အာတီတာ မျက်နှာပွင့်လန်းရတဲ့ အာဆင်နယ်ရဲ့ နိုင်ပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စနေနေ့ရဲ့ အစောဆုံးပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ လက်စတာနဲ့ အာဆင်နယ်ပွဲကတော့ အကြိတ်အနယ်ရှိခဲ့ပါတယ်။

အာဆင်နယ်ရဲ့ တိုက်စစ်ကို အူဘာမီယန်းက ဦးဆောင်ပြီး သူ့အနောက်မှာ လာကာဇက်တီကိုထားကာ ၄-၄-၁-၁ နဲ့ ပွဲထွက်ခဲ့ပါတယ်။

အာဆင်နယ်အသင်းက ပွဲအစမိနစ် ၂၀ အတွင်းမှာပဲ သွင်းဂိုးတွေရရှိခဲ့ပါတယ်။

အာဆင်နယ်အတွက် ဦးဆောင်ဂိုးတွေကို ဂါဘရီရယ်နဲ့ စမစ်ရိုးတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တို့ စောစောစီးစီးမှာပဲ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့သလို ဒီနှစ်ဂိုးစလုံးမှာ ဂိုးသမား ရှမိုက်ကယ်ကို လှုပ်မရဘဲ ဂိုးပေးလိုက်ရအောင် စွမ်းဆောင်နိုင်ခဲ့ကြပြီး

အူဘာမီယန်းနဲ့ လာကာဇက်တို့ရဲ့ ဦးဆောင်မှုက လက်စတာရဲ့ ဗာဒီထက် ပိုကောင်းခဲ့တာကိုလည်း ပြသနိုင်ခဲ့သလို ဂိုးသမား ရမ်းစ်ဒေးလ်ရဲ့ ဘောလုံးဖြန့်ဝေနိုင်စွမ်းနဲ့ ခြေထဲမှာ ပိုင်ပိုင်နိုင်နိုင်ကစားပြနိုင်စွမ်းကိုလည်း မြင်ခဲ့ရတာပါ။

လက်စတာဘက်က ချေပဂိုးရအောင်ကြိုးစားပါသေးတယ်။ ဒါပေမယ့် အရာမထင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာ အိမ်ရှင် လက်စတာဘက်က ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပေမယ့် အာဆင်နယ် နောက်တန်းနဲ့ ဂိုးသမား ရမ်းစ်ဒေးလ်တို့ကို မကျော်နိုင်ခဲ့ပါဘူး။

အခုဆို အာဆင်နယ်တို့ ခက်ခဲတဲ့ပွဲတစ်ပွဲကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အထူးသဖြင့် လက်စတာလို ပွဲတိုင်းနီးပါးဂိုးရနေတဲ့အသင်းကို ဂိုးမပေးရအောင် ကစားနိုင်ခဲ့တာကို အသိအမှတ်ပြုရမှာပါ။

ရာထူးကထုတ်ပယ်ခံရဖို့အထိ နီးစပ်ခဲ့တဲ့ အာတီတာက အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်ခဲ့ပြီး ဒီနိုင်ပွဲနဲ့အတူ အဆင့် ၅ နေရာအထိကိုပါ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာတီတာ မ်က္ႏွာပြင့္လန္းရတဲ့ အာဆင္နယ္ရဲ႕ ႏိုင္ပြဲ

စေနေန႔ရဲ႕ အေစာဆုံးပရီးမီးယားလိဂ္ပြဲစဥ္ျဖစ္တဲ့ လက္စတာနဲ႔ အာဆင္နယ္ပြဲကေတာ့ အႀကိတ္အနယ္ရွိခဲ့ပါတယ္။ အာဆင္နယ္ရဲ႕ တိုက္စစ္ကို အူဘာမီယန္းက ဦးေဆာင္ၿပီး သူ႔အေနာက္မွာ လာကာဇက္တီကိုထားကာ ၄-၄-၁-၁ နဲ႔ ပြဲထြက္ခဲ့ပါတယ္။

အာဆင္နယ္အသင္းက ပြဲအစမိနစ္ ၂၀ အတြင္းမွာပဲ သြင္းဂိုးေတြရရွိခဲ့ပါတယ္။ အာဆင္နယ္အတြက္ ဦးေဆာင္ဂိုးေတြကို ဂါဘရီရယ္နဲ႔ စမစ္႐ိုးတို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္တို႔ ေစာေစာစီးစီးမွာပဲ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့သလို ဒီႏွစ္ဂိုးစလုံးမွာ ဂိုးသမား ရွမိုက္ကယ္ကို လႈပ္မရဘဲ ဂိုးေပးလိုက္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၾကၿပီး အူဘာမီယန္းနဲ႔ လာကာဇက္တို႔ရဲ႕ ဦးေဆာင္မႈက လက္စတာရဲ႕ ဗာဒီထက္ ပိုေကာင္းခဲ့တာကိုလည္း ျပသႏိုင္ခဲ့သလို ဂိုးသမား ရမ္းစ္ေဒးလ္ရဲ႕ ေဘာလုံးျဖန႔္ေဝႏိုင္စြမ္းနဲ႔ ေျခထဲမွာ ပိုင္ပိုင္ႏိုင္ႏိုင္ကစားျပႏိုင္စြမ္းကိုလည္း ျမင္ခဲ့ရတာပါ။

လက္စတာဘက္က ​ေခ်ပဂိုးရ​ေအာင္ႀကိဳးစားပါ​ေသးတယ္။ ဒါ​ေပမယ့္ အရာမထင္ခဲ့ပါဘူး။ ဒုတိယပိုင္းမွာ အိမ္ရွင္ လက္စတာဘက္က ဂိုးသြင္းခြင့္ေတြ ပိုရခဲ့ေပမယ့္ အာဆင္နယ္ ေနာက္တန္းနဲ႔ ဂိုးသမား ရမ္းစ္ေဒးလ္တို႔ကို မေက်ာ္ႏိုင္ခဲ့ပါဘူး။

အခုဆို အာဆင္နယ္တို႔ ခက္ခဲတဲ့ပြဲတစ္ပြဲကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ အထူးသျဖင့္ လက္စတာလို ပြဲတိုင္းနီးပါးဂိုးရေနတဲ့အသင္းကို ဂိုးမေပးရေအာင္ ကစားႏိုင္ခဲ့တာကို အသိအမွတ္ျပဳရမွာပါ။ ရာထူးကထုတ္ပယ္ခံရဖို႔အထိ နီးစပ္ခဲ့တဲ့ အာတီတာက အသင္းကို လမ္းေၾကာင္းမွန္ေပၚ ျပန္တင္ေပးႏိုင္ခဲ့ၿပီး ဒီႏိုင္ပြဲနဲ႔အတူ အဆင့္ ၅ ေနရာအထိကိုပါ ေရာက္ရွိသြားခဲ့ၿပီျဖစ္ပါတယ္။