အာရှသားချင်း ရိုင်းပင်းကူညီပါ ဆွန်ဟောင်မင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ထိပ်တန်းဘောလုံးလောကမှာ အာရှသားအနည်းငယ်လောက်သာ နေရာရကြတာပါ။ ဒီထဲကမှ တောင်ကိုရီးယားသား ဆွန်ဟောင်မင်က နာမည်ကြီး ကစားသမား တစ်ယောက်ပါ။ ဆွန်ဟောင်မင်က အခုလည်း အာရှသားနောက်တစ်ယောက် နေရာရဖို့ ကြိုးစားပေးနေပါတယ်။ မော်ရင်ဟိုရဲ့စပါးအသင်းဟာ ပြီးခဲ့တဲ့၂၀၂၀ အောက်တိုဘာဈေးကွက်တုန်းကခေါ်ယူဖို့ကြိုးစားခဲ့ဖူးတဲ့ တောင်ကိုရီးယားနောက်ခံလူ ကင်မင်ဂျေးကို ယခုနှစ်ဇန်နဝါရီဈေးကွက်အတွင်း ပြန်လည်ခေါ်ယူဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

ကင်ကို ခေါ်ယူဖို့ ဆွန်တစ်ယောက် တိုက်တွန်းနှိုးဆော်တာတွေလုပ်ခဲ့ပါတယ်။ ကင်ဟာ လက်ရှိ တရုတ်စူပါလိဂ်က ဘေဂျင်းဂွမ်အာ အသင်းမှာ ကစားနေတာဖြစ်ပြီး စပါးတာဝန်ရှိသူတွေ စတင် ‌ဆွေးနွေးနေပြီလို့သိရပါတယ်။ကင် ဟာတောင်ကိုရီးယားနိုင်ငံလက်ရွေးစင်ဖြစ်သလို အသက်(၂၄) နှစ်သာရှိသေးပြီး သူ့ကို အသင်းဖော်တွေက “monster” လို့နာမည်ပြောင်ပေးထားကြပါတယ်။

အရပ် ၆ပေ ၃ လက်မရှိတဲ့ ကင်ဟာ တရုတ်စူပါလိဂ်ကလပ်နဲ့ ၂၀၂၁ခုနှစ်ဇန်နဝါရီလ၃၁ရက်နေ့ဆိုရင်စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ၂၄နှစ်အရွယ် အာရှသားအတွက် တန်ဖိုးကို ယူရို၁၅သန်းဝန်းကျင်သတ်မှတ်ထားပါတယ်။ စပါးနဲ့အပြိုင် ချယ်လ်ဆီးအသင်းကလည်း ဒီအာရှကစားသမားအတွက် တရုတ်ကလပ်ကိုစုံစမ်းမေးမြန်းမှုတွေပြုလုပ်နေပြီး သူ့ရဲ့စာချုပ်လက်ကျန်သက်တမ်းနည်းနေတာကြောင့် သတ်မှတ်ဈေးယူရို၁၅သန်းဟာ ဒီ့ထက်လျော့ကျသွားဖို့ရှိနေပါတယ်။

တောင်ကိုရီးယား နောက်ခံဘီလူးကြီးဟာ အသင်းခေါင်းဆောင်ဆွန်ဟောင်မင်နဲ့တွဲဖက်ပြီး တောင်ကိုရီးယားလက်ရွေးစင်အသင်းအတွက် ပွဲ၃၀ကစားပေးထားပြီးနောက်တန်းကနေ ၃ဂိုးသွင်းယူပေးထားခဲ့သူလည်းဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုကတော့ အသင်းက နောက်တန်းလိုအပ်ချက်တွေကို ပြင်ဆင်ချင်နေပါတယ်။ ကစားသမားအသစ်ခေါ်ယူဖြစ်ရင်တော့ အာရှပရိသတ်တွေက ကိုယ့်နိုင်ငံသားမဟုတ်ရင်တောင် အာရှကစားသမားတစ်ယောက်ကို ကွင်းအတွင်းမြင်ချင်ကြပါတယ်။ အာရှသားတွေ အချင်းချင်း ဒီ့ထက်ပိုမိုကူညီဖေးမပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အာရွသားခ်င္း ႐ိုင္းပင္းကူညီပါ ဆြန္ေဟာင္မင္

ထိပ္တန္းေဘာလုံးေလာကမွာ အာရွသားအနည္းငယ္ေလာက္သာ ေနရာရၾကတာပါ။ ဒီထဲကမွ ေတာင္ကိုရီးယားသား ဆြန္ေဟာင္မင္က နာမည္ႀကီး ကစားသမား တစ္ေယာက္ပါ။ ဆြန္ေဟာင္မင္က အခုလည္း အာရွသားေနာက္တစ္ေယာက္ ေနရာရဖို႔ ႀကိဳးစားေပးေနပါတယ္။ ေမာ္ရင္ဟိုရဲ႕စပါးအသင္းဟာ ၿပီးခဲ့တဲ့၂၀၂၀ ေအာက္တိုဘာေဈးကြက္တုန္းကေခၚယူဖို႔ႀကိဳးစားခဲ့ဖူးတဲ့ ေတာင္ကိုရီးယားေနာက္ခံလူ ကင္မင္ေဂ်းကို ယခုႏွစ္ဇန္နဝါရီေဈးကြက္အတြင္း ျပန္လည္ေခၚယူဖို႔ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

ကင္ကို ေခၚယူဖို႔ ဆြန္တစ္ေယာက္ တိုက္တြန္းႏႈိးေဆာ္တာေတြလုပ္ခဲ့ပါတယ္။ ကင္ဟာ လက္ရွိ တ႐ုတ္စူပါလိဂ္က ေဘဂ်င္းဂြမ္အာ အသင္းမွာ ကစားေနတာျဖစ္ၿပီး စပါးတာဝန္ရွိသူေတြ စတင္ ‌ေဆြးေႏြးေနၿပီလို႔သိရပါတယ္။ကင္ ဟာေတာင္ကိုရီးယားႏိုင္ငံလက္ေ႐ြးစင္ျဖစ္သလို အသက္(၂၄) ႏွစ္သာရွိေသးၿပီး သူ႔ကို အသင္းေဖာ္ေတြက “monster” လို႔နာမည္ေျပာင္ေပးထားၾကပါတယ္။ အရပ္ ၆ေပ ၃ လက္မရွိတဲ့ ကင္ဟာ တ႐ုတ္စူပါလိဂ္ကလပ္နဲ႔ ၂၀၂၁ခုႏွစ္ဇန္နဝါရီလ၃၁ရက္ေန႔ဆိုရင္စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။ ၂၄ႏွစ္အ႐ြယ္ အာရွသားအတြက္ တန္ဖိုးကို ယူ႐ို၁၅သန္းဝန္းက်င္သတ္မွတ္ထားပါတယ္။ စပါးနဲ႔အၿပိဳင္ ခ်ယ္လ္ဆီးအသင္းကလည္း ဒီအာရွကစားသမားအတြက္ တ႐ုတ္ကလပ္ကိုစုံစမ္းေမးျမန္းမႈေတြျပဳလုပ္ေနၿပီး သူ႔ရဲ႕စာခ်ဳပ္လက္က်န္သက္တမ္းနည္းေနတာေၾကာင့္ သတ္မွတ္ေဈးယူ႐ို၁၅သန္းဟာ ဒီ့ထက္ေလ်ာ့က်သြားဖို႔ရွိေနပါတယ္။

​ေတာင္ကိုရီးယား ေနာက္ခံဘီလူးႀကီးဟာ အသင္းေခါင္းေဆာင္ဆြန္ေဟာင္မင္နဲ႔တြဲဖက္ၿပီး ေတာင္ကိုရီးယားလက္ေ႐ြးစင္အသင္းအတြက္ ပြဲ၃၀ကစားေပးထားၿပီးေနာက္တန္းကေန ၃ဂိုးသြင္းယူေပးထားခဲ့သူလည္းျဖစ္ပါတယ္။ နည္းျပ​ေမာ္ရင္ဟိုက​ေတာ့ အသင္းက ​ေနာက္တန္းလိုအပ္ခ်က္​ေတြကို ျပင္ဆင္ခ်င္​ေနပါတယ္။ ကစားသမားအသစ္​ေခၚယူျဖစ္ရင္​ေတာ့ အာရွပရိသတ္​ေတြက ကိုယ့္ႏိုင္ငံသားမဟုတ္ရင္​ေတာင္ အာရွကစားသမားတစ္​ေယာက္ကို ကြင္းအတြင္းျမင္ခ်င္ၾကပါတယ္။ အာရွသား​ေတြ အခ်င္းခ်င္း ဒီ့ထက္ပိုမိုကူညီ​ေဖးမ​ေပးႏိုင္ဖို႔ ​ေမွ်ာ္လင့္ပါတယ္။