အာဆင်နယ် အသင်းသားတွေရဲ့ မျက်နှာကို ဖြတ်ရိုက်ပစ်ဖို့ လိုနေပြီလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ ဆလားဗီးယားပရပ်ဂ်ကို တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့ပြီးတဲ့နောက် အာဆင်နယ်ကစားသမားဟောင်း မာတင်ကီအွန်က အာဆင်နယ်ကစားသမားတွေရဲ့ မျက်နှာကို တစ်ယောက်ယောက်ကဆော်ပလော်တီးဖို့ လိုအပ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ဟာ ၈၆ မိနစ်မှာ ဦးဆောင်ဂိုးရခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ချေပဂိုးပြန်ပေးခဲ့ရလို့ ဒုတိယအကျော့ကို ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ ဆလားဗီးယားကတော့အဝေးဂိုးရရှိခဲ့လို့ အခွင့်သာတဲ့ အနေအထားမျိုးပါ။

အာဆင်နယ်အသင်းဟာအခုဆို မှတ်တမ်းဆိုးတစ်ခုကို ပိုင်ဆိုင်သွားခဲ့ရပါပြီ။ ဇန်နဝါရီ ၃၁ ရက်နေ့က ယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်နောက်ပိုင်းမှာ အာဆင်နယ်အသင်းဟာ ဂိုးမပေးရတဲ့ပွဲစဉ် လုံးဝမရှိတဲ့အထိဖြစ်လာပါတယ်။

အခုဆို အာဆင်နယ်ဟာ ခံစစ်ပိုင်းညံ့ဖျင်းမှုကြောင့် ပြိုင်ပွဲစုံမှာ ဂိုးပေးနေရတာ ၁၄ ပွဲဆက်တိုက် ရှိနေခဲ့ပြီဖြစ်ပါတယ်။ကီအွန်က ”အာဆင်နယ်က ကောင်းကောင်းစကစားနိုင်ဖို့ဆို ပြန်လည်နိုးထဖို့လိုအပ်နေပါပြီ။”

“ကစားသမားတွေကို မင်းတို့ကစားနိုင်ရဲ့လားလို့ မေးရမယ့် အချိန်ပါ။ အာဆင်နယ်က တက်ကြွတဲ့ပုံမျိုးမှာ မရှိသလိုပါပဲ၊ ပွဲမတိုင်ခင်မှာ သူတို့နိုးကြားနေစေဖို့ တစ်ယောက်ယောက်က သူတို့မျက်နှာကိုဖြတ်ရိုက်တာ ဒါမှမဟုတ် ထိုးကြိတ်တာမျိုးလုပ်ဖို့ လိုအပ်နေပါတယ်” လို့ပြောဆိုပါတယ်။

လာမယ့် တနင်္ဂနွေညမှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအောက်ဆုံးနေရာက ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းမှာသွားရောက်ကစားရမှာဖြစ်တာကြောင့် အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်ဖို့ ဘာတွေပြင်ဆင်သွားမလဲဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္ အသင္းသား​ေတြရဲ႕ မ်က္ႏွာကို ျဖတ္႐ိုက္ပစ္ဖို႔ လို​ေနၿပီလား

ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္မွာ ဆလားဗီးယားပရပ္ဂ္ကို တစ္ဂိုးစီသေရသာ ကစားႏိုင္ခဲ့ၿပီးတဲ့ေနာက္ အာဆင္နယ္ကစားသမားေဟာင္း မာတင္ကီအြန္က အာဆင္နယ္ကစားသမားေတြရဲ႕ မ်က္ႏွာကို တစ္ေယာက္ေယာက္က​​ေဆာ္ပ​ေလာ္တီးဖို႔ လိုအပ္ေနၿပီလို႔ ေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္ဟာ ၈၆ မိနစ္မွာ ဦးေဆာင္ဂိုးရခဲ့ေပမယ့္ နာက်င္အခ်ိန္ပိုမွာ ေခ်ပဂိုးျပန္ေပးခဲ့ရလို႔ ဒုတိယအေက်ာ့ကို ႐ုန္းကန္ရေတာ့မွာျဖစ္ပါတယ္။ ဆလားဗီးယားကေတာ့အေဝးဂိုးရရွိခဲ့လို႔ အခြင့္သာတဲ့ အ​ေနအထားမ်ိဳးပါ။

အာဆင္နယ္အသင္းဟာအခုဆို မွတ္တမ္းဆိုးတစ္ခုကို ပိုင္ဆိုင္သြားခဲ့ရပါၿပီ။ ဇန္နဝါရီ ၃၁ ရက္ေန႔က ယူႏိုက္တက္အသင္းကို တစ္ဂိုး ဂိုးမရွိနဲ႔အႏိုင္ရခဲ့တဲ့ ပြဲစဥ္ေနာက္ပိုင္းမွာ အာဆင္နယ္အသင္းဟာ ဂိုးမေပးရတဲ့ပြဲစဥ္ လုံးဝမရွိတဲ့အထိျဖစ္လာပါတယ္။

အခုဆို အာဆင္နယ္ဟာ ခံစစ္ပိုင္းညံ့ဖ်င္းမႈေၾကာင့္ ၿပိဳင္ပြဲစုံမွာ ဂိုးေပးေနရတာ ၁၄ ပြဲဆက္တိုက္ ရွိေနခဲ့ၿပီျဖစ္ပါတယ္။ကီအြန္က ”အာဆင္နယ္က ေကာင္းေကာင္းစကစားႏိုင္ဖို႔ဆို ျပန္လည္ႏိုးထဖို႔လိုအပ္ေနပါၿပီ။”

“ကစားသမားေတြကို မင္းတို႔ကစားႏိုင္ရဲ႕လားလို႔ ေမးရမယ့္ အခ်ိန္ပါ။ အာဆင္နယ္က တက္ႂကြတဲ့ပုံမ်ိဳးမွာ မရွိသလိုပါပဲ၊ ပြဲမတိုင္ခင္မွာ သူတို႔ႏိုးၾကားေနေစဖို႔ တစ္ေယာက္ေယာက္က သူတို႔မ်က္ႏွာကိုျဖတ္႐ိုက္တာ ဒါမွမဟုတ္ ထိုးႀကိတ္တာမ်ိဳးလုပ္ဖို႔ လိုအပ္ေနပါတယ္” လို႔​ေျပာဆိုပါတယ္။

လာမယ့္ တနဂၤေႏြညမွာေတာ့ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားေအာက္ဆုံးေနရာက ရွက္ဖီးယူႏိုက္တက္ကို အေဝးကြင္းမွာသြားေရာက္ကစားရမွာျဖစ္တာ​ေၾကာင့္ အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ရလဒ္ဆိုးေတြကေန ႐ုန္းထြက္ႏိုင္ဖို႔ ဘာေတြျပင္ဆင္သြားမလဲဆိုတာ ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။