အာဖရိကအကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ်အဖြစ် မာနီဆွတ်ခူး

photo-gettyimages

photo-gettyimages

လီဗာပူးတိုက်စစ်မှုးမာနီဟာ သူ့ရဲ့ကလပ်အသင်းဖော်နဲ့ အယ်ဂျီးရီးယားတောင်ပံကစားသမားတို့ကို ကျေ်ဖြတ်ပြီး တစ်နှစ်တာအာဖရိကအကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးသွားပါတယ်။ ဒီဆုအတွက် နောက်ဆုံးဆန်ခါတင် ၃ ဦးထဲမှာ မာနီနဲ့အတူ လီဗာပူးကပဲဖြစ်တဲ့ ဆာလာနဲ့ မန်စီးတီးက မာရက်ဇ်တို့ပါဝင်ခဲ့ကြတာပါ။ အဲဒီထဲမှာ ဆာလာက အာဖရိကအကောင်းဆုံးကစားသမားဆုကို နောက်ဆုံး ၂ နှစ်ဆက်ရထားပြီး မာရက်ဇ်ကလည်း ၂၀၁၆ တုန်းက ရရှိခဲ့ဖူးပါတယ်။

photo-gettyimages

မာနီကတော့ အရင် နောက်ဆုံး ၃ ကြိမ်မှာ ထိပ်ဆုံး ၃ ဦးစာရင်းဝင်ခဲ့ပြီး နောက်ဆုံး ၂ နှစ်ဆက် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပေမယ့် ဒီတစ်ကြိမ်ကျမှသာ ဆွတ်ခူးနိုင်ခဲ့တာပါ။ အသက် ၂၇ နှစ်အရွယ် မာနီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ်ဂိုး ၃၀ သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ လီဗာပူးဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ နိုင်ငံအသင်းဆီနီဂေါကိုလည်း အာဖရိကနိုင်ငံများဖလားမှာ ဗိုလ်လုပွဲတက်ရောက်နိုင်အောင် ဦးဆောင်ပေးခဲ့ပါတယ်။

photo-gettyimages

သူဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၃ မှတ်ဖြတ်ဦးဆောင်နေတဲ့ လီဗာပူးအတွက် ၁၅ ဂိုးသွင်းပေးထားပါတယ်။ မာနီအနေနဲ့ ဒီဆုကိုရဖူးတဲ့ ဒုတိယမြောက်ဆီနီဂေါကစားသမားလည်း ဖြစ်လာခဲ့တာပါ။ လီဗာပူးမှာပဲ ကစားဖူးတဲ့ တစ်နိုင်ငံတည်းသား ဒီအော့ဖ်ဟာ ၂၀၀၁ နဲ့ ၂၀၀၂ တုန်းက ဒီဆုကို ရရှိခဲ့ဖူးပါတယ်။ ဒီအော့ဖ်ဟာ မာနီစံနမူနာထားတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး အခုတော့ သူကိုယ်တိုင်လည်း အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တာပါ။

[Zawgyi]

အာဖရိကအေကာင္းဆုံးကစားသမားဆုကုိ ပထမဆုံးအႀကိမ္အျဖစ္ မာနီဆြတ္ခူး

လီဗာပူးတုိက္စစ္မႈးမာနီဟာ သူ႔ရဲ႕ကလပ္အသင္းေဖာ္နဲ႔ အယ္ဂ်ီးရီးယားေတာင္ပံကစားသမားတုိ႔ကို ေက်္ျဖတ္ၿပီး တစ္ႏွစ္တာအာဖရိကအေကာင္းဆုံးကစားသမားဆုကို ပထမဆုံးအႀကိမ္အျဖစ္ ဆြတ္ခူးသြားပါတယ္။ ဒီဆုအတြက္ ေနာက္ဆုံးဆန္ခါတင္ ၃ ဦးထဲမွာ မာနီနဲ႔အတူ လီဗာပူးကပဲျဖစ္တဲ့ ဆာလာနဲ႔ မန္စီးတီးက မာရက္ဇ္တို႔ပါ၀င္ခဲ့ၾကတာပါ။ အဲဒီထဲမွာ ဆာလာက အာဖရိကအေကာင္းဆုံးကစားသမားဆုကို ေနာက္ဆုံး ၂ ႏွစ္ဆက္ရထားၿပီး မာရက္ဇ္ကလည္း ၂၀၁၆ တုန္းက ရရွိခဲ့ဖူးပါတယ္။

မာနီကေတာ့ အရင္ ေနာက္ဆုံး ၃ ႀကိမ္မွာ ထိပ္ဆုံး ၃ ဦးစာရင္း၀င္ခဲ့ၿပီး ေနာက္ဆုံး ၂ ႏွစ္ဆက္ ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရေပမယ့္ ဒီတစ္ႀကိမ္က်မွသာ ဆြတ္ခူးႏိုင္ခဲ့တာပါ။ အသက္ ၂၇ ႏွစ္အရြယ္ မာနီဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ၿပိဳင္ပြဲအရပ္ရပ္ဂိုး ၃၀ သြင္းယူႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ လီဗာပူးဗုိလ္စြဲေအာင္ ကူညီေပးႏိုင္ခ့ဲပါတယ္။ ဒါ့အျပင္ သူဟာ ႏိုင္ငံအသင္းဆီနီေဂါကိုလည္း အာဖရိကႏိုင္ငံမ်ားဖလားမွာ ဗုိလ္လုပြဲတက္ေရာက္ႏိုင္ေအာင္ ဦးေဆာင္ေပးခဲ့ပါတယ္။

သူဟာ ဒီရာသီမွာလည္း ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၁၃ မွတ္ျဖတ္ဦးေဆာင္ေနတဲ့ လီဗာပူးအတြက္ ၁၅ ဂိုးသြင္းေပးထားပါတယ္။ မာနီအေနန႔ဲ ဒီဆုကိုရဖူးတဲ့ ဒုတိယေျမာက္ဆီနီေဂါကစားသမားလည္း ျဖစ္လာခဲ့တာပါ။ လီဗာပူးမွာပဲ ကစားဖူးတဲ့ တစ္ႏိုင္ငံတည္းသား ဒီေအာ့ဖ္ဟာ ၂၀၀၁ နဲ႔ ၂၀၀၂ တုန္းက ဒီဆုကို ရရွိခဲ့ဖူးပါတယ္။ ဒီေအာ့ဖ္ဟာ မာနီစံနမူနာထားတဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး အခုေတာ့ သူကိုယ္တိုင္လည္း အိပ္မက္ေတြ တကယ္ျဖစ္လာခဲ့တာပါ။