အာဏာသိမ်းမှုကြောင့် ဂီနီနိုင်ငံမှာ ပိတ်မိနေတဲ့ နာဘီကီတာကို ပြန်လည်ခေါ်ယူနိုင်ဖို့ လီဗာပူးလ်ကြိုးပမ်းနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ်အသင်းဟာ ဂီနီနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် ပိတ်မိနေတဲ့ သူတို့အသင်းကစားသမားနာဘီကီတာကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့အတွက် အပူတပြင်းကြိုးပမ်းနေပါတယ်။

နာဘီကီတာအပါအဝင် ဂီနီလက်ရွေးစင်ကစားသမားတွေဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မော်ရိုကိုနဲ့ကစားဖို့အတွက် ဂီနီနိုင်ငံ၊ Conakry မြို့ကို ရောက်ရှိနေချိန်မှာ ဂီနီနိုင်ငံအတွင်း အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့တာကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရသလို

မော်ရိုကိုအသင်းကစားသမားတွေကိုတော့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ တာဝန်ရှိသူတွေက ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

မော်ရိုကိုအသင်းနည်းပြဟာလီဟိုဇစ်ကတော့ Conakry မြို့အတွင်းမှာ သေနတ်သံတွေကို တစ်နေ့လုံးကြားနေရတယ်လို့ ပြင်သစ်သတင်းစာ L’Equipe နဲ့ အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ နာဘီကီတာရဲ့လုံခြုံရေးအတွက် စိုးရိမ်နေပြီး ဗြိတိန်နိုင်ငံကို အမြန်ဆုံးပြန်ရောက်လာအောင်ကြိုးစားနေသလို နည်းပြယာဂန်ကလော့ပ်နဲ့တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့(၄၈)နာရီအတွင်း နာဘီကီတာဆီ မကြာခဏဆက်သွယ်စကားပြောခဲ့ကြပါတယ်။

နာဘီကီတာအနေနဲ့ အခုလောလောဆယ် ဘာမှအန္တရာယ်မရှိဘဲ လုံခြုံစိတ်ချရတဲ့အနေအထားမှာရှိနေပေမယ့် လီဗာပူးလ်အသင်းကတော့ အသင်းဆီ နာဘီကီတာ ပြန်ရောက်လာမှပဲ စိတ်အေးနိုင်မှာပါ။

ဂီနီနိုင်ငံက လေဆိပ်ပိတ်ထားတာကြောင့် နာဘီကီတာဟာ နိုင်ငံထဲကနေထွက်ခွင့်ရဖို့ မသေချာသေးပေမယ့် လီဗာပူးလ်အသင်းက နာဘီကီတာကို သွားရောက်ခေါ်ဆောင်ဖို့အတွက် သီးသန့်ဂျက်လေယာဉ်တစ်စင်းစီစဉ်ထားပြီး

အခြေအနေကောင်းတာနဲ့တစ်ပြိုင်နက် ဂီနီနိုင်ငံကနေ နာဘာီကီတာကို သွားရောက်ကယ်ထုတ်မှာပဲဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့တာဝန်ရှိသူတစ်ဦးက “နာဘီကီတာဟာ ဘေးကင်းကင်းနဲ့လုံလုံခြုံခြုံရှိနေလို့ ကျွန်တော်တို့ စိတ်နည်းနည်းအေးရပါတယ်။

အခုအချိန်မှာ အခြေအနေတွေက မတည်ငြိမ်သေးပါဘူး။

နာဘီကီတာကို လီဗာပူးလ်အသင်းဆီ အန္တရာယ်ကင်းကင်းနဲ့ အချိန်မီ ပြန်ခေါ်လာဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ မကြာခဏဆွေးနွေးတိုင်ပင်နေပြီဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဏာသိမ္းမႈေၾကာင့္ ဂီနီႏိုင္ငံမွာ ပိတ္မိေနတဲ့ နာဘီကီတာကို ျပန္လည္ေခၚယူႏိုင္ဖို႔ လီဗာပူးလ္ႀကိဳးပမ္းေန

လီဗာပူးလ္အသင္းဟာ ဂီနီႏိုင္ငံမွာ အာဏာသိမ္းမႈေၾကာင့္ ပိတ္မိေနတဲ့ သူတို႔အသင္းကစားသမားနာဘီကီတာကို ျပန္လည္ေခၚေဆာင္ႏိုင္ဖို႔အတြက္ အပူတျပင္းႀကိဳးပမ္းေနပါတယ္။ နာဘီကီတာအပါအဝင္ ဂီနီလက္ေ႐ြးစင္ကစားသမားေတြဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ေမာ္႐ိုကိုနဲ႔ကစားဖို႔အတြက္ ဂီနီႏိုင္ငံ၊ Conakry ၿမိဳ႕ကို ေရာက္ရွိေနခ်ိန္မွာ ဂီနီႏိုင္ငံအတြင္း အာဏာသိမ္းမႈျဖစ္ေပၚခဲ့တာေၾကာင့္ ပြဲေ႐ႊ႕ဆိုင္းခဲ့ရသလို ေမာ္႐ိုကိုအသင္းကစားသမားေတြကိုေတာ့ ၿပီးခဲ့တဲ့တနဂၤေႏြေန႔မွာ တာဝန္ရွိသူေတြက ကယ္ထုတ္ႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ေမာ္႐ိုကိုအသင္းနည္းျပဟာလီဟိုဇစ္ကေတာ့ Conakry ၿမိဳ႕အတြင္းမွာ ေသနတ္သံေတြကို တစ္ေန႔လုံးၾကားေနရတယ္လို႔ ျပင္သစ္သတင္းစာ L’Equipe နဲ႔ အင္တာဗ်ဴးမွာေျပာၾကားခဲ့ပါတယ္။ အဲဒါေၾကာင့္ လီဗာပူးလ္အသင္းဟာ နာဘီကီတာရဲ႕လုံၿခဳံေရးအတြက္ စိုးရိမ္ေနၿပီး ၿဗိတိန္ႏိုင္ငံကို အျမန္ဆုံးျပန္ေရာက္လာေအာင္ႀကိဳးစားေနသလို နည္းျပယာဂန္ကေလာ့ပ္နဲ႔တာဝန္ရွိသူေတြဟာ ၿပီးခဲ့တဲ့(၄၈)နာရီအတြင္း နာဘီကီတာဆီ မၾကာခဏဆက္သြယ္စကားေျပာခဲ့ၾကပါတယ္။

နာဘီကီတာအေနနဲ႔ အခုေလာေလာဆယ္ ဘာမွအႏၲရာယ္မရွိဘဲ လုံၿခဳံစိတ္ခ်ရတဲ့အေနအထားမွာရွိေနေပမယ့္ လီဗာပူးလ္အသင္းကေတာ့ အသင္းဆီ နာဘီကီတာ ျပန္ေရာက္လာမွပဲ စိတ္ေအးႏိုင္မွာပါ။ ဂီနီႏိုင္ငံက ေလဆိပ္ပိတ္ထားတာေၾကာင့္ နာဘီကီတာဟာ ႏိုင္ငံထဲကေနထြက္ခြင့္ရဖို႔ မေသခ်ာေသးေပမယ့္ လီဗာပူးလ္အသင္းက နာဘီကီတာကို သြားေရာက္ေခၚေဆာင္ဖို႔အတြက္ သီးသန႔္ဂ်က္ေလယာဥ္တစ္စင္းစီစဥ္ထားၿပီး အေျခအေနေကာင္းတာနဲ႔တစ္ၿပိဳင္နက္ ဂီနီႏိုင္ငံကေန နာဘာီကီတာကို သြားေရာက္ကယ္ထုတ္မွာပဲျဖစ္ပါတယ္။ လီဗာပူးလ္အသင္းရဲ႕တာဝန္ရွိသူတစ္ဦးက “နာဘီကီတာဟာ ေဘးကင္းကင္းနဲ႔လုံလုံၿခဳံၿခဳံရွိေနလို႔ ကြၽန္ေတာ္တို႔ စိတ္နည္းနည္းေအးရပါတယ္။ အခုအခ်ိန္မွာ အေျခအေနေတြက မတည္ၿငိမ္ေသးပါဘူး။ နာဘီကီတာကို လီဗာပူးလ္အသင္းဆီ အႏၲရာယ္ကင္းကင္းနဲ႔ အခ်ိန္မီ ျပန္ေခၚလာဖို႔အတြက္ သက္ဆိုင္ရာတာဝန္ရွိသူေတြနဲ႔ မၾကာခဏေဆြးေႏြးတိုင္ပင္ေနၿပီျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။