အားနေဝေဖန်တဲ့ မော်ရင်ဟိုကို ပြန်စော်လိုက်တဲ့ လုခ်ရှော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ချက်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ယူရို-၂၀၂၀ အုပ်စု D ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာလုခ်ရှောရဲ့ အလွတ်တည်ကန်ဘော စွမ်းဆောင်ရည်အပေါ် နည်းပြမော်ရင်ဟိုက ဝေဖန်ပြစ်တင်ခဲ့ပြီး၊ အခု လုခ်ရှောက လေကန်တဲ့ မော်ကြီးကို ပြန်ဖဲ့ထားတာပါ။

မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့စဉ်တုန်းက လုခ်ရှောကို ဆောက်သမ်တန်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး မော်ရင်ဟိုဟာ သူ့ရဲ့တပည့်ဟောင်းအပေါ်မှာ လိုတာထက်ပိုပြီး ဝေဖန်မှုတွေကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပါတယ်။

လုခ်ရှောက “အမှန်အတိုင်းပြောရရင် သူဘာလို့အဲဒီလိုတွေပြောနေလဲဆိုတာကျွန်တော်တကယ်နားမလည်ဘူး။

ကျွန်တော့်ကိုအခုထိသူလက်ညှိုးထိုးဝေဖန်နေတုန်းပဲ၊ ဘာကြောင့်ဒီလိုတွေလုပ်နေသေးတာလဲမသိပါဘူး။”

“ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဆက်ဆံရေးကောင်းတွေ မရှိခဲ့ကြဘူးဆိုတာကို ဖုံးကွယ်ထားစရာ မလိုပေမယ့် ကျွန်တော်တို့ ဒါကို မေ့ထားပြီး ရှေ့ဆက်ကြဖို့တော့ လိုအပ်ပါတယ်”

“သူ့မှာသူ့ကိုယ်ပိုင်အမြင်ရှိတယ်ဆိုပေမယ့် သူ့အလုပ်သူလုပ်ရမှာလေ။

အခုဆို ကျွန်တော်နဲ့ပတ်သက်ပြီးမကောင်းပြောတာတွေက သူ့အတွက်ထုံးစံလိုတောင်ဖြစ်နေပြီ။

သူပြောတာတွေကိုကျွန်တော်မေ့လိုက်တာ၊ မသိသလိုနေလိုက်တာတွေ လုပ်ပါတယ်။”

“နည်းပြ ဆောက်ဂိတ်နဲ့အခြား နည်းပြအဖွဲ့ဝင်တွေပြောတာကိုပဲ အာရုံစိုက်နေလိုက်တယ်။

မော်ရင်ဟို အနေနဲ့ ဆက်ပြီး ကျွန်တော့် အကြောင်းတွေမပြောဘဲကျော်သွားဖို့လိုပြီ။

ကျွန်တော်နဲ့ ပတ်သက်ပြီး စိတ်ပူနေတာတွေရပ်ဖို့မျှော်လင့်ပါတယ်။”

“ကျွန်တော့်အကြောင်းကို သူတော်တော်တွေးဖြစ်တဲ့ပုံပဲ။

သူနဲ့အတူရှိခဲ့တဲ့၂နှစ်၊ ၃နှစ်တာကာလအတွင်းမှာ ဘယ်လိုအခြေအနေတွေရှိခဲ့တယ်။

ဘယ်လောက်ထိဆိုးဝါးခဲ့တယ်ဆိုတာကို ခင်ဗျားတို့တစ်ယောက်မှနားလည်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး”လို့ ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အား​​ေန​ေ၀ဖန္တဲ့ ​ေမာ္ရင္ဟိုကို ျပန္​ေစာ္လိုက္တဲ့ လုခ္​ေရွာ

ၿပီးခဲ့တဲ့ အဂၤလန္အသင္းနဲ႔ ခ်က္အသင္းတို႔ ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ ယူ႐ို-၂၀၂၀ အုပ္စု D ရဲ႕ အုပ္စုေနာက္ဆုံးပြဲစဥ္မွာလုခ္ေရွာရဲ႕ အလြတ္တည္ကန္ေဘာ စြမ္းေဆာင္ရည္အေပၚ နည္းျပေမာ္ရင္ဟိုက ေဝဖန္ျပစ္တင္ခဲ့ၿပီး၊ အခု လုခ္​ေရွာက ​ေလကန္တဲ့ ​ေမာ္ႀကီးကို ျပန္ဖဲ့ထားတာပါ။

ေမာ္ရင္ဟိုဟာ ယူႏိုက္တက္အသင္းကို စတင္ကိုင္တြယ္ခဲ့စဥ္တုန္းက လုခ္ေရွာကို ေဆာက္သမ္တန္အသင္းကေန ေခၚယူခဲ့တာျဖစ္ၿပီး ေမာ္ရင္ဟိုဟာ သူ႔ရဲ႕တပည့္ေဟာင္းအေပၚမွာ လိုတာထက္ပိုၿပီး ေဝဖန္မႈေတြကို အႀကိမ္ေပါင္းမ်ားစြာ လုပ္ေဆာင္ခဲ့ပါတယ္။

လုခ္ေရွာက “အမွန္အတိုင္းေျပာရရင္ သူဘာလို႔အဲဒီလိုေတြေျပာေနလဲဆိုတာကြၽန္​ေတာ္တကယ္နားမလည္ဘူး။ ကြၽန္​ေတာ့္ကိုအခုထိသူလက္ညႇိဳးထိုး​ေ၀ဖန္ေနတုန္းပဲ၊ ဘာေၾကာင့္ဒီလိုေတြလုပ္ေနေသးတာလဲမသိပါဘူး။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားမွာ ဆက္ဆံေရးေကာင္းေတြ မရွိခဲ့ၾကဘူးဆိုတာကို ဖုံးကြယ္ထားစရာ မလိုေပမယ့္ ကြၽန္ေတာ္တို႔ ဒါကို ေမ့ထားၿပီး ေရွ႕ဆက္ၾကဖို႔ေတာ့ လိုအပ္ပါတယ္”

“သူ႔မွာသူ႔ကိုယ္ပိုင္အျမင္ရွိတယ္ဆိုေပမယ့္ သူ႔အလုပ္သူလုပ္ရမွာေလ။ အခုဆို ကြၽန္​ေတာ္နဲ႔ပတ္သက္ၿပီးမေကာင္းေျပာတာေတြက သူ႔အတြက္ထုံးစံလိုေတာင္ျဖစ္ေနၿပီ။ သူေျပာတာေတြကိုကြၽန္​ေတာ္ေမ့လိုက္တာ၊ မသိသလို​ေနလိုက္တာ​ေတြ လုပ္ပါတယ္။”

“နည္းျပ ေဆာက္ဂိတ္နဲ႔အျခား နည္းျပအဖြဲ႕ဝင္ေတြေျပာတာကိုပဲ အာ႐ုံစိုက္ေနလိုက္တယ္။ ​ေမာ္ရင္ဟို အ​ေနနဲ႔ ဆက္ၿပီး ကြၽန္​ေတာ့္ အေၾကာင္းေတြမေျပာဘဲေက်ာ္သြားဖို႔လိုၿပီ။ကြၽန္​ေတာ္နဲ႔ ပတ္သက္ၿပီး စိတ္ပူေနတာေတြရပ္ဖို႔ေမွ်ာ္လင့္ပါတယ္။ ကြၽန္​ေတာ့္အေၾကာင္းကို သူေတာ္ေတာ္ေတြးျဖစ္တဲ့ပုံပဲ။ သူနဲ႔အတူရွိခဲ့တဲ့၂ႏွစ္၊ ၃ႏွစ္တာကာလအတြင္းမွာ ဘယ္လိုအေျခအေနေတြရွိခဲ့တယ္။ ဘယ္ေလာက္ထိဆိုးဝါးခဲ့တယ္ဆိုတာကို ခင္ဗ်ားတို႔တစ္ေယာက္မွနားလည္လိမ့္မယ္လို႔ ကြၽန္​ေတာ္မထင္ဘူး”လို႔ ​ေျပာပါတယ္။