗာပူးကြင္းလယ္လူေဟာင္း ဒန္နီမာဖီက ခ်ီးက်ဴးသြားပါတယ္။

Photo Credit ; Getty Images

အဂၤလန္လက္ေရြးစင္ အာႏိုးလ္ဟာ နည္းျပကေလာ့ပ္ရဲ႕လီဗာပူးအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရရွိလာမႈနဲ႔အတူ အသင္းရဲ႕ဟီး႐ိုးတစ္ဦးျဖစ္လာခဲ့ၿပီး ယမန္ႏွစ္ရာသီက ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့ရာမွာလည္း အဓိကေနရာကေန ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

Photo Credit 

အသက္ ၂၀အရြယ္ရွိ အာႏုိးလ္ဟာ ေနာက္ခံလူျဖစ္ေပမယ့္ ဂိုးဖန္တီးေပးႏိုင္စြမ္းရွိသူျဖစ္ၿပီး ယမန္ႏွစ္ရာသီက ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ၁၂ႀကိမ္ျပဳလပ္ေပးႏိုင္ခဲ့ရာ စပါးကြင္းလယ္ဖန္တီးရွင္ အဲရစ္ဆင္နဲ႔တူညီခဲ့ၿပီး ေသာၾကာညက ေနာ၀စ္ခ်္ကို ၄-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း တိုက္စစ္မွဴးအုိရီဂီ ေခါင္းတုိက္သြင္းႏုိင္ေရးအတြက္ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

Photo Credit 

မာဖီက လီဗာပူးအသင္းရဲ႕အကယ္ဒမီကေန ထြက္ေပၚလာတဲ့ အာႏိုးလ္ဟာ ယူႏုိက္တက္ရဲ႕၀မ္ဘစ္ဆာကာ၊ စီးတီးရဲ႕ေ၀ၚလ္ကာတို႔နဲ႔အတူ ဥေရာပအေကာင္းဆုံးညာေနာက္ခံလူ ၃ဦးအျဖစ္ ရပ္တည္ေနေပမယ့္ ေဘာလုံးေပးပုိ႔မႈစြမ္းရည္ေတြပိုင္ဆုိင္ထားတဲ့အာႏိုးလ္က အဂၤလန္အသင္းရဲ႕ဦးစားေပးညာေနာက္ခံလူျဖစ္သင့္တယ္လုိ႔ ဆိုပါတယ္။

Photo Credit ; Getty Images

”အဂၤလန္နည္းျပေဆာက္ဂိတ္အေနနဲ႔ ညာေနာက္ခံလူေနရာအတြက္ ေခါင္းကိုက္ရေလာက္ပါတယ္။ အဂၤလန္အသင္းဟာ ဥေရာပရဲ႕အေကာင္းဆုံးညာေနာက္ခံလူ ၃ဦးကို ပိုင္ဆုိင္ထားရလုိ႔ အဲဒီေခါင္းကိုက္တာကလည္း ေပ်ာ္ဖုိ႔ေကာင္းပါတယ္”

Photo Credit

”၀မ္ဘစ္ဆာကာ၊ အာႏိုးလ္နဲ႔ ေ၀ၚလ္ကာတုိ႔ဟာ အရည္အေသြးအျပည့္ရွိတ့ဲညာေနာက္ခံလူေတြျဖစ္ပါတယ္။ အာႏိုးလ္ရဲ႕ေဘာလုံးေပးပို႔မႈစြမ္းရည္နဲ႔ နည္းစနစ္ပိုင္းဆုိင္ရာေက်ညက္မႈက ေနာက္ခံအစြန္လူေတြဆီမွာ မေတြ႕ရတာ ႏွစ္ေပါင္းမ်ားစြာရွိေနပါၿပီ။ ကၽြန္ေတာ့္အတြက္ အာႏိုးလ္ဟာ ဘက္ခမ္းအတုိင္း ေထာင့္ျဖတ္ေဘာေပးပုိ႔ႏိုင္သူလုိ႔ထင္ပါတယ္”

Photo Credit ; Getty Images

”သူ႕ရဲ႕တည္ကန္ေဘာနဲ႔ ေထာင့္ျဖတ္ေဘာေတြက ဘက္ခမ္းေလာက္ေကာင္းေနပါၿပီ။ သူ႕ဆီမွာရွိတဲ့အရည္အခ်င္းေတြက ပုံမွန္အားျဖင့္ ကြင္းလယ္လူေတြမွာပဲေတြ႕ျမင္ရတဲ့အရည္အေသြးေတြပါ။ သူဟာ အခုမွ အသက္ ၂၀ပဲရွိေသးေပမယ့္ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲ ၂ႀကိမ္ကစားၿပီးပါၿပီ”လုိ႔ မာဖီက သုံးသပ္ခဲ့ပါတယ္။

Photo Credit ; Sky Sports

Unicode

အာနိုးလ်ရဲ့ထောင့်ဖြတ်ဘောမျိုး ဘက်ခမ်းတစ်ဦးသာ ပေးပို့နိုင်ကြောင်း မာဖီ ချီးကျူး

လီဗာပူးအသင်းညာနောက်ခံလူ အာနိုးလ်အနေနဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းတစ်ဦးတည်းသာ ပြုလုပ်နိုင်တဲ့ ထောင့်ဖြတ်ဘောပေးပို့မှုမျိုး ပြုလုပ်နိုင်သူဖြစ်ကြောင်း လီဗာပူးကွင်းလယ်လူဟောင်း ဒန်နီမာဖီက ချီးကျူးသွားပါတယ်။
အင်္ဂလန်လက်ရွေးစင် အာနိုးလ်ဟာ နည်းပြကလော့ပ်ရဲ့လီဗာပူးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိလာမှုနဲ့အတူ အသင်းရဲ့ဟီးရိုးတစ်ဦးဖြစ်လာခဲ့ပြီး ယမန်နှစ်ရာသီက ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ရာမှာလည်း အဓိကနေရာကနေ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
အသက် ၂၀အရွယ်ရှိ အာနိုးလ်ဟာ နောက်ခံလူဖြစ်ပေမယ့် ဂိုးဖန်တီးပေးနိုင်စွမ်းရှိသူဖြစ်ပြီး ယမန်နှစ်ရာသီက ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၂ကြိမ်ပြုလပ်ပေးနိုင်ခဲ့ရာ စပါးကွင်းလယ်ဖန်တီးရှင် အဲရစ်ဆင်နဲ့တူညီခဲ့ပြီး သောကြာညက နောဝစ်ချ်ကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း တိုက်စစ်မှူးအိုရီဂီ ခေါင်းတိုက်သွင်းနိုင်ရေးအတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
မာဖီက လီဗာပူးအသင်းရဲ့အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အာနိုးလ်ဟာ ယူနိုက်တက်ရဲ့ဝမ်ဘစ်ဆာကာ၊ စီးတီးရဲ့ဝေါ်လ်ကာတို့နဲ့အတူ ဥရောပအကောင်းဆုံးညာနောက်ခံလူ ၃ဦးအဖြစ် ရပ်တည်နေပေမယ့် ဘောလုံးပေးပို့မှုစွမ်းရည်တွေပိုင်ဆိုင်ထားတဲ့အာနိုးလ်က အင်္ဂလန်အသင်းရဲ့ဦးစားပေးညာနောက်ခံလူဖြစ်သင့်တယ်လို့ ဆိုပါတယ်။
”အင်္ဂလန်နည်းပြဆောက်ဂိတ်အနေနဲ့ ညာနောက်ခံလူနေရာအတွက် ခေါင်းကိုက်ရလောက်ပါတယ်။ အင်္ဂလန်အသင်းဟာ ဥရောပရဲ့အကောင်းဆုံးညာနောက်ခံလူ ၃ဦးကို ပိုင်ဆိုင်ထားရလို့ အဲဒီခေါင်းကိုက်တာကလည်း ပျော်ဖို့ကောင်းပါတယ်”
”ဝမ်ဘစ်ဆာကာ၊ အာနိုးလ်နဲ့ ဝေါ်လ်ကာတို့ဟာ အရည်အသွေးအပြည့်ရှိတဲ့ညာနောက်ခံလူတွေဖြစ်ပါတယ်။ အာနိုးလ်ရဲ့ဘောလုံးပေးပို့မှုစွမ်းရည်နဲ့ နည်းစနစ်ပိုင်းဆိုင်ရာကျေညက်မှုက နောက်ခံအစွန်လူတွေဆီမှာ မတွေ့ရတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ ကျွန်တော့်အတွက် အာနိုးလ်ဟာ ဘက်ခမ်းအတိုင်း ထောင့်ဖြတ်ဘောပေးပို့နိုင်သူလို့ထင်ပါတယ်”
”သူ့ရဲ့တည်ကန်ဘောနဲ့ ထောင့်ဖြတ်ဘောတွေက ဘက်ခမ်းလောက်ကောင်းနေပါပြီ။ သူ့ဆီမှာရှိတဲ့အရည်အချင်းတွေက ပုံမှန်အားဖြင့် ကွင်းလယ်လူတွေမှာပဲတွေ့မြင်ရတဲ့အရည်အသွေးတွေပါ။ သူဟာ အခုမှ အသက် ၂၀ပဲရှိသေးပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၂ကြိမ်ကစားပြီးပါပြီ”လို့ မာဖီက သုံးသပ်ခဲ့ပါတယ်။