အာတီတာကို သတိရနေလားဆိုတဲ့ မေးခွန်းတွေအပေါ်ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်တဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးဟာ လက်ထောက်နည်းပြဟောင်း အာတီတာမရှိပဲ ရှေ့ဆက်နေပြီဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်နည်းပြအဖြစ်စတင်တာဝန်ယူပြီးနောက် ပထမဆုံးနိုင်ပွဲအဖြစ် မန်ယူနိုက်တက်ကို ၂ – ၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ အာတီတာအာဆင်နယ်ကို အကောင်းဘက်ရောက်လာအောင် စွမ်းဆောင်လာနိုင်ခဲ့ပြီလို့ မီဒီယာတွေက သုံးသပ်ခဲ့ကြတာပါ။ဂွာဒီယိုလာဟာ အာတီတာကို ရာသီကုန်အထိဆက်လက်ရှိနေစေချင်ခဲ့ပေမယ့် အူနိုင်းအမ်မရီကို ထုတ်ပယ်ခဲ့တဲ့ အာဆင်နယ်ကို ကိုင်တွယ်ဖို့ အာတီတာထွက်ခွာသွားချိန်မှာတော့ အကြပ်ရိုက်ခဲ့ရပါတယ်။

မန်စီးတီးဟာ ယခင်တစ်ပတ်က ဝုလ်ဗ်ကို အံ့အားသင့်ဖွယ်ရှုံးနိမ့်မှုအပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မျှော်လင့်ချက်ကုန်ဆုံးလုနီးနီး ဖြစ်ခဲ့ရပေမယ့် ရှက်ဖီးယူနိုက်တက်နဲ့ အဲဗာတန်ကို၂ ပွဲဆက်အနိုင်ယူကာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့တာပါ။လက်ထောက်နည်းပြဟောင်း အာတီတာကို သတိရနေပြီလားဆိုတဲ့ မေးခွန်းကိုဂွာဒီယိုလာက ((((အာတီတာကအခုချိန်မှာအာဆင်နယ်နည်းပြဖြစ်နေပါပြီ။ ကျွန်တော်တို့ရဲ့ တနေ့ချင်းစီ ပုံမှန်အလုပ်တွေနဲ့လုပ်နည်းလုပ်ဟန်တွေကိုပြန်လည်ထိန်းညှိပြီးပြီဖြစ်လို့ ပြဿနာမရှိပါဘူး))) လို့ ခပ်ပြတ်ပြတ် ပြောသွားခဲ့တာပါ။


မန်စီးတီးဟာ လီဗာပူးရဲ့ မယုံနိုင်စရာ နိုင်ပွဲဆက်စံချိန်တွေကြောင့် အမှတ်ပေးဇယားမှာ တပွဲလျော့ ၁၄ မှတ်ဖြတ် ဦးဆောင်ထားခြင်းကို ခံထားရတာလည်းဖြစ်ပါတယ်။