M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဆင်နယ်တို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် အမှတ်ပေး ဖလား ပြိုင်ပွဲမှာ အဆင့် 8 နေရာနဲ့သာ ရာသီ ပိတ်သိမ်းခဲ့ရ ပါတယ်။
ဒါဟာ အာဆင်နယ် အတွက်တော့ 25 နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ဥရောပ ဝင်ခွင့် ဆုံးရှုံးခြင်း ဖြစ်သွားခဲ့ရ ပါတယ်။
ဒါကြောင့် အာဆင်နယ် နည်းပြ အာတီတာဟာ အသင်းကို လုံးဝ အသစ် ဖြစ်သွားအောင် ပြုပြင် ပြောင်းလဲလိုက်ဖို့ ရည်ရွယ် နေပြီး အခုအပြောင်းအရွှေ့မှာကစားသမားအသစ်တွေ အရ ခေါ်ယူနေခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် တချို့ ခေါ်ယူမှုတွေကတော့ ပရိသတ်တွေ အတွက် ကျေနပ်စရာ မဖြစ်စေပါဘူး။
အိုဒီဂတ်နဲ့ အာရွန်ရမ်စ်ဒယ်လ်တို့ဟာ အာဆင်နယ်အသင်းအတွက် အားကိုးရမယ့် ကစားသမားတွေဖြစ်ကြောင်း နည်းပြအာတီတာက ဆိုခဲ့ပါတယ်။
“အိုဒီဂတ်ဟာ ဟာ ကျွန်တော်တို့အသင်းကို ပိုကောင်းလာစေမယ့်သူ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ အာဆင်နယ်အသင်းရဲ့ ဖန်တီးနိုင်စွမ်းအားနဲ့ ကစားသမားအရင်းအမြစ်တွေနဲ့ပတ်သက်လို့ ရွေးချယ်စရာတွေ ပိုများဖို့ လိုအပ်နေတာပါ။
သူဟာ လူငယ်တစ်ဦး ဖြစ်ပေမယ့် ကလပ်အသင်းအမျိုးမျိုးမှာ မတူညီတဲ့ အတွေ့အကြုံတွေ ရရှိထားသူ ဖြစ်ပါတယ်။ ”
” ပြီးတော့ ကျွန်တော်တို့ သွားချင်တဲ့ ကစားပုံအတွက် တကယ့်ထူးချွန်တဲ့ အရည်အသွေးတွေလည်း ရှိနေပြန်ပါတယ်။
ကျွန်တော့်အနေနဲ့တော့ သူ့ကို ကလပ်အသင်းက ခေါ်ယူဖို့ ကြိုးစားပေးခဲ့တာနဲ့ပတ်သက်လို့ တကယ်ပဲ ဝမ်းသာမိပါတယ်။”
” အခုချိန်မှာတော့ ဂိုးသမားနေရာအတွက် ကျွန်တော်တို့မှာ မတူညီတဲ့ ရွေးချယ်စရာနှစ်ခု ရှိလာပါတော့မယ်။
ရမ်စ်ဒယ်လ်ဟာ နေရာတစ်နေရာအတွက် ယှဉ်ပြိုင်နိုင်မှုကို ကျွန်တော်တို့အသင်းဆီ ယူဆောင်ပေးလာမှာပါ။
ဒါဟာ ကျွန်တော်တို့ လိုချင်နေတဲ့အရာဖြစ်ပြီး အသင်းအတွက်တော့ တကယ်ကောင်းတဲ့ ရွေးချယ်မှု ဖြစ်လာမှာပါ။ ”လို့ နည်းပြ အာတီတာက ပြောဆိုထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အာတီတာ မှတ်ချက်ပြုတဲ့ အိုဒီဂတ်နဲ့ တန်းဆင်းဝါသနာပါသူ ဂိုးသမားတို့ အကြောင်း