အာတီတာရဲ့အခြေအနေကို ပြောပြလာတဲ့ ဇနီးဖြစ်သူ

photo-daily mail

photo-gettyimages

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီး ၂ ရက်အကြာမှာတော့ အာဆင်နယ်နည်းပြအာတီတာရဲ့ဇနီးဖြစ်သူလော်ရီနာဟာ သူ့ခင်ပွန်းရဲ့ကျန်မာရေးအခြေအနေ နောက်ဆုံးအနေအထားကို ပရိသတ်တွေကို အသိပေးပြောပြခဲ့ပါတယ်။ အာတီတာဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စမ်းသပ်စစ်ဆေးမှုအရ သိခဲ့ရတာဖြစ်ပြီး အဲဒါကြောင့်လည်း ပရီးမီးယားလိဂ်ဟာ အရေးပေါ်အစည်းအဝေးခေါ်ခဲ့ရကာ လာမယ့်ဧပြီလအစထိ ပြိုင်ပွဲကိုရပ်နားဖို့ ဆုံးဖြတ်ခဲ့တာပါ။

photo-PA

အာတီတာရဲ့ဇနီးဖြစ်တဲ့ လော်ရီနာဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်က ဗီဒီယိုဖိုင်မှာ”ကျွန်မတို့ရဲ့လက်ရှိအခြေအနေကို ပြန်လည်ဝေမျှဖို့ တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ဗိုင်ဘာ၊ မက်ဆေ့ချ်၊ အီမေးလ်နဲ့ ဖုန်းခေါ်ဆိုမှုတွေကတစ်ဆင့် ဆုတောင်းပေးခဲ့ကြသူတွေအားလုံးကို ကျေးဇူူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ အဲဒါတွေဟာ တကယ်ကို အလွန့်အလွန်ကျေနပ်ပီတီဖြစ်ရပါတယ်။ ဘာဖြစ်နေတယ်ဆိုတာ ရှင်တို့အားလုံးလည်း သိချင်ကြမယ်လို့ ကျွန်မ နားလည်ပါတယ်။ ကျွန်မခင်ပွန်းက ကျန်းမာနေကောင်းပါတယ်။ သူ့မှာ ဗိုင်းရပ်စ်ရဲ့ရောဂါလက္ခဏာတွေရှိနေပေမယ့် သူ ပုံမှန်အခြေအနေအတိုင်းအလုပ်လုပ်ဖို့ ဘယ်တော့မှ ရပ်တန့်စေမှာ မဟုတ်ပါဘူး။ ကိုယ်နည်းနည်းပူတာနဲ့ ခေါင်းနည်းနည်းကိုက်တာလောက်ပဲ ရှိပါတယ်။ ဒါပါပဲ။ အဲဒါက သူ့အတွေ့အကြုံပေါ့။ ကျွန်မနဲ့ ကလေးတွေကတော့ လုံးဝကို နေကောင်းပါတယ်”လို့ ပရိသတ်တွေကို အသိပေးခဲ့တာပါ။

photo-independent

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေအတွက်ပဲ အဓိကအန္တရာယ်ပေးနေတာပါ။ အာတီတာဟာ အာဂျင်တီးနားနဲ့စပိန်သရုပ်ဆောင်လည်းဖြစ်၊ ရုပ်သံအစီအစဉ်တင်ဆက်သူလည်းဖြစ်၊ မော်ဒယ်လည်းဖြစ်တဲ့ လော်ရီနာနဲ့လက်ထပ်ထားပြီး ကလေး ၃ ယောက် ထွန်းကားထားပါတယ်။

[Zawgyi]

အာတီတာရဲ႕အေျခအေနကို ေျပာျပလာတဲ့ ဇနီးျဖစ္သူ

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိၿပီး ၂ ရက္အၾကာမွာေတာ့ အာဆင္နယ္နည္းျပအာတီတာရဲ႕ဇနီးျဖစ္သူေလာ္ရီနာဟာ သူ႔ခင္ပြန္းရဲ႕က်န္မာေရးအေျခအေန ေနာက္ဆုံးအေနအထားကို ပရိသတ္ေတြကို အသိေပးေျပာျပခဲ့ပါတယ္။ အာတီတာဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ကိုရုိနာဗုိင္းရပ္စ္ကူးစက္ခံထားရေၾကာင္း စမ္းသပ္စစ္ေဆးမႈအရ သိခဲ့ရတာျဖစ္ၿပီး အဲဒါေၾကာင့္လည္း ပရီးမီးယားလိဂ္ဟာ အေရးေပၚအစည္းအေ၀းေခၚခဲ့ရကာ လာမယ့္ဧၿပီလအစထိ ၿပိဳင္ပြဲကိုရပ္နားဖို႔ ဆုံးျဖတ္ခဲ့တာပါ။

အာတီတာရဲ႕ဇနီးျဖစ္တဲ့့ ေလာ္ရီနာဟာ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚက ဗီဒီယိုဖိုင္မွာ”ကၽြန္မတို႔ရဲ႕လက္ရွိအေျခအေနကို ျပန္လည္ေ၀မွ်ဖို႔ တာ၀န္ရွိတယ္လို႔ ခံစားရပါတယ္။ ဗိုင္ဘာ၊ မက္ေဆ့ခ်္၊ အီေမးလ္နဲ႔ ဖုန္းေခၚဆိုမႈေတြကတစ္ဆင့္ ဆုေတာင္းေပးခဲ့ၾကသူေတြအားလုံးကို ေက်းဇူူးတင္ပါတယ္လုိ႔ ေျပာခ်င္ပါတယ္။ အဲဒါေတြဟာ တကယ္ကို အလြန္႔အလြန္ေက်နပ္ပီတီျဖစ္ရပါတယ္။ ဘာျဖစ္ေနတယ္ဆိုတာ ရွင္တုိ႔အားလုံးလည္း သိခ်င္ၾကမယ္လုိ႔ ကၽြန္မ နားလည္ပါတယ္။ ကၽြန္မခင္ပြန္းက က်န္းမာေနေကာင္းပါတယ္။ သူ႔မွာ ဗိုင္းရပ္စ္ရဲ႕ေရာဂါလကၡဏာေတြရွိေနေပမယ့္ သူ ပုံမွန္အေျခအေနအတိုင္းအလုပ္လုပ္ဖို႔ ဘယ္ေတာ့မွ ရပ္တန္႔ေစမွာ မဟုတ္ပါဘူး။ ကိုယ္နည္းနည္းပူတာနဲ႔ ေခါင္းနည္းနည္းကိုက္တာေလာက္ပဲ ရွိပါတယ္။ ဒါပါပဲ။ အဲဒါက သူ႔အေတြ႕အႀကဳံေပါ့။ ကၽြန္မနဲ႔ ကေလးေတြကေတာ့ လုံး၀ကို ေနေကာင္းပါတယ္”လို႔ ပရိသတ္ေတြကို အသိေပးခဲ့တာပါ။

လက္ရွိမွာေတာ့ ကိုရိုနာဗုိင္းရပ္စ္ဟာ အသက္ႀကီးသူေတြနဲ႔ ေရာဂါအခံရွိသူေတြအတြက္ပဲ အဓိကအႏၱရာယ္ေပးေနတာပါ။ အာတီတာဟာ အာဂ်င္တီးနားနဲ႔စပိန္သရုပ္ေဆာင္လည္းျဖစ္၊ ရုပ္သံအစီအစဥ္တင္ဆက္သူလည္းျဖစ္၊ ေမာ္ဒယ္လည္းျဖစ္တဲ့ ေလာ္ရီနာနဲ႔လက္ထပ္ထားၿပီး ကေလး ၃ ေယာက္ ထြန္းကားထားပါတယ္။