အားလပ်ရက်ပိုရခဲ့လို့ ယူနိုက်တက်အသင်းရဲ့ရာသီအဖွင့်ပွဲကို ကာဗာနီ လွဲချော်ဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ဝါရင့်တိုက်စစ်မှူးကာဗာနီကို နွေရာသီအားလပ်ရက် ပိုပေးဖို့ခွင့်ပြုလိုက်တာကြောင့် ကာဗာနီဟာ အခုတစ်ပတ်ကစားမယ့် လိဒ်စ်အသင်းနဲ့ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲကို လွဲချော်ဖို့ရှိနေပါပြီ။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးကာဗာနီဟာ ယူနိုက်တက်အသင်းနဲ့ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကပြိုင်ပွဲစုံ(၁၇)ဂိုးအထိသွင်းယူခဲ့တာကြောင့် ယူနိုက်တက်အသင်းက ရာသီကုန်မှာ ကာဗာနီကို နောက်ထပ်(၁)နှစ်သက်တမ်းတိုးခဲ့ပါတယ်။

ကာဗာနီအနေနဲ့ ဥရုဂွေးအသင်းနဲ့အတူ ၂၀၂၁ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ သူ့ကို အားလပ်ရက်ပိုပေးခဲ့တာဖြစ်ပြီး ကာဗာနီကလည်း အခုအချိန်အထိ အင်္ဂလန်ကို ပြန်မလာသေးဘဲ ဥရုဂွေးမှာမိသားစုနဲ့အတူ အပန်းဖြေအနားယူနေတာဖြစ်ပါတယ်။

ကာဗာနီဟာ ယူနိုက်တက်အသင်းကို စတင်ရောက်ရှိကတည်းက ကိုဗစ်ရောဂါစည်းမျဉ်းကန့်သတ်ချက်တွေကြောင့် သူ့မိသားစုရှိတဲ့ ဥရုဂွေးနိုင်ငံကို တစ်ခါမှမပြန်ခဲ့ရဘဲ အခုအချိန်မှ မိသားစုအတွက်အချိန်ပေးရတာဖြစ်လို့ ယူနိုက်တက်အသင်းက ကာဗာနီနဲ့သူ့မိသားစု ရက်ကြာကြာဆုံတွေ့နိုင်အောင် အားလပ်ရက်ပိုပေးခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့်သြဂုတ်လ(၁၄)ရက်(စနေနေ့)မှာ လိဒ်စ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲကို ကာဗာနီ လွဲချော်ဖို့ရှိနေသလို

တကယ်လို့ ယူနိုက်တက်အသင်းနဲ့ပြန်လည်ပူးပေါင်းရင်တောင် ဥရုဂွေးနိုင်ငံက ဗြိတိန်အစိုးရရဲ့ ကိုဗစ်စည်းကမ်းကြောင့် ခရီးသွားလာခွင့်ပိတ်ပင်ထားတဲ့နိုင်ငံစာရင်းမှာပါဝင်နေတဲ့အတွက်

Quarantine ဝင်ရမှာဖြစ်လို့ ကာဗာနီဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂)အဖြစ် ဆောက်သမ်တန်နဲ့ကစားမယ့်အဝေးကွင်းပွဲကိုလည်း လွဲချော်ဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အားလပ္ရက္ပိုရခဲ့လို႔ ယူႏိုက္တက္အသင္းရဲ႕ရာသီအဖြင့္ပြဲကို ကာဗာနီ လြဲေခ်ာ္ဖို႔ရွိေန

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕ဝါရင့္တိုက္စစ္မႉးကာဗာနီကို ေႏြရာသီအားလပ္ရက္ ပိုေပးဖို႔ခြင့္ျပဳလိုက္တာေၾကာင့္ ကာဗာနီဟာ အခုတစ္ပတ္ကစားမယ့္ လိဒ္စ္အသင္းနဲ႔ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲကို လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဥ႐ုေဂြးလက္ေ႐ြးစင္တိုက္စစ္မႉးကာဗာနီဟာ ယူႏိုက္တက္အသင္းနဲ႔ပြဲဦးထြက္ရာသီမွာပဲ ေျခစြမ္းေကာင္းေတြျပသႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီကၿပိဳင္ပြဲစုံ(၁၇)ဂိုးအထိသြင္းယူခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းက ရာသီကုန္မွာ ကာဗာနီကို ေနာက္ထပ္(၁)ႏွစ္သက္တမ္းတိုးခဲ့ပါတယ္။ ကာဗာနီအေနနဲ႔ ဥ႐ုေဂြးအသင္းနဲ႔အတူ ၂၀၂၁ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ ပါဝင္ဆင္ႏႊဲခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းဟာ သူ႔ကို အားလပ္ရက္ပိုေပးခဲ့တာျဖစ္ၿပီး ကာဗာနီကလည္း အခုအခ်ိန္အထိ အဂၤလန္ကို ျပန္မလာေသးဘဲ ဥ႐ုေဂြးမွာမိသားစုနဲ႔အတူ အပန္းေျဖအနားယူေနတာျဖစ္ပါတယ္။

ကာဗာနီဟာ ယူႏိုက္တက္အသင္းကို စတင္ေရာက္ရွိကတည္းက ကိုဗစ္ေရာဂါစည္းမ်ဥ္းကန႔္သတ္ခ်က္ေတြေၾကာင့္ သူ႔မိသားစုရွိတဲ့ ဥ႐ုေဂြးႏိုင္ငံကို တစ္ခါမွမျပန္ခဲ့ရဘဲ အခုအခ်ိန္မွ မိသားစုအတြက္အခ်ိန္ေပးရတာျဖစ္လို႔ ယူႏိုက္တက္အသင္းက ကာဗာနီနဲ႔သူ႔မိသားစု ရက္ၾကာၾကာဆုံေတြ႕ႏိုင္ေအာင္ အားလပ္ရက္ပိုေပးခဲ့တာပါ။ ယူႏိုက္တက္အသင္းဟာ လာမယ့္ၾသဂုတ္လ(၁၄)ရက္(စေနေန႔)မွာ လိဒ္စ္အသင္းနဲ႔ အိမ္ကြင္းပြဲစဥ္စတင္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အဲဒီပြဲကို ကာဗာနီ လြဲေခ်ာ္ဖို႔ရွိေနသလို တကယ္လို႔ ယူႏိုက္တက္အသင္းနဲ႔ျပန္လည္ပူးေပါင္းရင္ေတာင္ ဥ႐ုေဂြးႏိုင္ငံက ၿဗိတိန္အစိုးရရဲ႕ ကိုဗစ္စည္းကမ္းေၾကာင့္ ခရီးသြားလာခြင့္ပိတ္ပင္ထားတဲ့ႏိုင္ငံစာရင္းမွာပါဝင္ေနတဲ့အတြက္ Quarantine ဝင္ရမွာျဖစ္လို႔ ကာဗာနီဟာ ပရီးမီးယားလိဂ္ပြဲစဥ္(၂)အျဖစ္ ေဆာက္သမ္တန္နဲ႔ကစားမယ့္အေဝးကြင္းပြဲကိုလည္း လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။