အာဆင်နယ်အသင်းအတွက်ခြေစွမ်းပြနေတဲ့ စမစ်ရိုး နိုင်ငံအသင်းမှာပထမဆုံးအကြိမ်ရွေးချယ်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုနောက်ပိုင်းပွဲတွေမှာ အာဆင်နယ်အသင်းအတွက်ခြေစွမ်းပြကစားနေတဲ့ အင်္ဂလန်လူငယ်တိုက်စစ်ကစားသမားစမစ်ရိုးဟာ အင်္ဂလန်အသင်းကြီးအတွက် ပထမဆုံးအကြိမ်ရွေးချယ်ခံလိုက်ရပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဝက်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသောဂိုးသွင်းယူခဲ့တာအပါအဝင် ပရီးမီးယားလိဂ်(၃)ပွဲဆက်ဂိုးသွင်းခဲ့တဲ့ စမစ်ရိုးဟာ အင်္ဂလန်ယူ-၂၁ အသင်းနဲ့အတူ အခုတစ်ပတ်အတွင်းလေ့ကျင့်ခန်းဆင်းဖို့ပြင်ဆင်နေတာဖြစ်ပေမယ့်

အင်္ဂလန်စီနီယာအသင်းမှာ ရပ်ရှ်ဖို့ဒ်၊ ဝက်ဒ်ပရောက်စ်၊ မေဆင်မောင့်၊ လုခ်ရှောတို့ဟာ ဒဏ်ရာတွေရှေိနေတဲ့အတွက် နည်းပြဆောက်ဂိတ်ဟာ စမစ်ရိုးကို လက်ရွေးစင်အသင်းကြီးအတွက်ရွေးချယ်ခဲ့တာပါ။

အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ စမစ်ရိုးဟာ အသင်းအတွက်နောက်ဆုံးကစားခဲ့တဲ့(၈)ပွဲမှာ (၅)ဂိုးအထိသွင်းယူခဲ့ပေမယ့် အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က အယ်လ်ဘေးနီးယား၊

ဆန်မာရီနိုတို့နဲ့ကစားမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကနဦးထုတ်ပြန်တဲ့စာရင်းမှာ စမစ်ရိုးကို မရွေးခဲ့လို့ အ့ံအားသ့င်စရာဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ စမစ်ရိုးဟာ လက်ရွေးစင်အသင်းကြီးအတွက်ပါဝင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

စမစ်ရိုးက “ကျွန်တော့်အတွက်ကတော့ ကလပ်အသင်းအတွက်ကစားခွင့်ရတဲ့ပွဲတိုင်းမှာခြေစွမ်းပြကစားနိုင်ဖို့က အရေးကြီးဆုံးဖြစ်ပြီး

တကယ်လို့ အင်္ဂလန်အသင်းမှာ ဘယ်သူ့အစားပဲဖြစ်ဖြစ် ရွေးချယ်ခံရမယ်ဆိုရင် အရမ်းပျော်ရွှင်မိမှာပါ”လို့ ဝက်ဖို့ဒ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်ဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိတဲ့အတွက် ကလပ်အသင်းမှာပဲ ဆက်လက်နေထိုင်ရမှာဖြစ်ပြီး

ဆောက်သမ်တန်ကွင်းလယ်လူဝက်ဒ်ပရောကစ်ကတော့ အဖျားဝေဒနာခံစားနေရတာကြောင့် အင်္ဂလန်အသင်းအတွက်ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

မေဆင်မောင့်ကတော့ မကြာသေးခင်က သူ့ရဲ့’သွား’ကို ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့အတွက် လာမယ့်ရက်တွေအတွင်း

သူ့အခြေအနေကို စောင့်ကြည့်သွားမှာဖြစ်ပြီး လုခ်ရှောကလည်း မန်ချက်စတာဒါဘီပွဲမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့လို့ အင်္ဂလန်အသင်းမှာပါဝင်ကစားဖို့မသေချာသေးတဲ့အနေအထားပါပဲ။

အင်္ဂလန်အသင်းဟာ နိုဝင်ဘာ(၁၂၊ ၁၅)ရက်တွေမှာ အယ်လ်ဘေးနီးယား၊ ဆန်မာရီနိုတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်ရင်ဆိုင်ရမှာဖြစ်ပြီး (၁)ပွဲနိုင်ရင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္အသင္းအတြက္ေျခစြမ္းျပေနတဲ့ စမစ္႐ိုး ႏိုင္ငံအသင္းမွာပထမဆုံးအႀကိမ္ေ႐ြးခ်ယ္ခံရ

အခုေနာက္ပိုင္းပြဲေတြမွာ အာဆင္နယ္အသင္းအတြက္ေျခစြမ္းျပကစားေနတဲ့ အဂၤလန္လူငယ္တိုက္စစ္ကစားသမားစမစ္႐ိုးဟာ အဂၤလန္အသင္းႀကီးအတြက္ ပထမဆုံးအႀကိမ္ေ႐ြးခ်ယ္ခံလိုက္ရၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ဝက္ဖို႔ဒ္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္လုံးတည္းေသာဂိုးသြင္းယူခဲ့တာအပါအဝင္ ပရီးမီးယားလိဂ္(၃)ပြဲဆက္ဂိုးသြင္းခဲ့တဲ့ စမစ္႐ိုးဟာ အဂၤလန္ယူ-၂၁ အသင္းနဲ႔အတူ အခုတစ္ပတ္အတြင္းေလ့က်င့္ခန္းဆင္းဖို႔ျပင္ဆင္ေနတာျဖစ္ေပမယ့္ အဂၤလန္စီနီယာအသင္းမွာ ရပ္ရွ္ဖို႔ဒ္၊ ဝက္ဒ္ပေရာက္စ္၊ ေမဆင္ေမာင့္၊ လုခ္ေရွာတို႔ဟာ ဒဏ္ရာေတြေရွိေနတဲ့အတြက္ နည္းျပေဆာက္ဂိတ္ဟာ စမစ္႐ိုးကို လက္ေ႐ြးစင္အသင္းႀကီးအတြက္ေ႐ြးခ်ယ္ခဲ့တာပါ။

အသက္(၂၁)ႏွစ္အ႐ြယ္သာရွိေသးတဲ့ စမစ္႐ိုးဟာ အသင္းအတြက္ေနာက္ဆုံးကစားခဲ့တဲ့(၈)ပြဲမွာ (၅)ဂိုးအထိသြင္းယူခဲ့ေပမယ့္ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က အယ္လ္ေဘးနီးယား၊ ဆန္မာရီႏိုတို႔နဲ႔ကစားမယ့္ကမာၻ႔ဖလားေျခစစ္ပြဲအတြက္ ကနဦးထုတ္ျပန္တဲ့စာရင္းမွာ စမစ္႐ိုးကို မေ႐ြးခဲ့လို႔ အ့ံအားသ့င္စရာျဖစ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ စမစ္႐ိုးဟာ လက္ေ႐ြးစင္အသင္းႀကီးအတြက္ပါဝင္ခြင့္ရရွိခဲ့ၿပီျဖစ္ပါတယ္။

စမစ္႐ိုးက “ကြၽန္ေတာ့္အတြက္ကေတာ့ ကလပ္အသင္းအတြက္ကစားခြင့္ရတဲ့ပြဲတိုင္းမွာေျခစြမ္းျပကစားႏိုင္ဖို႔က အေရးႀကီးဆုံးျဖစ္ၿပီး တကယ္လို႔ အဂၤလန္အသင္းမွာ ဘယ္သူ႔အစားပဲျဖစ္ျဖစ္ ေ႐ြးခ်ယ္ခံရမယ္ဆိုရင္ အရမ္းေပ်ာ္႐ႊင္မိမွာပါ”လို႔ ဝက္ဖို႔ဒ္နဲ႔ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကစားသမားရပ္ရွ္ဖို႔ဒ္ဟာ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈမရွိတဲ့အတြက္ ကလပ္အသင္းမွာပဲ ဆက္လက္ေနထိုင္ရမွာျဖစ္ၿပီး ေဆာက္သမ္တန္ကြင္းလယ္လူဝက္ဒ္ပေရာကစ္ကေတာ့ အဖ်ားေဝဒနာခံစားေနရတာေၾကာင့္ အဂၤလန္အသင္းအတြက္ပါဝင္ကစားႏိုင္မွာမဟုတ္ပါဘူး။

ေမဆင္ေမာင့္ကေတာ့ မၾကာေသးခင္က သူ႔ရဲ႕’သြား’ကို ခြဲစိတ္ကုသမႈခံယူခဲ့ရတဲ့အတြက္ လာမယ့္ရက္ေတြအတြင္း သူ႔အေျခအေနကို ေစာင့္ၾကည့္သြားမွာျဖစ္ၿပီး လုခ္ေရွာကလည္း မန္ခ်က္စတာဒါဘီပြဲမွာ ဦးေခါင္းဒဏ္ရာရရွိခဲ့လို႔ အဂၤလန္အသင္းမွာပါဝင္ကစားဖို႔မေသခ်ာေသးတဲ့အေနအထားပါပဲ။ အဂၤလန္အသင္းဟာ ႏိုဝင္ဘာ(၁၂၊ ၁၅)ရက္ေတြမွာ အယ္လ္ေဘးနီးယား၊ ဆန္မာရီႏိုတို႔နဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ရင္ဆိုင္ရမွာျဖစ္ၿပီး (၁)ပြဲႏိုင္ရင္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္မွာပဲျဖစ္ပါတယ္။