အာတီတာအတွက် လက်တစ်ကမ်းအလုိက္ မှတ်တမ်းကောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

(၂၀၁၉-၂၀၂၀) ရာသီမှာ နည်းပြအာတီတာတစ်ယောက် (၇) ပွဲဆက် ရှုံးပွဲမရှိချိန်တုန်းက အမှတ်အနေနဲ့ (၁၃) မှတ် စုဆောင်းနိုင်ခဲ့ပြီး မနှစ်က (၂၀၂၀-၂၀၂၁) ရာသီအတွင်း (၇) ပွဲဆက် ရှုံးပွဲမရှိချိန်မှာတော့ (၁၇) မှတ် စုဆောင်းထားနိုင်ခဲ့ပါတယ်။

ယခုရာသီမှာ အာဆင်နယ်ဟာ (၇) ပွဲဆက် အရှုံးမရှိတဲ့ မှတ်တမ်း ပြန်ရလာခဲ့ပြီး ဒီပွဲတွေမှာ (၁၇) မှတ် ရှာဖွေထားနိုင်ခဲ့ပါတယ်။

ဒါဟာ မနှစ်က (၇) ပွဲဆက် ရှုံးပွဲမရှိ ရလဒ်နဲ့ ရမှတ်တူနေပြီး လက်ရှိအချိန်မှာတော့ အရင်တင်ထားခဲ့တဲ့ (၇) ပွဲဆက် အရှုံးမရှိစံချိန် (၂) ကြိမ်စလုံးကို ချိုးဖျက်ဖို့ အခြေအနေ ကောင်းနေပါတယ်။

(၈) ပွဲမြောက် ပွဲအဖြစ် ဝက်ဒ်ဖို့ဒ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ရှုံးပွဲမရှိ (၈) ပွဲစံချိန်သစ်ကို တင်နိုင်ဖို့ အလားအလာ ကောင်းတွေရှိနေပါတယ်။

နိုဝင်ဘာလမှာ အာဆင်နယ် အသင်းဟာ (၃) ပွဲ ကစားရမှာ ဖြစ်ပါတယ်။

ဝက်ဖို့ဒ် ( အိမ်ကွင်း)၊ လီဗာပူး ( အဝေးကွင်း)၊နယူးကာဆယ် ( အိမ်ကွင်း) တို့ဖြစ်ပါတယ်။

လီဗာပူး အသင်းနဲ့သာ ကြီးကြီးမားမား ရင်ဆိုင်ရဖို့ ရှိနေခဲ့လို့ နိုဝင်ဘာလအတွက် ကြီးကြီးမားမား ပြဿနာ ရှိမနေပါဘူး။

လက်ရှိခြေစွမ်းအရရော စိတ်ဓာတ်ပိုင်းအရပါ အားရစရာ အနေထား ရောက်ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒဏ်ရာတွေပဲ ကြောက်ရပါမယ်။

အာစင်ဗန်းဂါးအလွန် နည်းပြတွေထဲမှာ နည်းပြဟောင်း အူနိုင်း အမ်မရီက (၁၄) ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကောင်းကို (၃၄) မှတ်နဲ့ တင်ထားနိုင်ပါတယ်။

အာတီတာ အဝေးကြီးကို လိုက်ဖို့ မမှီတောင် ကိုယ့်စံချိန် ကိုယ်ပြန်ချိုးပြီး မှတ်တမ်းကောင်းရအောင်လုပ်သင့်ပါတယ်။

လက်တစ်ကမ်းက မှတ်တမ်းကောင်းကို အာတီတာ အမိဖမ်းနိုင်ပါစေ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာတီတာအတွက် လက်တစ်ကမ်းအလိုက မှတ်တမ်းကောင်း




