အာရှဘက်ခမ်းကြီး အသင်းပြောင်းတော့မှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တောင်ကိုရီးယား ဘောလုံးကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ ဆွန်ဟောင်မင်ကို တချို့တွေက အာရှရဲ့ ဘက်ခမ်းလို့တင်စားကြပါတယ်။

အခုတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ တော့တင်ဟမ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုရာမှာ ခက်ခဲမှု ဖြစ်နေတဲ့ တောင်ပံကစားသမား ဆွန်ဟောင်မင်ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

တောင်ကိုရီးယားလက်ရွေးစင်ကစားသမားကို သောမတ်စ်မူလာရဲ့နေရာမှာ အစားထိုးဖို့ ၊ အဲဒီအပြင်အသက်အရွယ်ရလာပြီဖြစ်တဲ့ လီဝန်ဒေါစကီးရဲ့နေရာအတွက်ပါ အသုံးပြုဖို့ ဘိုင်ယန်က နှစ်လမ်းမောင်းဆိုပြီး ကြံထားဟန်ရှိပါတယ်။

ဆွန်ဟောင်မင်ကို စပါးက တစ်ပတ်လုပ်ခပေါင်နှစ်သိန်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပေမယ့်လည်း လက်ရှိအချိန်အထိတော့ စာချုပ်မှာလက်မှတ်ရေးထိုးတာ မရှိသေးပါဘူး။

တောင်ကိုရီးယား ကြယ်ပွင့်ဟာ တော့တင်ဟမ်ရဲ့ အားကိုးရဆုံး တိုက်စစ်ကစားသမားဖြစ်ပြီး ယခုနှစ်အတွင်း မြောက်လန်ဒန်ကလပ်အတွက် သွင်းဂိုး ၁၈ဂိုးနှင့် ဂိုးဖန်တီးမှု ၁၆ကြိမ် လုပ်ပေးထားပါတယ်။

ဂျာမနီမှာ ကစားစဉ်အခါကလည်း ဆွန်ဟာ အတောက်ပဆုံး ကစားသမား တစ်ဦးဖြစ်ခဲ့ပြီး ဟမ်းဘတ်နဲ့ လီဗာကူဆင်အသင်းတွေမှာ ကစားရင်း ပြိုင်ပွဲစုံ ၄၉ဂိုး သွင်းယူခဲ့ပါတယ်။ အသက်၂၈နှစ်အရွယ် ဆွန်ဟာ တော့တင်ဟမ်နဲ့လက်ရှိမှာ စာချုပ် ၂နှစ် ကျန်နေပါသေးတယ်။

၂၀၁၅ခုနှစ်မှာ ဆွန်ရောက်ရှိလာကတည်းက စပါးအသင်းက ဆုဖလား ရရှိထားတာ မရှိဘဲ ဘိုင်ယန်မြူးနစ်ကတော့ ယမန်နှစ်က ချန်ပီယံလိဂ် အပါအဝင် အဓိကဆုဖလား ၃လုံး ရယူထားနိုင်ပါတယ်။

အခုတော့ ဘိုင်ယန်မြူးနစ်က ဆွန်ကို ဆာနေး၊ နာဘရီတို့နဲ့ တွဲဖက်ပေးဖို့အတွက် စဉ်းစားလာခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အာရွဘက္ခမ္းႀကီး အသင္း​ေျပာင္း​ေတာ့မွာလား?

​ေတာင္ကိုရီးယား ​ေဘာလုံးၾကယ္ပြင့္တစ္ပြင့္ျဖစ္တဲ့ ဆြန္​ေဟာင္မင္ကို တခ်ိဳ႕​ေတြက အာရွရဲ႕ ဘက္ခမ္းလို႔တင္စားၾကပါတယ္။ အခု​ေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ေတာ့တင္ဟမ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရာမွာ ခက္ခဲမႈ ျဖစ္ေနတဲ့ ေတာင္ပံကစားသမား ဆြန္ေဟာင္မင္ကို ေခၚယူရန္ ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။

ေတာင္ကိုရီးယားလက္ေ႐ြးစင္ကစားသမားကို ေသာမတ္စ္မူလာရဲ႕ေနရာမွာ အစားထိုးဖို႔ ၊ အဲဒီအျပင္အသက္အ႐ြယ္ရလာၿပီျဖစ္တဲ့ လီဝန္ေဒါစကီးရဲ႕ေနရာအတြက္ပါ အသုံးျပဳဖို႔ ဘိုင္ယန္က ႏွစ္လမ္း​ေမာင္းဆိုၿပီး ႀကံထားဟန္ရွိပါတယ္။

ဆြန္ေဟာင္မင္ကို စပါးက တစ္ပတ္လုပ္ခေပါင္ႏွစ္သိန္းနဲ႔ ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းထားေပမယ့္လည္း လက္ရွိအခ်ိန္အထိေတာ့ စာခ်ဳပ္မွာလက္မွတ္ေရးထိုးတာ မရွိေသးပါဘူး။

ေတာင္ကိုရီးယား ၾကယ္ပြင့္ဟာ ေတာ့တင္ဟမ္ရဲ႕ အားကိုးရဆုံး တိုက္စစ္ကစားသမားျဖစ္ၿပီး ယခုႏွစ္အတြင္း ေျမာက္လန္ဒန္ကလပ္အတြက္ သြင္းဂိုး ၁၈ဂိုးႏွင့္ ဂိုးဖန္တီးမႈ ၁၆ႀကိမ္ လုပ္ေပးထားပါတယ္။

ဂ်ာမနီမွာ ကစားစဥ္အခါကလည္း ဆြန္ဟာ အေတာက္ပဆုံး ကစားသမား တစ္ဦးျဖစ္ခဲ့ၿပီး ဟမ္းဘတ္နဲ႔ လီဗာကူဆင္အသင္းေတြမွာ ကစားရင္း ၿပိဳင္ပြဲစုံ ၄၉ဂိုး သြင္းယူခဲ့ပါတယ္။ အသက္၂၈ႏွစ္အ႐ြယ္ ဆြန္ဟာ ေတာ့တင္ဟမ္နဲ႔လက္ရွိမွာ စာခ်ဳပ္ ၂ႏွစ္ က်န္ေနပါ​ေသးတယ္။

၂၀၁၅ခုႏွစ္မွာ ဆြန္ေရာက္ရွိလာကတည္းက စပါးအသင္းက ဆုဖလား ရရွိထားတာ မရွိဘဲ ဘိုင္ယန္ျမဴးနစ္ကေတာ့ ယမန္ႏွစ္က ခ်န္ပီယံလိဂ္ အပါအဝင္ အဓိကဆုဖလား ၃လုံး ရယူထားႏိုင္ပါတယ္။အခု​ေတာ့ ဘိုင္ယန္ျမဴးနစ္က ဆြန္ကို ဆာေနး၊ နာဘရီတို႔နဲ႔ တြဲဖက္ေပးဖို႔အတြက္ စဥ္းစားလာခဲ့တာျဖစ္ပါတယ္။