
Photo Credit
Photo Credit
လက်ရှိအချိန်မှာဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းနည်းပြ အမ်မရီရဲ့နေရာမှာ မော်ရင်ညို အစားဝင်ရောက်ဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်နေချိန်မှာ အခုလည်း အဲဒီပေါ်တူဂီလူမျိုးနည်းပြဟာ အာဆင်နယ်အသင်းအကြီးအကဲ ရာအူးလ်ဆန်လီဟီနဲ့အတူ တွေ့ဆုံကာ ရင်းရင်းနှီးနှီးညစာစားခဲ့တယ်လု့ိ သိရပါတယ်။

Photo Credit ; Getty Images
အသက် ၅၆ နှစ်အရွယ်ရှိ မော်ရင်ညိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးချိန်ကတည်းက ကလပ်လက်မဲ့ဖြစ်နေပြီး လက်ရှိပရီးမီးယားလိဂ်ရာသီအတွက် Sky Sports ရဲ့ ဘောလုံးရေးရာကျွမ်းကျင်သူအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။
Photo Credit
ဒါပေမဲ့ ဘွန်ဒက်စ်လီဂါအင်အားကြီးကလပ်တွေဖြစ်တဲ့ ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်တို့နဲ့လည်း သတင်းတွေထွက်ပေါ်နေတဲ့ မော်ရင်ညိုဟာ နည်းပြလောကထဲ အမြန်ဆုံးပြန်လည်ဝင်ရောက်လိုနေပြီး ဖိအားဝင်နေတဲ့စပိန်နိုင်ငံသား အမ်မရီရဲ့နေရာမှာ အစားဝင်ဖို့ အတော်လေးရေပန်းစားနေပါတယ်။
Photo Credit
Times သတင်းစာရဲ့ဖော်ပြချက်အရ ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း မော်ရင်ညိုဟာ အသက် ၅၃နှစ်အရွယ်ရှိ ဆန်လီဟီနဲ့ ညစာအတူစားသုံးခဲ့ပြီး အာဆင်နယ်အသင်းရဲ့လူစာရင်းနဲ့ပတ်သက်လို့ သူ့ရဲ့ Plan တွေကိုလည်း အာဆင်နယ်အသင်းရဲ့ head of football ဆန်လီဟီက သဘောကျခဲ့ကြောင်း သိရပါတယ်။
Photo Credit
အာဆင်နယ်အသင်းဟာ ဒီရာသီမှာလည်း တည်ငြိမ်တဲ့ခြေစွမ်းမပြနိုင်သေးဘဲ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း တိုက်စစ်မှူး အူဘာမီယန်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ ဧည့်သည်ဝုဗ်အသင်းကို ၁-၁ ဂိုးသရေသာကစားနိုင်ခဲ့ပါတယ်။
Photo Credit ;AP
ယနေ့မှာ အသက် ၄၈နှစ်ပြည့်သွားပြီဖြစ်တဲ့ အမ်မရီဟာ ၂၀၁၈ နွေရာသီမှာ ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးရဲ့နေရာမှာ အာဆင်နယ်အသင်းနည်းပြအဖြစ် ကိုင်တွယ်ခွင့်ရရှိခဲ့ပေမယ့် ယခုအချိန်အောင်မြင်မှုမရသေးဘဲ ယမန်နှစ်ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပြည်တွင်းပြိုင်ဘက်ချဲလ်ဆီးကို ဂိုးပြတ်အရေးနိမ့်ခဲ့ရလို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။
Photo Credit
Zawgyi
အာဆင္နယ္အသင္းအႀကီးအကဲနဲ႔ေတြ႕ဆုံခဲ့ၿပီးေနာက္ ေမာ္ရင္ညိဳရဲ႕Plan အေပၚ သေဘာက်ေနဟုဆို
လက္ရိွအခ်ိန္မွာဖိအားေတြနဲ႔ရင္ဆိုင္ေနရတဲ့ အာဆင္နယ္အသင္းနည္းျပ အမ္မရီရဲ႕ေနရာမွာ ေမာ္ရင္ညိဳ အစား၀င္ေရာက္ဖြယ္ရိွတယ္ဆိုတဲ့သတင္းေတြ က်ယ္ျပန္႔စြာထြက္ေပၚေနခ်ိန္မွာ အခုလည္း အဲဒီေပၚတူဂီလူမ်ိဳးနည္းျပဟာ အာဆင္နယ္အသင္းအႀကီးအကဲ ရာအူးလ္ဆန္လီဟီနဲ႔အတူ ေတြ႕ဆုံကာ ရင္းရင္းႏွီးႏွီးညစာစားခ့ဲတယ္လု႔ိ သိရပါတယ္။
အသက္ ၅၆ ႏွစ္အရြယ္ရွိ ေမာ္ရင္ညိဳဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလက ယူႏုိက္တက္နည္းျပရာထူးကေန ထုတ္ပယ္ခံရၿပီးခ်ိန္ကတည္းက ကလပ္လက္မဲ့ျဖစ္ေနၿပီး လက္ရွိပရီးမီးယားလိဂ္ရာသီအတြက္ Sky Sports ရဲ႕ ေဘာလုံးေရးရာကၽြမ္းက်င္သူအျဖစ္ ေဆာင္ရြက္လ်က္ရွိပါတယ္။
ဒါေပမဲ့ ဘြန္ဒက္စ္လီဂါအင္အားႀကီးကလပ္ေတြျဖစ္တဲ့ ေဒါ့မြန္၊ ဘုိင္ယန္ျမဴးနစ္တုိ႔နဲ႔လည္း သတင္းေတြထြက္ေပၚေနတဲ့ ေမာ္ရင္ညိဳဟာ နည္းျပေလာကထဲ အျမန္ဆုံးျပန္လည္၀င္ေရာက္လုိေနၿပီး ဖိအား၀င္ေနတဲ့စပိန္ႏိုင္ငံသား အမ္မရီရဲ႕ေနရာမွာ အစား၀င္ဖို႔ အေတာ္ေလးေရပန္းစားေနပါတယ္။
Times သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ေပၚတုိ၊ ခ်ဲလ္ဆီး၊ အင္တာမီလန္နဲ႔ ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ေမာ္ရင္ညိဳဟာ အသက္ ၅၃ႏွစ္အရြယ္ရွိ ဆန္လီဟီနဲ႔ ညစာအတူစားသုံးခဲ့ၿပီး အာဆင္နယ္အသင္းရဲ႕လူစာရင္းနဲ႔ပတ္သက္လုိ႔ သူ႕ရဲ႕ Plan ေတြကိုလည္း အာဆင္နယ္အသင္းရဲ႕ head of football ဆန္လီဟီက သေဘာက်ခဲ့ေၾကာင္း သိရပါတယ္။
အာဆင္နယ္အသင္းဟာ ဒီရာသီမွာလည္း တည္ၿငိမ္တဲ့ေျခစြမ္းမျပႏိုင္ေသးဘဲ ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာလည္း တုိက္စစ္မွဴး အူဘာမီယန္းက ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ေပမယ့္ ပြဲအၿပီးမွာေတာ့ ဧည့္သည္၀ုဗ္အသင္းကို ၁-၁ ဂိုးသေရသာကစားႏိုင္ခဲ့ပါတယ္။
ယေန႔မွာ အသက္ ၄၈ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ အမ္မရီဟာ ၂၀၁၈ ေႏြရာသီမွာ ဂႏၳ၀င္နည္းျပႀကီး အာစင္၀င္းဂါးရဲ႕ေနရာမွာ အာဆင္နယ္အသင္းနည္းျပအျဖစ္ ကိုင္တြယ္ခြင့္ရရွိခဲ့ေပမယ့္ ယခုအခ်ိန္ေအာင္ျမင္မႈမရေသးဘဲ ယမန္ႏွစ္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ ျပည္တြင္းၿပိဳင္ဘက္ခ်ဲလ္ဆီးကို ဂိုးျပတ္အေရးနိ္မ့္ခဲ့ရလုိ႔ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။