အာဆင်နယ် ကစားသမား ဖြစ်လာတော့မယ့် ရီးရဲမက်ဒရစ် ကြယ်ပွင့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းဟာ ရီးရဲမက်ဒရစ် အသင်းရဲ့ နော်ဝေ ကြယ်ပွင့် အိုဒီဂတ်ကို ခေါ်ယူဖို့ နီးစပ်နေပါတယ်။ အသက် ( ၂၂ ) နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲဆိုစီဒက်စ်အသင်းမှာ အငှားသွားရောက် ကစားခဲ့ပြီး ဒီရာသီမှာ ဇီဒန်းရဲ့ အသင်းအတွက် လာလီဂါ ပွဲစဉ် ( ၃ ) ပွဲသာ ပွဲထွက်ခွင့်ရထားပါတယ်။

ယခုလို ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့အတွက် အိုဒီဂတ်က ရီးရဲမက်ဒရစ်အသင်းထံ အသင်းပြောင်းရွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ လက်စတာ စီးတီးအသင်းကလည်း ကွင်းလယ် တိုက်စစ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် Sky Sports အရ လက်စတာအနေနဲ့ ခေါ်ယူခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဂန်းနားတို့က လက်ရှိဇန်နဝါရီ အပြောင်းအရွေ့မှာ ခေါ်ယူဖို့ နီးစပ်နေပြီး AS သတင်းစာအရ အပြီးသတ်ခေါ်ယူနိုင်ဖို့ တစ်ဆင့်သာ ကျန်ရှိနေတယ်လို့ သိရပါတယ်။ AS က အဆိုပါ အပြောင်းအရွေ့ဟာ နာရီပိုင်းအတွင်း အပြီးသတ်နိုင်ဖို့ရှိပြီး ရီးရဲမက်ဒရစ်အသင်းက ဇွန်လကုန်ထိ အငှားချလိုကြောင်း သိရပါတယ်။ 

နော်ဝေကြယ်ပွင့်ဟာ အပြောင်းအရွေ့အဆုံးသတ်နိုင်ဖို့ ယနေ့ ပြုလုပ်တဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။ Source : The Sun

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အာဆင္နယ္ ကစားသမား ျဖစ္လာေတာ့မယ့္ ရီးရဲမက္ဒရစ္ ၾကယ္ပြင့္

အာဆင္နယ္အသင္းဟာ ရီးရဲမက္ဒရစ္ အသင္းရဲ႕ ေနာ္ေဝ ၾကယ္ပြင့္ အိုဒီဂတ္ကို ေခၚယူဖို႔ နီးစပ္ေနပါတယ္။ အသက္ ( ၂၂ ) ႏွစ္အ႐ြယ္ ကစားသမားဟာ ၿပီးခဲ့တဲ့ ရာသီက ရီးရဲဆိုစီဒက္စ္အသင္းမွာ အငွားသြားေရာက္ ကစားခဲ့ၿပီး ဒီရာသီမွာ ဇီဒန္းရဲ႕ အသင္းအတြက္ လာလီဂါ ပြဲစဥ္ ( ၃ ) ပြဲသာ ပြဲထြက္ခြင့္ရထားပါတယ္။ ယခုလို ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့အတြက္ အိုဒီဂတ္က ရီးရဲမက္ဒရစ္အသင္းထံ အသင္းေျပာင္းေ႐ြ႕ခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

လက္စတာ စီးတီးအသင္းကလည္း ကြင္းလယ္ တိုက္စစ္ကစားသမားကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ Sky Sports အရ လက္စတာအေနနဲ႔ ေခၚယူျခင္းမျပဳဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။ ဂန္းနားတို႔က လက္ရွိဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာ ေခၚယူဖို႔ နီးစပ္ေနၿပီး AS သတင္းစာအရ အၿပီးသတ္ေခၚယူႏိုင္ဖို႔ တစ္ဆင့္သာ က်န္ရွိေနတယ္လို႔ သိရပါတယ္။

AS က အဆိုပါ အေျပာင္းအေ႐ြ႕ဟာ နာရီပိုင္းအတြင္း အၿပီးသတ္ႏိုင္ဖို႔ရွိၿပီး ရီးရဲမက္ဒရစ္အသင္းက ဇြန္လကုန္ထိ အငွားခ်လိုေၾကာင္း သိရပါတယ္။ ေနာ္ေဝၾကယ္ပြင့္ဟာ အေျပာင္းအေ႐ြ႕အဆုံးသတ္ႏိုင္ဖို႔ ယေန႔ ျပဳလုပ္တဲ့ ရီးရဲမက္ဒရစ္အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ကို လြဲေခ်ာ္ခဲ့ပါတယ္။ Source : The Sun