ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှာ ပြောင်းလဲမှုတွေအများကြီးဖြစ်လာတော့မယ့် အာဆင်နယ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်မှာ အခြေအနေဆိုးနေပြီး ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့ အတော်လေး အဆင်မပြေဖြစ်နေတဲ့ အာဆင်နယ်အသင်းဟာ

လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမား ၆ဦး ကို ရောင်းထုတ်ပြီး ပေါင်သန်း ၁၂၀ လောက်ရှာဖွေသွားဖို့ ရှိနေပါတယ်။

ရောင်းချရတဲ့ ငွေကြေးကနေ နည်းပြ အာတီတာဟာ အသင်းကို အင်အားပိုတောင့်တင်းလာအောင်လုပ်ဆောင်သွားဖို့လည်း ရည်ရွယ်ထားတာပါ။

အာဆင်နယ်ဟာ ဒီရာသီမှာ အသင်းရဲ့ အဓိကတိုက်စစ်မှုးဖြစ်တဲ့ အသက် ၂၉နှစ်ရှိ လာကာဇက်တီကိုလည်း စာချုပ်သက်တမ်း နောက်ဆုံးနှစ်ရောက်ရှိနေတဲ့အချိန်မှာ ရောင်ထုတ်ချင်နေပြီး

ကစာသမားကိုယ်တိုင်ကလည်း စာချုပ်သစ်ချုပ်ဖို့ မရေမရာဖြစ်နေတဲ့ အသင်းကနေ ထွက်ခွာချင်နေတာပါ။

လာကာဇက်တီနဲ့အတူ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ နေးလ်၊ နီကီတာ၊ အငှားချထားတဲ့ ၈ွမ်ဒူဇီနဲ့ တော်ရဲရား၊ နောက်ခံလူ ဘယ်လာရင် တို့ကို ရောင်းချလိုနေပြီး ဒီကစားသမားတွေ ရောင်ချခြင်းဆီကနေ ပေါင် သန်း ၁၂၀ ဝန်းကျင်ပြန်ရဖို့ မျှော်လင့်ထားတာပါ။

အာဆင်နယ်အနေနဲ့ ရီးရဲလ်ကနေ အငှားလာကစားပြီး ခြေစွမ်းပြနေတဲ့ အိုဒီဂတ်ကို အပြီးသတ်ခေါ်ယူချင်နေသလို အင်တာမီလန်နောက်ခံလူ ဟာကင်မီ ကိုလည်း အရခေါ်ယူချင်နေတာပါ။

ဒါပေမယ့် အသင်းအနေနဲ့ ၂၀၁၉-၂၀ မတ်လကနေစပြီး ကိုဗစ်ကပ်ရောဂ် ရိုက်ခတ်မှုကြောင့် ကွင်းဝင်ကြေး ဆုံးရွှုံးနစ်နာတာတွေအပါအဝင် အခွန်ငွေ ပေးဆောင်အပြီး ပေါင် ၄၇.၈သန်း အရှုံးပေါ်ထားတဲ့အတွက်

ကစားသမားသစ်တွေ အားဖြည့်ဖို့ ရှိနေတဲ့ ကစားသမားတွေကို ထုတ်ရောင်းပြီးမှသာ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အဲဗာတန်ကိ ရှုံးနိမ့်သွားတဲ့ ပွဲစဉ်မတိုင်ခင် အသင်းပရီသတ်တွေက အာဆင်နယ်ကို ဥရောပစူပါလိဂ်ကို ဆွဲသွင်းခဲ့တဲ့ အသင်းပိုင်ရှင် ခရိုအန်ကီကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အသင်းကို ရောင်းချဖို့ တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိမှာ အာဆင်နယ်အသင်းကို ဝယ်ယူချင်နေတဲ့ ဆွီဒင်က အွန်လိုင်းစတူဒီယို Spotify သူဌေး ဒယ်နီယယ်အိခ်က အသင်း၈န္ထဝင်ကစားသမားဟောင်းေွဖြစ်တဲ့

အသင်းခေါင်းဆောင်ဟောင်း ဗီအဲရာ၊ တိုက်စစ်မှုးအွန်နရီ၊ ဒင်းနစ်ဘားကမ့် တို့နဲ့ပေါင်ပြီး ပြန်လည်ဝယ်ယူဖို့ ကြိုးစားနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

(Zawgyi Version)

ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှာ ပြောင်းလဲမှုတွေအများကြီးဖြစ်လာတော့မယ့် အာဆင်နယ်… လာကာဇက်တီနဲ့ ဘယ်လာရင်အပါအဝင် ကစားသမား ၆ဦးထက်မနည်း ရုံခါရောင်းချ တော့မယ်




လက်ရှိမှာ အာဆင်နယ်အသင်းကို ဝယ်ယူချင်နေတဲ့ ဆွီဒင်က အွန်လိုင်းစတူဒီယို Spotify သူဌေး ဒယ်နီယယ်အိခ်က အသင်း၈န္ထဝင်ကစားသမားဟောင်ွးေဖြစ်တဲ့ အသင်းခေါင်းဆောင်ဟောင်း ဗီအဲရာ၊ တိုက်စစ်မှုးအွန်နရီ၊ ဒင်းနစ်ဘားကမ့် တို့နဲ့ပေါင်ပြီး ပြန်လည်ဝယ်ယူဖို့ ကြိုးစားနေပါတယ်။