အားကစားစိတ်ပညာရှင် ကိုရှာခိုင်းထားတဲ့ ဆိုးလ်ရှား

Photo- Internet
Photo- Internet

မန်ယူအသင်းဟာ အသင်းလေးတွေနဲ့တွေ့ရင် ရုန်းကန်နေရမှုကို ဖြေရှင်းနိုင်ဖို့အတွက် အားကစားစိတ်ပညာရှင်တစ်ဦးကို နည်းပြ ဆိုးလ်ရှားကအလိုရှိနေတယ်လို့ သိရပါတယ်။ သူဟာ လက်ထောက်တွေကို အဲဒီစိတ်ပညာရှင်တစ်ဦးကိုရှာဖွေဖို့လည်း ညွှန်ကြားထားပြီးဖြစ်ပါတယ်။

မန်ယူဟာဒီရာသီမှာ ထိပ်ဆုံး ၆ သင်းပြိုင်ဘက်တွေနဲ့တွေ့ရင်ပုံစံကောင်းရလေ့ရှိပေမယ့် အသင်းလေးတွေနဲ့တွေ့တဲ့အခါတိုင်း အထူးသဖြင့် တန်းဆင်းဇုန်ထဲကအသင်းတွေနဲ့တွေ့တိုင်းမှာ ရုန်းကန်ရလေ့ရှိပါတယ်။ ဒါကြောင့်လည်းသူတို့ရဲ့ပုံစံမမှန်မှုကို ပြိုင်ဘက်တွေတောင်အံအားသင့်နေကြရတာပါ။

Photo- Internet

မန်ယူဟာ ဒီရာသီမှာလီဗာပူးဆီကအမှတ်ခွဲယူနိုင်တဲ့ တစ်ခုတည်းသောအသင်းဖြစ်ခဲ့သလို လက်စတာကိုလည်းနိုင်ပြီး မန်စီးတီးကိုလည်း အီတီဟတ်မှာသွားပြီးအနိုင်ယူခဲ့တာပါ။ ဒါ့အပြင် ချဲလ်ဆီးကို ပရီးမီးယားလိဂ်မှာ ၄ ဂိုးပြတ်နဲ့နိုင်ခဲ့ပြီး လိဂ်ဖလားမှာလည်း ၂-၁ နဲ့နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးခင်ကလည်း အက်ဖ်အေဖလားမှာ ဝုဗ်ကိုအနိုင်ရခဲ့ပါသေးတယ်။

Photo- Internet

ဒါပေမယ့်လည်း မန်ယူဟာ ဝက်ဖို့ဒ်၊ ဘုန်းမောက်၊ ဝက်စ်ဟမ်း၊ နယူးကာဆယ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကိုရှုံးခဲ့တဲ့အပြင် အက်စ်တွန်ဗီလာလိုအသင်းနဲ့လည်း သရေကျခဲ့တာပါ။ ဒါကြောင့်လည်း ဆိုးလ်ရှားက ပွဲစဉ်တိုင်းကို ပုံစံကောင်းနဲ့ကစားနိုင်ဖို့အတွက် ရည်ရွယ်ပြီး အသင်းလေးတွေနဲ့ကြုံတဲ့အခါရုန်းကန်နေရတဲ့ ပြဿ     နာကိုအဖြေရှာဖို့ကြိုးစားတဲ့အနေနဲ့ စိတ်ပညာရှင်တစ်ဦးကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။

Photo- Internet

မန်ယူဟာ ဒီဇင်ဘာလအတွင်းက ဘန်လေနဲ့ပထမကျော့အဝေးကွင်းတွေ့ဆုံခဲ့တော့ ၂-၀ နဲ့အနိုင်ရခဲ့ပေမယ့်လည်း ပွဲချိန်နှောင်းပိုင်းမှသာ ဒုတိယအနိုင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီဂိုးကို တိုက်စစ်မှူ း ရက်ရှ်ဖို့ဒ်က ၉၅ မိနစ်ရောက်မှ သွင်းယူခဲ့တာလို့လည်း သိရပါတယ်။

Photo- Internet

Zawgyi

အားကစားစိတ္ပညာရွင္ ကိုရွာခိုင္းထားတဲ႔ ဆိုးလ္ရွား

မန္ယူအသင္းဟာ အသင္းေလးေတြနဲ႔ေတြ႔ရင္ ရုန္းကန္ေနရမႈကို ေျဖရွင္းႏိုင္ဖို႔အတြက္ အားကစားစိတ္ပညာရွင္တစ္ဦးကို နည္းျပ ဆိုးလ္ရွားကအလိုရွိေနတယ္လို႔ သိရပါတယ္။ သူဟာ လက္ေထာက္ေတြကို အဲဒီစိတ္ပညာရွင္တစ္ဦးကိုရွာေဖြဖို႔လည္း ညႊန္ၾကားထားၿပီးျဖစ္ပါတယ္။

မန္ယူဟာဒီရာသီမွာ ထိပ္ဆုံး ၆ သင္းၿပိဳင္ဘက္ေတြနဲ႔ေတြ႔ရင္ပုံစံေကာင္းရေလ႔ရွိေပမယ္႔ အသင္းေလးေတြနဲ႔ေတြ႔တဲ႔အခါတုိင္း အထူးသျဖင့္ တန္းဆင္းဇုန္ထဲကအသင္းေတြနဲ႔ေတြ႔တိုင္းမွာ ရုန္းကန္ရေလ႔ရွိပါတယ္။ ဒါေၾကာင့္လည္းသူတို႔ရဲ႕ပုံစံမမွန္မႈကို ၿပိဳင္ဘက္ေတြေတာင္အံအားသင့္ေနၾကရတာပါ။

မန္ယူဟာ ဒီရာသီမွာလီဗာပူးဆီကအမွတ္ခြဲယူႏိုင္တဲ႔ တစ္ခုတည္းေသာအသင္းျဖစ္ခဲ့သလို လက္စတာကိုလည္းႏိုင္ၿပီး မန္စီးတီးကိုလည္း အီတီဟတ္မွာသြားၿပီးအႏိုင္ယူခဲ့တာပါ။ ဒါ့အျပင္ ခ်ဲလ္ဆီးကို ပရီးမီးယားလိဂ္မွာ ၄ ဂိုးျပတ္နဲ႔ႏိုင္ခဲ့ၿပီး လိဂ္ဖလားမွာလည္း ၂-၁ နဲ႔ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ မၾကာေသးခင္ကလည္း အက္ဖ္ေအဖလားမွာ ၀ုဗ္ကိုအႏုိင္ရခဲ့ပါေသးတယ္။

ဒါေပမယ္႔လည္း မန္ယူဟာ ၀က္ဖို႔ဒ္၊ ဘုန္းေမာက္၊ ၀က္္စ္ဟမ္း၊ နယူးကာဆယ္နဲ႔ ခရစၥတယ္ပဲေလ႔စ္တို႔ကိုရႈံးခဲ့တဲ႔အျပင္ အက္စ္တြန္ဗီလာလိုအသင္းနဲ႔လည္း သေရက်ခဲ့တာပါ။ ဒါေၾကာင့္လည္း ဆိုးလ္ရွားက ပြဲစဥ္တိုင္းကို ပုံစံေကာင္းနဲ႔ကစားႏိုင္ဖို႔အတြက္ ရည္ရြယ္ၿပီး အသင္းေလးေတြနဲ႔ႀကံဳတဲ႔အခါရုနး္ကန္ေနရတဲ႔ ျပႆ     နာကိုအေျဖရွာဖို႔ႀကိဳးစားတဲ႔အေနနဲ႔ စိတ္ပညာရွင္တစ္ဦးကို ေခၚယူလိုေနတာျဖစ္ပါတယ္။

မန္ယူဟာ ဒီဇင္ဘာလအတြင္းက ဘန္ေလနဲ႔ပထမေက်ာ႔အေ၀းကြင္းေတြ႔ဆုံခဲ့ေတာ႔ ၂-၀ နဲ႔အႏိုင္ရခဲ့ေပမယ္႔လည္း ပြဲခ်ိန္ေႏွာင္းပိုင္းမွသာ ဒုတိယအႏိုင္ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဒီဂိုးကို တိုက္စစ္မွဴ း ရက္ရွ္ဖို႔ဒ္က ၉၅ မိိနစ္ေရာက္မွ သြင္းယူခဲ့တာလို႔လည္း သိရပါတယ္။