အာဆင်နယ်အသင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းတစ်သင်းဖြစ်တယ်ဆိုပြီး လေကြွားတဲ့ အာတီတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်နေသေးတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီဖြစ်ကြောင်း၊အာဆင်နယ်အသင်းအနေနဲ့ ကောင်းမွန်တဲ့သမိုင်းကြောင်းနဲ့ မြင့်မားတဲ့ တန်ဖိုးသတ်မှတ်မှုတွေကြောင့် အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံရတာဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက လေကြွား ပြီး ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၁၇ခုနှစ် နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဝေးကွာနေရပေမယ့် ယူနိုက်တက်၊ လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူး၊ တော့တင်ဟမ်တို့နဲ့အတူ ဥရောပစူပါလိဂ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ လက်ရှိမှာ စူပါလိဂ်ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်ခံထားရတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ စူပါလိဂ် ပြိုင်ပွဲက နုတ်ထွက်ကြောင်း အသိပေးထားပြီး ပရိသတ်အများစု ဆန့်ကျင်နေတဲ့ ပြိုင်ပွဲကို ဝင်မပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက “ကျွန်တော်တို့ရဲ့ သမိုင်းကို ငြင်းလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့အသင်းဟာ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတစ်သင်းဖြစ်ပြီး ဒီအသင်းကို ကိုယ်စားပြုခွင့်ရလို့လည်း ဂုဏ်ယူမိပါတယ်။စူပါလိဂ်ရဲ့ ဖိတ်ကြားမှုကို ခံထိုက်တဲ့ အသင်းဖြစ်နေပါတယ်။”

“အဲဒါတွေအားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး အသင်းကို ထောက်ခံအားပေးတဲ့ ပမာဏကို မြင်နိုင်မှာပဲဖြစ်ပါတယ်။ အဲဒီလိုအဖိတ်ခံရတာက တိုက်ဆိုင်သွားတာလည်း မဟုတ်ပါဘူး”လို့ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ စူပါလိဂ်ကနေ နုတ်ထွက်ခဲ့ပြီးနောက် ပရိသတ်တွေကို တောင်းပန်စာထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ အသင်းပိုင်ရှင် ခရိုယန်ကီနဲ့ သူ့ကုမ္ပဏီကို အသင်းကနေ နုတ်ထွက်ဖို့ ဖိအားပေးတောင်းဆိုနေပါတယ်။ ဘောလုံးကမ္ဘာမှာတော့ ခြေလှမ်းမှားလို့ ပေးဆပ်နေကြရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္အသင္းဟာ ကမာၻေပၚမွာ အေကာင္းဆုံးအသင္းတစ္သင္းျဖစ္တယ္ဆိုၿပီး ေလၾကြားတဲ့ အာတီတာ

အာဆင္နယ္အသင္းဟာ ကမာၻ႔အေကာင္းဆုံး အသင္းေတြထဲက တစ္သင္းျဖစ္ေနေသးတယ္ဆိုတာ သက္ေသျပႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း၊အာဆင္နယ္အသင္းအေနနဲ႔ ေကာင္းမြန္တဲ့သမိုင္းေၾကာင္းနဲ႔ ျမင့္မားတဲ့ တန္ဖိုးသတ္မွတ္မႈေတြေၾကာင့္ အျငင္းပြားဖြယ္ျဖစ္ေနတဲ့ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ဖို႔ ဖိတ္ေခၚခံရတာျဖစ္ေၾကာင္း အာဆင္နယ္နည္းျပ အာတီတာက ေလၾကြား ၿပီး ေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ ၂၀၁၇ခုႏွစ္ ေနာက္ပိုင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ ေဝးကြာေနရေပမယ့္ ယူႏိုက္တက္၊ လီဗာပူး၊ မန္စီးတီး၊ ခ်ဲလ္ဆီး၊ လီဗာပူး၊ ေတာ့တင္ဟမ္တို႔နဲ႔အတူ ဥေရာပစူပါလိဂ္မွာ ပါဝင္ဖို႔ ဖိတ္ေခၚခံခဲ့ရပါတယ္။

ဒါေပမဲ့ လက္ရွိမွာ စူပါလိဂ္ၿပိဳင္ပြဲဝင္ဖို႔ ဖိတ္ေခၚခံထားရတဲ့ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြဟာ စူပါလိဂ္ ၿပိဳင္ပြဲက ႏုတ္ထြက္ေၾကာင္း အသိေပးထားၿပီး ပရိသတ္အမ်ားစု ဆန႔္က်င္ေနတဲ့ ၿပိဳင္ပြဲကို ဝင္မၿပိဳင္ဖို႔ ဆုံးျဖတ္ထားပါတယ္။

အာဆင္နယ္ နည္းျပ အာတီတာက “ကြၽန္ေတာ္တို႔ရဲ႕ သမိုင္းကို ျငင္းလို႔ မရႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔အသင္းဟာ ကမာၻ႔အေကာင္းဆုံးကလပ္အသင္းတစ္သင္းျဖစ္ၿပီး ဒီအသင္းကို ကိုယ္စားျပဳခြင့္ရလို႔လည္း ဂုဏ္ယူမိပါတယ္။စူပါလိဂ္ရဲ႕ ဖိတ္ၾကားမႈကို ခံထိုက္တဲ့ အသင္းျဖစ္ေနပါတယ္။”

“အဲဒါေတြအားလုံးက တစ္ခုနဲ႔တစ္ခု ဆက္စပ္ေနၿပီး အသင္းကို ေထာက္ခံအားေပးတဲ့ ပမာဏကို ျမင္ႏိုင္မွာပဲျဖစ္ပါတယ္။ အဲဒီလိုအဖိတ္ခံရတာက တိုက္ဆိုင္သြားတာလည္း မဟုတ္ပါဘူး”လို႔ ေျပာပါတယ္။

အာဆင္နယ္အသင္းဟာ စူပါလိဂ္ကေန ႏုတ္ထြက္ခဲ့ၿပီးေနာက္ ပရိသတ္ေတြကို ေတာင္းပန္စာထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြကေတာ့ အသင္းပိုင္ရွင္ ခ႐ိုယန္ကီနဲ႔ သူ႔ကုမၸဏီကို အသင္းကေန ႏုတ္ထြက္ဖို႔ ဖိအားေပးေတာင္းဆိုေနပါတယ္။ ေဘာလုံးကမၻာမွာေတာ့ ေျခလွမ္းမွားလို႔ ေပးဆပ္ေနၾကရပါတယ္။