အားလုံးက အႏိုင္ယူခ်င္တဲ့အသင္းျဖစ္ေနရတာကို ေပ်ာ္ရႊင္စြာခံယူရမယ္လုိ႔ ဗန္ဒိုက္ တုိက္တြန္း

Photo Credit ; Reuters

Photo Credit ; Getty Images

လီဗာပူးအသင္းေနာက္ခံလူ ဗန္ဒိုက္က မိမိတို႔အသင္းအေနနဲ႔ ဥေရာပရဲ႕အႏိုင္ယူခ်င္မႈအခံရဆံုးအသင္းျဖစ္ေနရတာကို ႏိုင္နင္းစြာကုိင္တြယ္ေျဖရွင္းႏိုင္တယ္လုိ႔ ယုံၾကည္ေၾကာင္းနဲ႔ အုပ္စုအဖြင့္ပြဲစဥ္မွာ ဂိုးျပတ္အေရးနိမ့္ခဲ့ရတာကိုလည္း အလြန္အမင္းစုိးရိမ္ျခင္းမရွိေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။

Photo Credit

လီဗာပူးဟာ ၁၉၉၄ ခုႏွစ္က ေအစီမီလန္အသင္းေနာက္ပိုင္း ခ်န္ပီယံလိဂ္မွာ လက္ရွိခ်န္ပီယံအျဖစ္ အဖြင့္ပြဲ႐ံႈးနိမ့္ခဲ့တဲ့ပထမဆုံးအသင္းျဖစ္လာၿပီး ေနပယ္မွာ ဗန္ဒိုက္ရဲ႕အမွားေၾကာင့္ ေပးလုိက္ရတဲ့ဂိုးအပါအ၀င္ ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ရရာ ေနာက္ ၂ပတ္အၾကာမွာကစားရမယ့္ ဆဲလ္ဘတ္နဲ႔ဒုတိယပဲြစဥ္အတြက္ ဖိအား၀င္သြားရပါတယ္။

Photo Credit

ပြဲအၿပီးမွာ နာပိုလီအသင္းသားေတြ လက္ရွိခ်န္ပီယံကို ဂိုးျပတ္အႏိုင္ရရွိခဲ့တဲ့အတြက္ ပုံမွန္ထက္ပိုမိုေအာင္ပြဲခံသြားေပမယ့္ ဗန္ဒုိက္ကေတာ့ အားလုံးက အႏိုင္ယူခ်င္ေနတဲ့အသင္းျဖစ္ေနရျခင္းရဲ႕ဖိအားကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။

Photo Credit

”ဘယ္ၿပိဳင္ပဲြပဲျဖစ္ျဖစ္ အားလုံးက ကၽြန္ေတာ္တု႔ိအသင္းကို အႏိုင္ယူခ်င္ေနၾကပါတယ္။ ဒီျဖစ္ရပ္ကို ကၽြန္ေတာ္တုိ႔အသင္း အသားက်လာေအာင္ လုပ္ေဆာင္ရမွာျဖစ္ေပမယ့္ ျပႆနာတစ္ရပ္လုိ႔ေတာ့ မထင္ပါဘူး။ ဒီအေနအထားကိုေတာင္ ေပ်ာ္ရႊင္စြာနဲ႔ ေက်ာ္ျဖတ္ရမွာပါ”

Photo Credit

”နာပိုလီအသင္းအတြက္ အဖြင့္ပြဲမွာအႏုိင္ရတာက တကယ့္ကိုအေရးပါတဲ့ႏိုင္ပြဲျဖစ္ခဲ့ၿပီး ကၽြန္ေတာ္တု႔ိအတြက္ကလည္း ကိုယ္လုိခ်င္တဲ့ရလဒ္မဟုတ္တာေသခ်ာပါတယ္။ လာမယ့္ပြဲေတြမွာအႏိုင္ရဖုိ႔ ႀကိဳးစားသြားရမွာျဖစ္ၿပီး အခုေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ပဲ အာ႐ုံစိုက္ထားပါတယ္”လုိ႔ ဗန္ဒိုက္က ေျပာပါတယ္။

Photo Credit

ဗန္ဒိုက္က ပြဲခ်ိန္ ၈၂မိနစ္မွာ သြင္းယူခဲ့တဲ့ မာတန္းစ္ရဲ႕ပင္နယ္တီဂိုးနဲ႔ပတ္သက္လုိ႔ အျငင္းပြားေနမႈထဲ မပါ၀င္ခဲ့ဘဲ ပင္နယ္တီက သေရက်ေတာ့မယ့္အေနအထားကို ေျပာင္းလဲလုိက္တာလုိ႔ပဲ ဆိုပါတယ္။ ေနာက္ၿပီး ဗန္ဒုိက္က ဒီ႐ံႈးပြဲက လီဗာပူးအသင္းကို လႈပ္ႏိႈးလုိက္တဲ့ပြဲလည္းမဟုတ္ေၾကာင္း ဆုိပါတယ္။

Photo Credit

Unicode

အားလုံးက အနိုင်ယူချင်တဲ့အသင်းဖြစ်နေရတာကို ပျော်ရွှင်စွာခံယူရမယ်လို့ ဗန်ဒိုက် တိုက်တွန်း

လီဗာပူးအသင်းနောက်ခံလူ ဗန်ဒိုက်က မိမိတို့အသင်းအနေနဲ့ ဥရောပရဲ့အနိုင်ယူချင်မှုအခံရဆုံးအသင်းဖြစ်နေရတာကို နိုင်နင်းစွာကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ယုံကြည်ကြောင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာကိုလည်း အလွန်အမင်းစိုးရိမ်ခြင်းမရှိကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
လီဗာပူးဟာ ၁၉၉၄ ခုနှစ်က အေစီမီလန်အသင်းနောက်ပိုင်း ချန်ပီယံလိဂ်မှာ လက်ရှိချန်ပီယံအဖြစ် အဖွင့်ပွဲရှုံးနိမ့်ခဲ့တဲ့ပထမဆုံးအသင်းဖြစ်လာပြီး နေပယ်မှာ ဗန်ဒိုက်ရဲ့အမှားကြောင့် ပေးလိုက်ရတဲ့ဂိုးအပါအဝင် ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရရာ နောက် ၂ပတ်အကြာမှာကစားရမယ့် ဆဲလ်ဘတ်နဲ့ဒုတိယပွဲစဉ်အတွက် ဖိအားဝင်သွားရပါတယ်။
ပွဲအပြီးမှာ နာပိုလီအသင်းသားတွေ လက်ရှိချန်ပီယံကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့အတွက် ပုံမှန်ထက်ပိုမိုအောင်ပွဲခံသွားပေမယ့် ဗန်ဒိုက်ကတော့ အားလုံးက အနိုင်ယူချင်နေတဲ့အသင်းဖြစ်နေရခြင်းရဲ့ဖိအားကို အကောင်းဆုံးကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
”ဘယ်ပြိုင်ပွဲပဲဖြစ်ဖြစ် အားလုံးက ကျွန်တော်တု့ိအသင်းကို အနိုင်ယူချင်နေကြပါတယ်။ ဒီဖြစ်ရပ်ကို ကျွန်တော်တို့အသင်း အသားကျလာအောင် လုပ်ဆောင်ရမှာဖြစ်ပေမယ့် ပြဿနာတစ်ရပ်လို့တော့ မထင်ပါဘူး။ ဒီအနေအထားကိုတောင် ပျော်ရွှင်စွာနဲ့ ကျော်ဖြတ်ရမှာပါ”
”နာပိုလီအသင်းအတွက် အဖွင့်ပွဲမှာအနိုင်ရတာက တကယ့်ကိုအရေးပါတဲ့နိုင်ပွဲဖြစ်ခဲ့ပြီး ကျွန်တော်တု့ိအတွက်ကလည်း ကိုယ်လိုချင်တဲ့ရလဒ်မဟုတ်တာသေချာပါတယ်။ လာမယ့်ပွဲတွေမှာအနိုင်ရဖို့ ကြိုးစားသွားရမှာဖြစ်ပြီး အခုတော့ ချဲလ်ဆီးနဲ့ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်”လို့ ဗန်ဒိုက်က ပြောပါတယ်။
ဗန်ဒိုက်က ပွဲချိန် ၈၂မိနစ်မှာ သွင်းယူခဲ့တဲ့ မာတန်းစ်ရဲ့ပင်နယ်တီဂိုးနဲ့ပတ်သက်လို့ အငြင်းပွားနေမှုထဲ မပါဝင်ခဲ့ဘဲ ပင်နယ်တီက သရေကျတော့မယ့်အနေအထားကို ပြောင်းလဲလိုက်တာလို့ပဲ ဆိုပါတယ်။ နောက်ပြီး ဗန်ဒိုက်က ဒီရှုံးပွဲက လီဗာပူးအသင်းကို လှုပ်နှိုးလိုက်တဲ့ပွဲလည်းမဟုတ်ကြောင်း ဆိုပါတယ်။