အာနိုးလ်နဲ့ဖာဘင်ဟိုပြီးတော့ ဂိုးသမားအယ်လစ်ဆင်ကို နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့တဲ့ လီဗာပူးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ်အသင်းဟာ သူတို့ရဲ့အဓိက,ကစားသမားတွေဖြစ်တဲ့ နောက်ခံလူအာနိုးလ်၊ ကွင်းလယ်လူဖာဘင်ဟိုတို့ကို စာချုပ်သစ်တွေချုပ်ဆိုခဲ့အပြီးမှာ ဂိုးသမားအယ်လစ်ဆင်ကိုလည်း ၂၀၂၇ ခုနှစ်အထိ နှစ်ရှည်စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အခုတစ်ပတ်အစောပိုင်းက အာနိုးလ်နဲ့ ဖာဘင်ဟိုတို့ကို (၅)နှစ်စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်သလို အခု အယ်လစ်ဆင်ကိုလည်း (၆)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး

အယ်လစ်ဆင်ဟာ စာချုပ်သစ်အရ လီဗာပူးလ်အသင်းရဲ့လစာငွေအများဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်တော့မှာပါ။

၂၀၁၈ ခုနှစ်တုန်းက ရိုးမားအသင်းကနေ အဲဒီအချိန်က ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ဖြစ်တဲ့ ပေါင်(၆၆.၈)သန်းနဲ့လီဗာပူးလ်အသင်းဆီပြောင်းရွှေ့ခဲ့သူ အယ်လစ်ဆင်ဟာ လီဗာပူးလ်ကစားသမားဘဝ ပထမဆုံးရာသီမှာပဲ ချန်ပီယံလိဂ်ဖလားရယူခဲ့သလို၊

၂၀၁၉-၂၀ ရာသီမှာတော့ နှစ်ပေါင်း(၃၀)ကြာဝေးကွာနေတဲ့ အမှတ်ပေးဖလား၊ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံဆုဖလားရရှိအောင် လက်စွမ်းပြနိုင်ခဲ့ပါတယ်။

လီဗာပူးလ်နဲ့စာချုပ်သက်တမ်းတိုးခဲ့ပြီးတဲ့နောက် အသင်းရဲ့ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးမှာ အယ်လစ်ဆင်က “ကျွန်တော်အပါအဝင် ကျွန်တော့်မိသားစုတွေဟာ လီဗာပူးလ်မှာနေရတာ အရမ်းကိုပျော်ရွှင်နေပါပြီ။

ကျွန်တော့်ကလေးတွေဟာလည်း ကိုယ့်မွေးရပ်မဟုတ်ပေမယ့် အင်္ဂလန်နိုင်ငံမှာနေထိုင်ရတာ အသားကျနေပြီဖြစ်ပါတယ်။

အသင်းနဲ့အတူ ဆက်ပြီးလက်တွဲခွင့်ရပြီလို့ ကျွန်တော် ဝမ်းမြောက်မိသလို စာချုပ်သစ်ချုပ်ဖို့ကို အရမ်းကြီးခက်ခက်ခဲခဲ မစဉ်းစားလိုက်ရပါဘူး။

ကျွန်တော်တို့ဟာ ကြီးမားတဲ့ရည်မှန်းချက်ထားရှိရမှာဖြစ်ပြီး ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ တခြားဘယ်လိုဖလားပြိုင်ပွဲမဆို ပါဝင်ကစားတဲ့ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲအောင်ကြိုးစားရမှာဖြစ်ပါတယ်။

ဆုဖလားတွေရယူနိုင်ဖို့ဆိုတာက ကွင်းထဲမှာ ကိုယ်ဘယ်လောက်အထိ ပေးဆပ်ကစားလဲဆိုတဲ့အချက်အပေါ် မူတည်တာကြောင့် ကျွန်တော်တို့ဟာ အသင်းအတွက် (၁၀၀%)အထိပေးဆပ်ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကြိုးစားမယ်ဆိုရင် ကိုယ်ရည်မှန်းတဲ့ပန်းတိုင်ဆီ အရောက်သွားနိုင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဆာလာ၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်တို့ကိုလည်း စာချုပ်သက်တမ်းတိုးသွားမှာဖြစ်ပေမယ့် အသင်းခေါင်းဆောင်ဟန်ဒါဆင်နဲ့ စာချုပ်သစ်ချုပ်ဆိုမယ့်ကိစ္စက မသေချာသေးသလို ရှာကီရီ၊ အော်ရီဂီတို့ဟာလည်း အသင်းမှာဆက်ရှိဖို့ မသေချာဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အာႏိုးလ္နဲ႔ဖာဘင္ဟိုၿပီးေတာ့ ဂိုးသမားအယ္လစ္ဆင္ကို ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းဟာ သူတို႔ရဲ႕အဓိက,ကစားသမားေတြျဖစ္တဲ့ ေနာက္ခံလူအာႏိုးလ္၊ ကြင္းလယ္လူဖာဘင္ဟိုတို႔ကို စာခ်ဳပ္သစ္ေတြခ်ဳပ္ဆိုခဲ့အၿပီးမွာ ဂိုးသမားအယ္လစ္ဆင္ကိုလည္း ၂၀၂၇ ခုႏွစ္အထိ ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ အခုတစ္ပတ္အေစာပိုင္းက အာႏိုးလ္နဲ႔ ဖာဘင္ဟိုတို႔ကို (၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုးခဲ့တာျဖစ္သလို အခု အယ္လစ္ဆင္ကိုလည္း (၆)ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အယ္လစ္ဆင္ဟာ စာခ်ဳပ္သစ္အရ လီဗာပူးလ္အသင္းရဲ႕လစာေငြအမ်ားဆုံးကစားသမားတစ္ဦးအျဖစ္ ရပ္တည္ႏိုင္ေတာ့မွာပါ။

၂၀၁၈ ခုႏွစ္တုန္းက ႐ိုးမားအသင္းကေန အဲဒီအခ်ိန္က ဂိုးသမားတစ္ဦးအတြက္ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ျဖစ္တဲ့ ေပါင္(၆၆.၈)သန္းနဲ႔လီဗာပူးလ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူ အယ္လစ္ဆင္ဟာ လီဗာပူးလ္ကစားသမားဘဝ ပထမဆုံးရာသီမွာပဲ ခ်န္ပီယံလိဂ္ဖလားရယူခဲ့သလို၊ ၂၀၁၉-၂၀ ရာသီမွာေတာ့ ႏွစ္ေပါင္း(၃၀)ၾကာေဝးကြာေနတဲ့ အမွတ္ေပးဖလား၊ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ခ်န္ပီယံဆုဖလားရရွိေအာင္ လက္စြမ္းျပႏိုင္ခဲ့ပါတယ္။

လီဗာပူးလ္နဲ႔စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီးတဲ့ေနာက္ အသင္းရဲ႕ဝက္ဘ္ဆိုက္နဲ႔အင္တာဗ်ဴးမွာ အယ္လစ္ဆင္က “ကြၽန္ေတာ္အပါအဝင္ ကြၽန္ေတာ့္မိသားစုေတြဟာ လီဗာပူးလ္မွာေနရတာ အရမ္းကိုေပ်ာ္႐ႊင္ေနပါၿပီ။ ကြၽန္ေတာ့္ကေလးေတြဟာလည္း ကိုယ့္ေမြးရပ္မဟုတ္ေပမယ့္ အဂၤလန္ႏိုင္ငံမွာေနထိုင္ရတာ အသားက်ေနၿပီျဖစ္ပါတယ္။ အသင္းနဲ႔အတူ ဆက္ၿပီးလက္တြဲခြင့္ရၿပီလို႔ ကြၽန္ေတာ္ ဝမ္းေျမာက္မိသလို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ကို အရမ္းႀကီးခက္ခက္ခဲခဲ မစဥ္းစားလိုက္ရပါဘူး။

ကြၽန္ေတာ္တို႔ဟာ ႀကီးမားတဲ့ရည္မွန္းခ်က္ထားရွိရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္နဲ႔ တျခားဘယ္လိုဖလားၿပိဳင္ပြဲမဆို ပါဝင္ကစားတဲ့ၿပိဳင္ပြဲတိုင္းမွာ ဗိုလ္စြဲေအာင္ႀကိဳးစားရမွာျဖစ္ပါတယ္။ ဆုဖလားေတြရယူႏိုင္ဖို႔ဆိုတာက ကြင္းထဲမွာ ကိုယ္ဘယ္ေလာက္အထိ ေပးဆပ္ကစားလဲဆိုတဲ့အခ်က္အေပၚ မူတည္တာေၾကာင့္ ကြၽန္ေတာ္တို႔ဟာ အသင္းအတြက္ (၁၀၀%)အထိေပးဆပ္ရမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ျပင္းျပင္းထန္ထန္ႀကိဳးစားမယ္ဆိုရင္ ကိုယ္ရည္မွန္းတဲ့ပန္းတိုင္ဆီ အေရာက္သြားႏိုင္မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ဆာလာ၊ ဗန္ဒိုက္၊ ေရာ္ဘတ္ဆန္တို႔ကိုလည္း စာခ်ဳပ္သက္တမ္းတိုးသြားမွာျဖစ္ေပမယ့္ အသင္းေခါင္းေဆာင္ဟန္ဒါဆင္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ့္ကိစၥက မေသခ်ာေသးသလို ရွာကီရီ၊ ေအာ္ရီဂီတို႔ဟာလည္း အသင္းမွာဆက္ရွိဖို႔ မေသခ်ာျဖစ္ေနပါတယ္။