အားလုံးရဲ႕အႀကိဳက္ျဖစ္ေနတဲ့လီဗာပူးကို ခ်ဲလ္ဆီး ဘယ္လိုအႏိုင္ယူမလဲ

Photo Credit

Photo Credit ; Getty Images / AFP

လူငယ္အမ်ားစုနဲ႔ဖြဲ႕စည္းထားတဲ့အသင္းက ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆုိင္ေနရခ်ိန္၊ ၿပီးေတာ့ အေျပာင္းအေရႊ႕မွာ ၀င္ေရာက္လႈပ္ရွားခြင့္ပိတ္ပင္ခံထားရခ်ိန္၊ အခုမွပရီးမီးယားလိဂ္မွာ တာ၀န္ယူဖူးတာ ၁ပြဲပဲရွိခ်ိန္ အဲဒီပြဲမွာ ယူႏုိက္တက္ကို ဂိုးျပတ္အေရးနိမ့္ခဲ့တဲ့ လမ္းပတ္ရဲ႕ဒုတိယေျမာက္ၿပိဳင္ပြဲအသြင္ပြဲမွာ ခ်ဲလ္ဆီးဟာ အစၥတန္ဘူလ္မွာ လီဗာပူးကိုအႏုိင္ယူၿပီး ဥေရာပစူပါဖလားခ်န္ပီယံျဖစ္ဖို႔က ျဖစ္ႏိုင္ေျခနည္းေနတယ္လုိ႔ ကၽြမ္းက်င္သူေတြက သုံးသပ္ေနပါတယ္။ အဲဒီလိုအေနအထားမွာ လီဗာပူးကို ခ်ဲလ္ဆီးဘယ္လုိအႏိုင္မလဲဆုိတ့ဲေမးခြန္းအတြက္ အဓိကအခ်က္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

Photo Credit ; Reuters

(၁)တုိက္စစ္ပိုင္း အဆုံးသတ္ေသခ်ာဖို႔ လုိအပ္ျခင္း
လမ္းပတ္လက္ထက္ ပထမဆုံးၿပိဳင္ပဲြအသြင္ပြဲမွာ တုိက္စစ္ပိုင္းက ဖန္တီးမႈအားအေတာ္ေလးေကာင္းမြန္ခဲ့ပါတယ္။ နည္းျပေဟာင္း ဆာရီလက္ထက္ Possession Game ပုံစံမွာ သိပ္မျမင္ေတြ႕ခဲ့ရတဲ့ျမန္ႏႈန္းျမင့္တုိက္စစ္ဆင္မႈေတြ၊ ဆုံးျဖတ္ခ်က္ျပတ္သားမႈေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။

Photo Credit ; Getty Images

သူတုိ႔ကို ဂိုးျပတ္အ႐ံႈးနဲ႔ရင္ဆုိင္ေစခဲ့တာက ရရွိလာတဲ့အခြင့္အေရးေတြကို အျပည့္အ၀အသုံးမခ်ႏိုင္ခ့ဲတာပါပဲ။ ယူႏုိက္တက္က ဂိုးေပါက္ကန္သြင္းမႈ ၁၁ႀကိမ္ပဲရွိခ်ိန္မွာ သူတုိ႔က ၁၈ႀကိမ္အထိရွိခဲ့ၿပီး ၄-၀ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ယူႏုိက္တက္က ဂိုးေပါက္တည့္မႈ ၅ႀကိမ္မွာ ခ်ဲလ္ဆီးရဲ႕ဂိုးေပါက္တည့္မႈက ၇ႀကိမ္အထိရွိခဲ့ပါတယ္။ တကယ္လုိ႔ ဒီညပြဲမွာ လူငယ္တုိက္စစ္မွဴး ေအဘရာဟမ္အစား ၀ါရင့္တုိက္စစ္မွဴး ဂ်ီေရာ့ဒ္ ပြဲထြက္လာရင္လည္း သိပ္ၿပီးအံ့အားသင့္စရာမရွိပါဘူး။

Photo Credit ; Getty Images

(၂)လီဗာပူးခံစစ္အားနည္းမႈ ဆက္လက္ျဖစ္လာဖုိ႔ ေမွ်ာ္လင့္ျခင္း
လီဗာပူးဟာ ၂၀၁၉-၂၀ ရာသီမွာ အနည္းဆုံးေတာ့ ခံစစ္ပိုင္းအားနည္းတဲ့ျပႆနာန႔ဲရင္ဆုိင္ေနရၿပီး ရာသီႀကိဳေျခစမ္းပြဲေတြမွာကတည္းက ၉ပြဲကစားထားရမွာ Clean Sheet ၁ပြဲပဲကစားထားႏိုင္ပါတယ္။ အဲဒီမွာ ေဒါ့မြန္ကို ၃ဂိုး၊ ဆီဗီလာကို ၂ဂိုး၊ စပို႔တင္းလစၥဘြန္းကို ၂ဂိုးနဲ႔ နာပိုလီကို ၃ဂုိးေပးခဲ့ရပါတယ္။

Photo Credit ; AP

ၿပီးေတာ့ ဒီပြဲမွာ လီဗာပူးရဲ႕အျငင္းပြားဖြယ္ရာမရွိဦးစားေပးဂိုးသမား အဲလစ္ဆန္ ေျခသလုံးႂကြက္သားဒဏ္ရာေၾကာင့္ ပါ၀င္ႏိုင္မွာမဟုတ္လုိ႔ ခ်ဲလ္ဆီးအတြက္ အခြင့္အေရးျဖစ္လာႏိုင္ပါတယ္။ အဲလစ္ဆန္နဲ႔ ဗန္ဒိုက္တုိ႔က ယမန္ႏွစ္ရာသီ လီဗာပူးအသင္းရဲ႕ခံစစ္ေတာင့္တင္းမႈမွာ အဓိကေနရာကေန ပါ၀င္ခဲ့တာပါ။ အက္ဒရီယန္က ဂိုးသမားေကာင္းတစ္ဦးျဖစ္ေပမယ့္ အဲလစ္ဆန္ရဲ႕အရည္အေသြးမ်ိဳးမရွိတာေတာ့ ေသခ်ာပါတယ္။

Photo Credit ; Getty Images / AFP

(၃)သင္ခန္းစာေတြ ျမန္ျမန္ဆန္ဆန္သင္ယူျခင္း
ယူႏုိက္တက္နဲ႔ပြဲမွာ ခ်ဲလ္ဆီးရဲ႕ႀကီးမားတဲ့အမွားတစ္ခုက အေရးပါတဲ့ကာလေတြမွာ အာ႐ုံစူးစုိက္မႈအျပည့္မထားရွိႏိုင္ခဲ့တာပါပဲ။ ၁-၀ ဂိုးနဲ႔အေရးနိမ့္ေနခ်ိန္ ေခ်ပဂိုးရဖို႔ တြန္းအားေပးႏိုင္ခဲ့ေပမယ့္ ၃-၀ ဂိုးျဖစ္သြားရၿပီး ပြဲက ယူႏုိက္တက္အတြက္ အေတာ္ေလးလြယ္ကူသြားပါတယ္။ မာရွယ္က ဒုတိယဂိုးသြင္းယူၿပီးေနာက္ သိပ္မၾကာခင္မွာပဲ ရက္ရွ္ဖို႔ဒ္က တတိယေျမာက္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

တကယ္လု႔ိ လီဗာပူးနဲ႔ပြဲမွာ ကုိယ္က ဦးေဆာင္ကစားခံရေနၿပီဆုိရင္ ခ်ဲလ္ဆီးအေနနဲ႔ စိတ္တည္တည္ၿငိမ္ၿငိမ္နဲ႔ စည္းမ်ဥ္းေဘာင္ေတြထဲကေန ကစားႏုိင္ဖို႔ လိုအပ္ပါတယ္။ လမ္းပတ္ကလည္း ယူႏုိက္တက္နဲ႔ပြဲမွာ သူတုိ႔အသင္းက်ဴးလြန္ခဲ့တဲ့အမွားေတြကေန အသင္းသားေတြ အျမန္ဆုံးသင္ခန္းစာယူႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

Photo Credit ; Getty Images

(၄)ခံစစ္ပိုင္းပိုေကာင္းလာေစဖုိ႔ ကာကြယ္ျခင္း
ယူႏုိက္တက္ကို ေပးခဲ့ရတဲ့ ၄ဂိုးအနက္ ၃ဂိုးက တန္ျပန္တုိက္စစ္ကေန ေပးခ့ဲရတာျဖစ္ၿပီး ယူႏုိက္တက္က ခ်ဲလ္ဆီးခံစစ္စည္းေရွ႕မွာ အကာအကြယ္မဲ့ေနမႈကို အခြင့္ေကာင္းယူသြားတာပါ။ ေျပာရရင္ ခံစစ္စည္းေရွ႕မွာ ခုခံတားဆီးသူမရွိလုိ႔ ခ်ဲလ္ဆီးရဲ႕ Final Third Zone က ယူႏုိက္တက္အတြက္ လြယ္ကူလြန္းခဲ့ပါတယ္။ တစ္နည္းထပ္ေျပာရရင္ ကုိဗာဆစ္နဲ႔ ေဂ်ာ္ဂ်င္ညိဳတုိ႔က ခံစစ္ကို လုံလုံေလာက္ေလာက္မကာကြယ္ႏိုင္ခဲ့ဘူးလုိ႔ဆုိႏိုင္ပါတယ္။

Photo Credit ; Getty Images

ဒီအတြက္ေၾကာင့္ လမ္းပတ္အေနနဲ႔ ၿပီးခဲ့တဲ့ရာသီက နည္းျပေဟာင္း ဆာရီရဲ႕လက္ေအာက္မွာ box-to-box ကြင္းလယ္လူအျဖစ္ ေနရာေျပာင္းကစားခဲ့ရတဲ့ ကန္တီကုိ သူ႕စိတ္ႀကိဳက္ ကြင္းလယ္ခံစစ္ကစားသမားအျဖစ္ ျပန္အသုံးျပဳဖု႔ိ မ်ားေနပါတယ္။ ေျပာစရာရွိတာကေတာ့ ဒီညပြဲအတြက္ ကန္တီ ႀကံ့ခုိင္မႈအျပည့္ရွိပါ့မလားဆုိတဲ့ေမးခြန္းပါပဲ။ တကယ္လုိ႔ ကန္တီသာ ဒီပြဲမွာမပါ၀င္ႏိုင္ခဲ့ရင္ ခ်ဲလ္ဆီးကြင္းလယ္လူေတြထဲက အနည္းဆုံး တစ္ေယာက္ေတာ့ ခံစစ္ကို မျဖစ္မေနဆင္းကူေပးမွအဆင္ေျပႏိုင္မွာပါ။

Photo Credit ; Getty Images

(၅)အမွားေတြမရွိေစရ
အုိးလ္ထရက္ဖုိ႔ဒ္မွာ တစ္ဦးခ်င္းအမွားေတြကလည္း ခ်ဲလ္ဆီးကို ဆုိးဆုိးရြားရြားျဖစ္ေစခဲ့ပါတယ္။ ေနာက္ခံလူ ဇူးမားရဲ႕မလိုအပ္ဘဲ ၾကမ္းတမ္းစြာဖ်က္ထုတ္မႈက ပင္နယ္တီျဖစ္ေစခ့ဲသလို အေစာပိုင္းမွာလည္း ပက္ဒ႐ိုက အမွားက်ဴးလြန္ခဲ့ပါေသးတယ္။ ပုံမွန္အားျဖင့္ ခံစစ္ကစားတာ ပိုေကာင္းေလ့ရွိတဲ့အက္စ္ပီလီက်ဴတာက မာရွယ္ကို ကုိယ့္ေရွ႕ကေန ဂိုးသြင္းဖို႔ ခြင့္ျပဳခဲ့ရသလို အဲဒီေနာက္ ရက္ရွ္ဖို႔ဒ္ရဲ႕ဒုတိယေျမာက္သြင္းဂိုးကိုလည္း မွားယြင္းစြာဆုံးျဖတ္ခဲ့လုိ႔ မတားဆီးႏိုင္ခဲ့ပါဘူး။

Photo Credit ; PA

ဒီလုိအေရးႀကီးတဲ့ပြဲေတြမွာ အမွားေတြက်ဴးလြန္မိရင္ ျပစ္ဒဏ္ခ်မွတ္ခံရတာက ပိုျပင္းတတ္ပါတယ္။ ခ်ဲလ္ဆီးလည္း အဲဒီအမွားေတြကို အစၥတန္ဘူလ္အထိ သယ္မလာေတာ့ဘဲ စူပါဖလားရဖို႔ ကိုယ့္အခြင့္အေရးဖန္တီးမွရပါေတာ့မယ္။

Photo Credit ; Getty Images

Unicode

အားလုံးရဲ့အကြိုက်ဖြစ်နေတဲ့လီဗာပူးကို ချဲလ်ဆီး ဘယ်လိုအနိုင်ယူမလဲ

လူငယ်အများစုနဲ့ဖွဲ့စည်းထားတဲ့အသင်းက ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရချိန်၊ ပြီးတော့ အပြောင်းအရွှေ့မှာ ဝင်ရောက်လှုပ်ရှားခွင့်ပိတ်ပင်ခံထားရချိန်၊ အခုမှပရီးမီးယားလိဂ်မှာ တာဝန်ယူဖူးတာ ၁ပွဲပဲရှိချိန် အဲဒီပွဲမှာ ယူနိုက်တက်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ လမ်းပတ်ရဲ့ဒုတိယမြောက်ပြိုင်ပွဲအသွင်ပွဲမှာ ချဲလ်ဆီးဟာ အစ္စတန်ဘူလ်မှာ လီဗာပူးကိုအနိုင်ယူပြီး ဥရောပစူပါဖလားချန်ပီယံဖြစ်ဖို့က ဖြစ်နိုင်ခြေနည်းနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။ အဲဒီလိုအနေအထားမှာ လီဗာပူးကို ချဲလ်ဆီးဘယ်လိုအနိုင်မလဲဆိုတဲ့မေးခွန်းအတွက် အဓိကအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)တိုက်စစ်ပိုင်း အဆုံးသတ်သေချာဖို့ လိုအပ်ခြင်း
လမ်းပတ်လက်ထက် ပထမဆုံးပြိုင်ပွဲအသွင်ပွဲမှာ တိုက်စစ်ပိုင်းက ဖန်တီးမှုအားအတော်လေးကောင်းမွန်ခဲ့ပါတယ်။ နည်းပြဟောင်း ဆာရီလက်ထက် Possession Game ပုံစံမှာ သိပ်မမြင်တွေ့ခဲ့ရတဲ့မြန်နှုန်းမြင့်တိုက်စစ်ဆင်မှုတွေ၊ ဆုံးဖြတ်ချက်ပြတ်သားမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။
သူတို့ကို ဂိုးပြတ်အရှုံးနဲ့ရင်ဆိုင်စေခဲ့တာက ရရှိလာတဲ့အခွင့်အရေးတွေကို အပြည့်အဝအသုံးမချနိုင်ခဲ့တာပါပဲ။ ယူနိုက်တက်က ဂိုးပေါက်ကန်သွင်းမှု ၁၁ကြိမ်ပဲရှိချိန်မှာ သူတို့က ၁၈ကြိမ်အထိရှိခဲ့ပြီး ၄-ဝဂိုးနဲ့အနိုင်ရခဲ့တဲ့ယူနိုက်တက်က ဂိုးပေါက်တည့်မှု ၅ကြိမ်မှာ ချဲလ်ဆီးရဲ့ဂိုးပေါက်တည့်မှုက ၇ကြိမ်အထိရှိခဲ့ပါတယ်။ တကယ်လို့ ဒီညပွဲမှာ လူငယ်တိုက်စစ်မှူး အေဘရာဟမ်အစား ဝါရင့်တိုက်စစ်မှူး ဂျီရော့ဒ် ပွဲထွက်လာရင်လည်း သိပ်ပြီးအံ့အားသင့်စရာမရှိပါဘူး။

(၂)လီဗာပူးခံစစ်အားနည်းမှု ဆက်လက်ဖြစ်လာဖို့ မျှော်လင့်ခြင်း
လီဗာပူးဟာ ၂၀၁၉-၂၀ ရာသီမှာ အနည်းဆုံးတော့ ခံစစ်ပိုင်းအားနည်းတဲ့ပြဿနာနဲ့ရင်ဆိုင်နေရပြီး ရာသီကြိုခြေစမ်းပွဲတွေမှာကတည်းက ၉ပွဲကစားထားရမှာ Clean Sheet ၁ပွဲပဲကစားထားနိုင်ပါတယ်။ အဲဒီမှာ ဒေါ့မွန်ကို ၃ဂိုး၊ ဆီဗီလာကို ၂ဂိုး၊ စပို့တင်းလစ္စဘွန်းကို ၂ဂိုးနဲ့ နာပိုလီကို ၃ဂိုးပေးခဲ့ရပါတယ်။
ပြီးတော့ ဒီပွဲမှာ လီဗာပူးရဲ့အငြင်းပွားဖွယ်ရာမရှိဦးစားပေးဂိုးသမား အဲလစ်ဆန် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်လို့ ချဲလ်ဆီးအတွက် အခွင့်အရေးဖြစ်လာနိုင်ပါတယ်။ အဲလစ်ဆန်နဲ့ ဗန်ဒိုက်တို့က ယမန်နှစ်ရာသီ လီဗာပူးအသင်းရဲ့ခံစစ်တောင့်တင်းမှုမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာပါ။ အက်ဒရီယန်က ဂိုးသမားကောင်းတစ်ဦးဖြစ်ပေမယ့် အဲလစ်ဆန်ရဲ့အရည်အသွေးမျိုးမရှိတာတော့ သေချာပါတယ်။

(၃)သင်ခန်းစာတွေ မြန်မြန်ဆန်ဆန်သင်ယူခြင်း
ယူနိုက်တက်နဲ့ပွဲမှာ ချဲလ်ဆီးရဲ့ကြီးမားတဲ့အမှားတစ်ခုက အရေးပါတဲ့ကာလတွေမှာ အာရုံစူးစိုက်မှုအပြည့်မထားရှိနိုင်ခဲ့တာပါပဲ။ ၁-၀ ဂိုးနဲ့အရေးနိမ့်နေချိန် ချေပဂိုးရဖို့ တွန်းအားပေးနိုင်ခဲ့ပေမယ့် ၃-၀ ဂိုးဖြစ်သွားရပြီး ပွဲက ယူနိုက်တက်အတွက် အတော်လေးလွယ်ကူသွားပါတယ်။ မာရှယ်က ဒုတိယဂိုးသွင်းယူပြီးနောက် သိပ်မကြာခင်မှာပဲ ရက်ရှ်ဖို့ဒ်က တတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
တကယ်လု့ိ လီဗာပူးနဲ့ပွဲမှာ ကိုယ်က ဦးဆောင်ကစားခံရနေပြီဆိုရင် ချဲလ်ဆီးအနေနဲ့ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ စည်းမျဉ်းဘောင်တွေထဲကနေ ကစားနိုင်ဖို့ လိုအပ်ပါတယ်။ လမ်းပတ်ကလည်း ယူနိုက်တက်နဲ့ပွဲမှာ သူတို့အသင်းကျူးလွန်ခဲ့တဲ့အမှားတွေကနေ အသင်းသားတွေ အမြန်ဆုံးသင်ခန်းစာယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

(၄)ခံစစ်ပိုင်းပိုကောင်းလာစေဖို့ ကာကွယ်ခြင်း
ယူနိုက်တက်ကို ပေးခဲ့ရတဲ့ ၄ဂိုးအနက် ၃ဂိုးက တန်ပြန်တိုက်စစ်ကနေ ပေးခဲ့ရတာဖြစ်ပြီး ယူနိုက်တက်က ချဲလ်ဆီးခံစစ်စည်းရှေ့မှာ အကာအကွယ်မဲ့နေမှုကို အခွင့်ကောင်းယူသွားတာပါ။ ပြောရရင် ခံစစ်စည်းရှေ့မှာ ခုခံတားဆီးသူမရှိလို့ ချဲလ်ဆီးရဲ့ Final Third Zone က ယူနိုက်တက်အတွက် လွယ်ကူလွန်းခဲ့ပါတယ်။ တစ်နည်းထပ်ပြောရရင် ကိုဗာဆစ်နဲ့ ဂျော်ဂျင်ညိုတို့က ခံစစ်ကို လုံလုံလောက်လောက်မကာကွယ်နိုင်ခဲ့ဘူးလို့ဆိုနိုင်ပါတယ်။
ဒီအတွက်ကြောင့် လမ်းပတ်အနေနဲ့ ပြီးခဲ့တဲ့ရာသီက နည်းပြဟောင်း ဆာရီရဲ့လက်အောက်မှာ box-to-box ကွင်းလယ်လူအဖြစ် နေရာပြောင်းကစားခဲ့ရတဲ့ ကန်တီကို သူ့စိတ်ကြိုက် ကွင်းလယ်ခံစစ်ကစားသမားအဖြစ် ပြန်အသုံးပြုဖု့ိ များနေပါတယ်။ ပြောစရာရှိတာကတော့ ဒီညပွဲအတွက် ကန်တီ ကြံ့ခိုင်မှုအပြည့်ရှိပါ့မလားဆိုတဲ့မေးခွန်းပါပဲ။ တကယ်လို့ ကန်တီသာ ဒီပွဲမှာမပါဝင်နိုင်ခဲ့ရင် ချဲလ်ဆီးကွင်းလယ်လူတွေထဲက အနည်းဆုံး တစ်ယောက်တော့ ခံစစ်ကို မဖြစ်မနေဆင်းကူပေးမှအဆင်ပြေနိုင်မှာပါ။

(၅)အမှားတွေမရှိစေရ
အိုးလ်ထရက်ဖို့ဒ်မှာ တစ်ဦးချင်းအမှားတွေကလည်း ချဲလ်ဆီးကို ဆိုးဆိုးရွားရွားဖြစ်စေခဲ့ပါတယ်။ နောက်ခံလူ ဇူးမားရဲ့မလိုအပ်ဘဲ ကြမ်းတမ်းစွာဖျက်ထုတ်မှုက ပင်နယ်တီဖြစ်စေခဲ့သလို အစောပိုင်းမှာလည်း ပက်ဒရိုက အမှားကျူးလွန်ခဲ့ပါသေးတယ်။ ပုံမှန်အားဖြင့် ခံစစ်ကစားတာ ပိုကောင်းလေ့ရှိတဲ့အက်စ်ပီလီကျူတာက မာရှယ်ကို ကိုယ့်ရှေ့ကနေ ဂိုးသွင်းဖို့ ခွင့်ပြုခဲ့ရသလို အဲဒီနောက် ရက်ရှ်ဖို့ဒ်ရဲ့ဒုတိယမြောက်သွင်းဂိုးကိုလည်း မှားယွင်းစွာဆုံးဖြတ်ခဲ့လို့ မတားဆီးနိုင်ခဲ့ပါဘူး။
ဒီလိုအရေးကြီးတဲ့ပွဲတွေမှာ အမှားတွေကျူးလွန်မိရင် ပြစ်ဒဏ်ချမှတ်ခံရတာက ပိုပြင်းတတ်ပါတယ်။ ချဲလ်ဆီးလည်း အဲဒီအမှားတွေကို အစ္စတန်ဘူလ်အထိ သယ်မလာတော့ဘဲ စူပါဖလားရဖို့ ကိုယ့်အခွင့်အရေးဖန်တီးမှရပါတော့မယ်။