အာတီတာနဲ့စမစ်ရိုးတို့ မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ပြီး ပြိုင်ပွဲစုံ(၁၀)ပွဲဆက်ရှုံးပွဲမရှိခဲ့တဲ့ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)တနင်္ဂနွေနေ့ပွဲတစ်ပွဲဖြစ်တဲ့ အာဆင်နယ်-ဝက်ဖို့ဒ်တို့ရဲ့ပွဲမှာ အာဆင်နယ်အသင်းက လူငယ်တိုက်စစ်ကစားသမားစမစ်ရိုးရဲ့တစ်လုံးတည်းသောဂိုးနဲ့အတူ အနိုင်ယူခဲ့ပြီး

အခုဆိုရင် အမှတ်ပေးဇယားမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ကျော်ဖြတ်ပြီးတော့ ရမှတ်(၂၀)နဲ့အဆင့်(၅)နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရာသီအဖွင့်(၃)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ၁၉၅၄ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရာသီအစမှတ်တမ်းနဲ့ရင်ဆိုင်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ပွဲစဉ်(၃)အဖြစ်

မန်စီးတီးအသင်းကို(၅-၀)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးကတည်းက အခုအချိန်အထိ တောက်လျှောက်ရှုံးပွဲမရှိတော့ဘဲ ခြေစွမ်းပြကစားနေပြီး ပရီးမီးယားလိဂ်နောက်ဆုံး(၈)ပွဲမှာ (၆)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ပါတယ်။

ဒါ့အပြင် ပြိုင်ပွဲစုံ(၁၀)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ (၈)ပွဲနိုင်၊ (၂)ပွဲသရေကစားခဲ့တာကြောင့် ရာသီအစတုန်းက ရာထူးကအထုတ်ခံရဖို့အထိနီးစပ်ခဲ့တဲ့ အာတီတာအတွက် လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခဲ့ပြီလို့ဆိုရမှာပါ။

ဝက်ဖို့ဒ်နဲ့ပွဲဟာ အာတီတာရဲ့အာဆင်နယ်နည်းပြဘဝပွဲ(၁၀၀)ပြည့်ဖြစ်ခဲ့သလို (၅၄)ပွဲအထိအနိုင်ရခဲ့ပြီး အာဆင်နယ်နည်းပြတွေထဲမှာ ပွဲ(၁၀၀)အပြီး အာတီတာထက် နိုင်ပွဲပိုရခဲ့တာက နာမည်ကျော်နည်းပြဟောင်းဂျော့ချ်ဂရေဟမ်(၅၆ပွဲ)တစ်ဦးသာရှိပါတော့တယ်။

အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်(၃)ပွဲဆက်နိုင်ပွဲအတွက် ပုံဖော်ခဲ့သူ စမစ်ရိုးဟာ ပြီးခဲ့တဲ့လက်စတာ၊ အက်စတွန်ဗီလာတို့နဲ့ပွဲမှာလည်းဂိုးသွင်းယူနိုင်ခဲ့တာကြောင့်

အသင်းနာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့ အနယ်လ်ကာ၊ ရေးယက်စ်၊ ဖာဘရီဂတ်စ်တို့ပြီးရင် ပရီးမီးယားလိဂ်(၃)ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တဲ့ စတုတ္ထမြောက် အသက်(၂၁)နှစ်နဲ့အောက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

စမစ်ရိုး၊ အာတီတာတို့ မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ချိန်မှာ ၀ါရင့်တိုက်စစ်မှူးအူဘာမီယန်းကတော့ ကံမကောင်းခဲ့ဘဲ ပယ်နယ်တီလွဲချော်ခဲ့တဲ့အတွက် ပယ်နယ်တီ(၁၃)ကြိမ်မှာ(၄)ကြိမ်မြောက်လွဲချော်ခဲ့တာဖြစ်လို့

ဂန္ထဝင်တိုက်စစ်မှူးအီယန်ရိုက်(၆ကြိမ်)ပြီးရင် လွဲချော်မှုအများဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး

ပယ်နယ်တီကာကွယ်ခဲ့တဲ့ ဝက်ဖို့ဒ်ဂိုးသမားဖော်စတာကတော့ အသက်(၃၈)နှစ်၊ (၂၁၈)ရက်နဲ့

ဂစ်ဗင်း(၄ဝနှစ်၊ ၁၂၉ရက်-စတုတ်နဲ့အဲဗာတန်/၂၀၁၆)နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပယ်နယ်တီကာကွယ်နိုင်ခဲ့တဲ့ အသက်အကြီးဆုံးဂိုးသမားအဖြစ်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာတီတာနဲ႔စမစ္႐ိုးတို႔ မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့ၿပီး ၿပိဳင္ပြဲစုံ(၁၀)ပြဲဆက္ရႈံးပြဲမရွိခဲ့တဲ့ အာဆင္နယ္

ပရီးမီးယားလိဂ္ပြဲစဥ္(၁၁)တနဂၤေႏြေန႔ပြဲတစ္ပြဲျဖစ္တဲ့ အာဆင္နယ္-ဝက္ဖို႔ဒ္တို႔ရဲ႕ပြဲမွာ အာဆင္နယ္အသင္းက လူငယ္တိုက္စစ္ကစားသမားစမစ္႐ိုးရဲ႕တစ္လုံးတည္းေသာဂိုးနဲ႔အတူ အႏိုင္ယူခဲ့ၿပီး အခုဆိုရင္ အမွတ္ေပးဇယားမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေက်ာ္ျဖတ္ၿပီးေတာ့ ရမွတ္(၂၀)နဲ႔အဆင့္(၅)ေနရာအထိ တက္လွမ္းႏိုင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရာသီအဖြင့္(၃)ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီး ၁၉၅၄ ခုႏွစ္ေနာက္ပိုင္း အဆိုး႐ြားဆုံးရာသီအစမွတ္တမ္းနဲ႔ရင္ဆိုင္ခဲ့ရတဲ့ အာဆင္နယ္အသင္းဟာ ပြဲစဥ္(၃)အျဖစ္ မန္စီးတီးအသင္းကို(၅-၀)ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးကတည္းက အခုအခ်ိန္အထိ ေတာက္ေလွ်ာက္ရႈံးပြဲမရွိေတာ့ဘဲ ေျခစြမ္းျပကစားေနၿပီး ပရီးမီးယားလိဂ္ေနာက္ဆုံး(၈)ပြဲမွာ (၆)ပြဲႏိုင္၊ (၂)ပြဲသေရက်ခဲ့ပါတယ္။

ဒါ့အျပင္ ၿပိဳင္ပြဲစုံ(၁၀)ပြဲဆက္တိုက္ရႈံးပြဲမရွိခဲ့ဘဲ (၈)ပြဲႏိုင္၊ (၂)ပြဲသေရကစားခဲ့တာေၾကာင့္ ရာသီအစတုန္းက ရာထူးကအထုတ္ခံရဖို႔အထိနီးစပ္ခဲ့တဲ့ အာတီတာအတြက္ လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္လာခဲ့ၿပီလို႔ဆိုရမွာပါ။

ဝက္ဖို႔ဒ္နဲ႔ပြဲဟာ အာတီတာရဲ႕အာဆင္နယ္နည္းျပဘဝပြဲ(၁၀၀)ျပည့္ျဖစ္ခဲ့သလို (၅၄)ပြဲအထိအႏိုင္ရခဲ့ၿပီး အာဆင္နယ္နည္းျပေတြထဲမွာ ပြဲ(၁၀၀)အၿပီး အာတီတာထက္ ႏိုင္ပြဲပိုရခဲ့တာက နာမည္ေက်ာ္နည္းျပေဟာင္းေဂ်ာ့ခ်္ဂေရဟမ္(၅၆ပြဲ)တစ္ဦးသာရွိပါေတာ့တယ္။

အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္(၃)ပြဲဆက္ႏိုင္ပြဲအတြက္ ပုံေဖာ္ခဲ့သူ စမစ္႐ိုးဟာ ၿပီးခဲ့တဲ့လက္စတာ၊ အက္စတြန္ဗီလာတို႔နဲ႔ပြဲမွာလည္းဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ အသင္းနာမည္ေက်ာ္ကစားသမားေဟာင္းေတြျဖစ္တဲ့ အနယ္လ္ကာ၊ ေရးယက္စ္၊ ဖာဘရီဂတ္စ္တို႔ၿပီးရင္ ပရီးမီးယားလိဂ္(၃)ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့တဲ့ စတုတၳေျမာက္ အသက္(၂၁)ႏွစ္နဲ႔ေအာက္ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

စမစ္႐ိုး၊ အာတီတာတို႔ မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့ခ်ိန္မွာ ၀ါရင့္တိုက္စစ္မႉးအူဘာမီယန္းကေတာ့ ကံမေကာင္းခဲ့ဘဲ ပယ္နယ္တီလြဲေခ်ာ္ခဲ့တဲ့အတြက္ ပယ္နယ္တီ(၁၃)ႀကိမ္မွာ(၄)ႀကိမ္ေျမာက္လြဲေခ်ာ္ခဲ့တာျဖစ္လို႔ ဂႏၴဝင္တိုက္စစ္မႉးအီယန္႐ိုက္(၆ႀကိမ္)ၿပီးရင္

လြဲေခ်ာ္မႈအမ်ားဆုံးကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ၿပီး ပယ္နယ္တီကာကြယ္ခဲ့တဲ့ ဝက္ဖို႔ဒ္ဂိုးသမားေဖာ္စတာကေတာ့ အသက္(၃၈)ႏွစ္၊ (၂၁၈)ရက္နဲ႔ ဂစ္ဗင္း(၄ဝႏွစ္၊ ၁၂၉ရက္-စတုတ္နဲ႔အဲဗာတန္/၂၀၁၆)ေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ပယ္နယ္တီကာကြယ္ႏိုင္ခဲ့တဲ့ အသက္အႀကီးဆုံးဂိုးသမားအျဖစ္ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။